Updated Freedom News Group သည် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်  ၏ အင်းစိန်ထောင် သို့  ပြောင်းရွှေ့ 
ခံရခြင်း နှင့် ပတ် သက်၍ ဗီဒီယို ဖိုင်များ နှင့် ဆက်စပ် သတင်းများ ကို ထုတ် လွှင့် ခဲ့ ပါသည်။
သို့ ပါသော်လည်း Freedom News Group ၏ Founder တစ်ဦး ဖြစ်သူ ငြိမ်းချမ်းငြိမ်း က ထိုဗီဒီယို ဖိုင်တွင်
သံသယဖြစ်ဖွယ်ရာ အချက် အလက်များ ပါဝင်နေ၍ အဆိုပါ ဗီဒီယို ဖိုင် ကို University of Colorado
(Film Department)ဉ် ထို ဗီဒီယို ဖိုင်ဉ် ပါဝင်သည့် Cut များElement များ ကို တစ်စက္ကန့် ၏ အပုံ
တစ်ရာ ပုံ တစ်ပုံ ထိ လိုက်လံ စစ်ဆေးနေပါသည်။စစ်ဆေးတွေ့ ရှိချက်များမှာ အောက်ပါအတိုင်းဖြစ်
ပါသည်။ဗိုလ်ချုပ် ခင်ညွန့် ကို အမှန် တကယ် ပြောင်း ရွှေ လိုက် ခြင်းဖြစ်ပါသည်
၎င်း တို့ အိမ်မှ အထွက် နောက်ထပ် အမည်မသိ နေရာတစ် ခု သို့ ပြောင်းရွှေ့ လိုက်သည့်
အခါ ပ၀ါကမ်း သည့် အမျိုး သမီး ငယ်များ ကို တွေ့ ရမည် ဖြစ်ပြီး ထို့ နောက် တွင် အကစ
ဝန်ထမ်း တစ်ဦးက ဗိုလ်ချုပ် ခင်ညွန့် ၏ ကျောကို တွန်းပြီး ထိုင်ရမည့် နေရာ ကို ပြခြင်း
သည် မည်သည့် လေးစား မှု မှ မရှိသည် ကို ဆိုလိုသည်။
ဗိုလ်ချုပ် ခင်ညွှန့် ၏ အိမ် သို့ ဗိုလ်ချုပ် ခင်ရီ အလာ တွင် ပထမ ဦးစွာ စစ်သားများ က Barricade
ကိုဖယ်ပြီး လုံခြုံရေး အသင့် ပြန်ယူထားသည် ကို တွေ့ ရမည် ဖြစ်သည်။ထို့ နောက်
၎င်း ၏ အိမ်တံ ခါး အား ခေါက်နေစဉ် ဖွင့်လှစ် ပေးရန် စောင့်ဆိုင်း ချိန်တွင် အကယ်၍
ပြန်လည် ဖွင့်လှစ်ခြင်း မပြုလျှင် ၎င်းတို့ အနေဖြင့် အခြား တစ်နည်း သုံးရန် စီစဉ် နေခြင်း
လူအမြောက် အမြား လာရောက် ခြင်း တို့ ကို ထောက်ရှု ၍ လာရောက် ဖမ်းဆီးခြင်း
ဖြစ် နိုင်ပါသည်။
ဗိုလ်ချုပ် ခင်ညွှန့် က တံခါး လာဖွင့်စဉ် ရဲချုပ် ခင်ရီ က အလေး ပြုသည် မှာ ဖြစ်ရိုးဖြစ်စဉ်
ထုံးစံ တစ်ခု သာဖြစ်ပါသည်။ စစ်တပ် အရာရှိ များ အငြိမ်းစား ယူသွား သော် လည်း အသက်
အရွယ် နှင့် ဂုဏ်ဒြပ် အရ အခြား အရာ ရှိ များ က သူ့ ထက် ရာထူး အဆင့် ငယ်လျှင် သော်
၎င်း ကြီးလျှင် သော် ၎င်း အလေးပြု လေ့ရှိပါသည်။(ထို အခြင်း အရာ ကို စစ်တပ် ၏ တပ်တွင်း
အတွေ့ အကြုံ ရှိသော သူ ဆို လျှင် သိမည် ဖြစ်ပါသည်) အချုပ် ဆို ရသော် အလေး ပြု ခြင်း
ကြောင့် လာရောက် ဖမ်းဆီး ခြင်း မဟုတ် ဟု ယူဆ ၍ မရပါ။
အာဏာပိုင် အဖွဲ့ အစည်း တို့ ၏ သဘောသဘာဝါ မှ (မည်သည့် နိုင်ငံတွင် ဖြစ်ပစေ) ၎င်း
တို့ ဖမ်းဆီး (သို့ မဟုတ်) ထိန်းချုပ် ထား သော သူ အား အခြား သူ တစ်ယောက် နှင့် တွေ့ 
ပေးစေခြင် သည့် ဆန္ဒရှိ လျှင် အကျီ အ၀တ် အစား နှင့် အခြား လိုအပ် သည် များ ကို အသင့်
လုပ် ထား ရန် ကြိုတင် ပြင် ဆင် ခိုင်ထား ပြီး သတ်မှတ် ချိန် ရောက် လျှင် တာဝန် ရှိ ပုဂ္ဂိုလ်
တစ်ဦး ကတည်း (ရံဖန် ရံခါ တွင် ကား ကို လာခေါ်သူ ကိုယ်တိုင်း မောင်းပြီး) ခေါ်ထုတ်သွား
တတ် ပါသည်။ (ဆက်လက် ဖော်ပြပါမည်)
(ဗိုလ်ချုပ် ခင်ညွန့် ၏ Mood အရ) ဒေါ်ခင်ဝင်းရွှေ ၏ Mood ကို ဖမ်း ၍ မရပါ ။
မြန်မာ အမျိုးသမီး များသည် ၀မ်းသာလျှင် လည်း ငို ၀မ်းနည်းလ
ျှင် လည်း ငိုတတ် ပါသည်။
နောက် ဆုံး Conclusion မှာ ထိုအဖြစ် အပျက် ကို သင်ခန်းစာ ယူနိုင်
ရန် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ က တင်ကြို စိတ်ကူးကာ ကြံစည် ခြင်း ဖြစ် နိုင်ပါသည်။
(ဖိနပ်စင်၊ တီဗွီ၊ လှေကား ကွေ့  ၊ပန်းချီကား ) အိမ်ကြီး၊ အိမ်ကောင်း များ ၏ ထုံးစံ အရ လင်မယား နှစ်
ယောက် တူညီ ထိုင်ခုံ နှင့် ဧည့်ခံစားပွဲ
(ဗိုလ်ချုပ် ခင်ညွန့် ၏ အိမ်မှ ဘုရား စင်မှ ယခု ဗီဒီယို မှ ဘုရားစင် ထက်ကြီး မည် ဖြစ် နိုင်ပါသည်။
နေရာ သစ် မှ ဘုရားစင် (သို့ မဟုတ်) ကို (ဘုန်းတန်း ခိုး မကြီး ပါဘဲ ) မည် သူမှ ကန်တော့ ဦးချ မလုပ်ပါ။
တစ်ည အိပ် (သို့ ) ရက် အတန် ကြမှ သာ လုပ်ပါသည်။ စုစု ပေါင်း Cut ၁၆ ခုပါရှိ ပါသည် ။
Footage Clip များ ကို တစ်ခန်းချင်း စီ အလိုက် မကြာခင်ရှင်းပြပါမည်။
ရာထူးမှ ဖယ်ရှား ခံရ သည့် ၀န်ကြီးချုပ် ဟောင်း ကို နမူနာထားရန် နောင် စစ်ဗိုလ်ချုပ်များ ကို
သတိပေး သည့် အနေဖြင့် ဖရိုပါ ဂန်ဒါ လုပ်ခြင်း ဖြစ် နိုင်သည် ဟု ယူဆရ ပါသည်။ Video အား
လွန် ခဲ့ သည် တစ်လ အတွင်း ရိုက်ကူးထား သည်။
Updated ဗီဒီယို တွင် လှုပ်ရှားသက်ဝင်(Active) မြင်ရသမျှ အရာအား လုံးမှာ ၎င်း ၏ နေအိမ်
နေရာ အားလုံး ဟုယူဆရပြီး လှုပ်ရှား သက်ဝင်မှု မရှိ (De-active) အား လုံးမှာ အခြားနေရာတစ်ခု
ဟု ယူဆရသည်။ပြတင်းပေါက် မှန် များတွင် သံပန်း နှစ်ထပ် ကာရံထားခြင်း ကို ထောက် ရှု ၍ အင်းစိန်
အကျဉ်းထောင် တွင်းသီးသန့် နေရာ(သို့ မဟုတ် ) အခြား နေရာ တစ်ခု သို့ သွားရန် ခရီး တစ်ထောက်
နားခြင်း ဖြစ်သည်။
ကနဦး စစ်ဆေးချက်အရ နေ့ ရက် နှင့် နေရာ မတူ သော ဖိုင်လေး ခု ကို ဆက်စပ်
ထားခြင်းဖြစ်သည် Costume ၀တ်ဆင်မှု တွင် တူညီသည်။
Panasonic AG HVX 200 နှင့် ရိုက်ကူးထားသည် ဟု ယူဆရပြီး ဗိုလ်ချုပ် ခင်ညွန့် နှင့် Casting
အားလုံးက ရိုက်ကူးသူ Lens ကို လုံးဝ (လုံးဝ) မကြည့် ဖြစ်သည် မှာ စိတ်ဝင်စားဖွယ်ကောင်းနေသည်။
ဗိုလ်ချုပ် ခင်ညွှန့်  ၏ Road Map ကို ဖျက်သိမ်း ရွေးကောက်ပွဲ တရား မ၀င်တော့
ထပ်မံ သိရှိရသည် များ ကို အချိန် နှင့် အမျှ ဖော်ပြပေး ပါမည်
မကြာခင်ဗိုလ်ချုပ် ခင်ညွှန့် သရုပ်ဆောင် ခြင်း ရှိမရှိ နှင့်
LIVE(In the mood of shoot)ဟုတ် မဟုတ် ကို အကြောင်းပြန်ပေးပါမည်။
အယ်ဒီတာ မှတ်ချက်
မြန်မာ စစ်တပ် သည် ၎င်းတို့ ကို Sympathize ဖြစ်မဖြစ် ကို စနည်း နာတတ်( Quizzes ) လုပ်တတ်ပြီး
ဗိုလ်ချုပ် ခင်ညွှန့် သည် မြန်မာ့ တပ်မတော် သမိုင်း တစ်လျှောက် သရုပ်ဆောင် ကောင်းသူ တစ်ဦး
ဖြစ်ပါသည်။
တစ်ချိန်က ဗိုလ်ချုပ် ခင်ညွန့် သည် Once Communist , Always Communist ဟု ပြောခဲ့ဖူးပြီး
ကိုငြိမ်းချမ်းငြိမ်းမှ လည်း Once Spy, Always Spy ဟု သံသယ ရှိပါသည်။

ဗိုလ်ချုပ် ခင်ညွန့် အလုပ်လုပ်ပုံကို ဟိုးအရင် ကနေ အခုထိ စိတ်ဝင်စားနေတုန်းပါ … အခန့်မသင့်ရင် သမိုင်းတခေတ် ပြောင်းချင် ပြောင်းနိုင်မယ့်လူတယောက် ဖြစ်နေနိုင်တာပဲ …
ခင်ရီကခင်ညွန့် ကိုမလေးစားလို့ ရမလား ကိုလးလေးရ သူ့ခေတ်တုန်းကခင်ရီကငချွတ်လေးဘဲရှိသေးတာကို
ခင်ရီရော ကျော်ဆန်းရောသေသင့်တာကြာပေါ့ နာမည်ကျော်လူလိမ်ကြီးတွေ
ခန့် မှန်းရတော့ အခက်သား
စဉ်းစားမိတာ တစ်ခုကတော့ ရဲချုပ်ခင်ရီ ကို သူ့  လူတစ်ယောက်က ဒုက်ခ ပေးချင်လို့  အင်တာနက်ပေါ တင်ပေးလိုက်တာကော မဖြစ်နိုင်ဘူးလား။ ကြည့်ရတာ နေရာပြောင်းတာတော့ အမှန်ပဲ။ ခင်ရီက ခင်ညျန့်  ကို လိုတာထက် ပိုပြီး လေးလေးစားစား ဆက်ဆံပုံ၊ အချိန် အကြာကြီးစကား ပြောနေပုံတွေကို သူ့ ကိုကြည့်မရတဲ့ ဒါမှမဟုတ် သူ့ ရန်သူ ဗိုလ်ချုပ် တစ်ယောက်ရဲ့  ခိုင်းစေချက်အရ ပါသွားတဲ့ တစ်ယောက်က လုပ်လိုက်ပုံရတယ်။ အသံ မထည့်တာက ရဲချုပ်ခင်ရီ ကို အထက်လူကြီးတွေ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ချင်ပုံ ရပါတယ်။ ပြည်သူတွေ အတွက်တော့ အပျင်းပြေရုံ လောက်ကလွဲပြီး ထူးခြားစွာပြောင်းလဲမည် မဟုတ်ပါ။
Something about it,showing not clear for our future…..negative sign<<<<<<<<<<
record တွင် date မပါခြင်း၊
editing လုပ်ထားခြင်း။
social side ပေါ်လျှင်မြန်စွာရောက်နေခြင်းတွေက မသင်ကာစရာရှိပါတယ်
ကျွန်နော်မြင်မိမျှပေါ့လေ
“”economic sanctions တရားခံတော့ပေါ်ပြီး”ကုမ္ပဏီတွေ သိမ်းတာစစ်အုပ်စု၊ ဓမြတိုက်တာစစ်အုပ်စု၊ မြန်မာပြည်မှာ ဘယ်ကုမ္ပဏီမှ ဘာအာမခံချက် မရှိဘူး အချိန်မရွေး သိမ်းပိုက်မယ် နှောက်ရှက်မယ်
ဦးခင်ညွန့် လည်း မကောင်းတာတွေ မာန်တက်ပြီး လုပ်ခဲ့ဖူးပေမဲ့ အခုလို လွယ်အိတ်ကလေးနဲ့ မြင်ရ၊ သူ့ မိန်းမ ပညာတတ်လည်း မျက်ရည်နဲ့ မျက်ခွက် မြင်ရတော့ စိတ်မကောင်းပါဘူး။ ဒေါ်ခင်ဝင်းရွှေ က ဗွီဒီယိုထဲမှာ ဘယ်ဘက် လက်မ ကိုလည်း ပတ်တီးစည်းထားသေးတယ်နော်။ ဒါတွေကို မြင်ရတော့ သံဝေဂ အင်မတန်ကို ရမိပါတယ်။ ဦးခင်ညွန့် ရဲ့ တောက်ပခဲ့တဲ့ သူ့ ခေတ်ကို ကိုယ်က သေချာမှီခဲ့တယ်လေ။ ဘယ်သူက ထင်ခဲ့မှာလည်း ဒီလိုမျိုးဘ၀နဲ့ ဇတ်သိမ်း လိုက်ရမယ်လို့ ပေါ့။ အခု အာဏာရှင်ကြီးတွေနဲ့ အာဏာရှင်လက်သစ် တွေ သင်ခန်းစာယူကြပါ။ တိုင်းပြည်ကောင်းအောင် မလုပ်ခဲ့ဘဲ ပြည်သူကို နှိပ်စက်ညှင်းပန်းခဲ့တဲ့ သူတွေ ကိုဘယ်သူမှ တမ်းတနေမှာ မဟုတ်တာတော့ အမှန်ပါ။ သမိုင်းကြောင်းလည်း ကောင်းမှာမဟုတ်ပါ။ ငရဲဆိုတာ နောက်ဘ၀မရောက်ခင် ဒီဘ၀မှာတင် ခံရတတ်ပါတယ်။ ဒါတောင် ဦးနေ၀င်းရဲ့ နောက်ဆုံးနေ့ များ ဗွီဒီယို မထွက်ခဲ့လို့ ၊ ဦးနေ၀င်းက ဦးခင်ညွန့် ထက် ဇတ်သိမ်းမှာ ပိုဆိုးတယ်။
It is not lcd tv. rear projection or DLP because tv base is bigger, lcd has small stand not from sony
The major concern is why Junta took this video clip if it is positive future to Khin Nyunt…He is not like Daw Suu whom all people admire…
If then, Why they took his every activity?
Did they have intention to show in public or specific personal?
My opinion is Junta intend to the specific group, former MI, who can disturb their future plot.It is alarm to them keep away out after their second attempt like Depaeyin.
did you speak speech myanmar broadcasting last time? u kyi mg you are a solider , i also a solider?
thanks to FNG..be careful in getting news…praying to be safe and do more for our country…
ကျနော် နားလည်သလောက် တင်ပြပါမယ် ဗိုလ်ခင်ညွန့်ရဲ့ ပုံက အေးအေးဆေးဆေး တစ်ယောက်ပုံစံပါ နောက်တခုက ဗိုလ်ခင်ညွန့်က နအဖစစ်အုပ်ထဲမှာ ပညာတက်တစ်ယောက်ပြီး မြန်မာနိုင်ငံတခုလုံးကို တချိန်က စစ်ထောက်လှမ်းရေးနည်နဲ့ ထိန်ချူပ်ခဲ့သူပါ နောက်တခုက ဗိုလ်ခင်ညွန့်က တံခါဖွင့်ပေးတော့ ရဲချူပ်ခင်ရီက ဗိုလ်ခင်ညွန့်ကို သတိဆွဲပြီး အလေးပြုပါတယ် ဗိုလ်ခင်ညွန့်မှာ အာဏာစက်ရှိနေသေပါတယ် ဘာကြေင့်လည်ဆိုတော့ ထောက်လှမ်းရေး နည်ပညာပာာ ကျယ်ပြန့်ပါတယ် ယူနီဖောင်းမ၀တ်လဲ ဒါပေမယ့် ထောက်လှမ်းရေးပါပဲ အမေရိကန်နိုင်ငံမျိုးမှာတောင် ဒုတိယ ကမ္ဘာစစ်က ရုရှားသူလျှို့တွေ အမေရိကန်နိုင်ငမှာတောင် အိုမင်းနေတာတောင်မှ အမေရိကန်မှာ သူလျှို့လုပ်နေတုန်းပါ ဗိုလ်ခင်ညွန့်နဲ့ ဗိုလ်သန်းရွှေတို့ပာာ နိုင်ငံရေးကစားကွက်ဖြစ်လိမ့်မယ် ထောက်လှမ်းရေးနည်ပညာတက်မြှောက်အောင် ဘယ်လိုအသုံးကျရမှာဆိုတာ ရဲချူပ်ခင်ရီ ကြည့်ပါ ပုံမှန် သတိဆွဲလေးပြုနေတာ ဗိုလ်ခင်ညွန့်က ဂရုတောင်မစိုက်ဘူး ဗိုလ်ခ်ညွန့်ပာာ ထောက်လှမ်းရေးသမားတစ်ယောက်ပီသ ဆိုတာပြလိုက်တာ အရပ်ဝတ်လဲ ထောက်လှမ်းရေးပါ အရပ်မ၀တ်လဲ ထောက်လှမ်းရေးပါပဲ ဘာဖြစ်လည်ဆိုတော့ ထောက်လှမ်းရေးဆိုတာ လူမသိလေ ပိုပြီးသက်လုံကောင်လေပဲ
စိတ်ဝင်စားဖို့ ကောင်းတာက အဲဒီဗွီဒီယိုဖိုင်ကို ဘယ်သူက ဘာအတွက် ရိုက်သလဲ ဆိုတာပါ…နောက်ပြီး အပြင်ကို ဘယ်လိုရောက်လာသလဲ… သူတို့တွေ မမြင်စေချင်တာ တစ်ခုကို အဲလောက်တော့ safe side ယူတာ မညံ့ဖျင်း နိုင်ကောင်းပါဘူး….ဒါဆိုရင် တမင်များလား….??????? စဉ်းစားစရာပါ…..
ဒေါ်ခင်ဝင်းရွှေ ဖြစ်ပါသည်..နာမည်မှားနေပါသဖြင့်..
ကျွန်တော်သိချင်တာ တစ်ခုရှိပါတယ်။သူတို့တွေဘာတွေပြောနေကြပါသလဲ။
ဖြစ်နိုင်ရင် lip reading ကို တက်ကျွမ်းသည့်ပညာရှင်တစ်ယောက်လောက်ကိုကြည့်ခိုင်းပြီးသူတို့ပြောစကားများကို
ဖော်ထုတ်စေချင်ပါသည်။ကျေးဇူးတင်ပါသည်
ဘယ်လိုလုပ်ထားတယ်ဆိုတာကို ပြန်ပြီးတင်ပေးစေချင်ပါတယ်နော်။
ကျေးဇူးတင်ပါတယ်
ပထမဆုံး ကြည့်ရမှာက ရဲချုပ်တို.က တံခါးပေါက်ကို ထွက်လာမလာချောင်းကြည့်ပါတယ်။ ပြီးတော့ အလေးပြုပါတယ်။ ဦးခင်ညွှန်.က ပြန်မပြုပါဘူး။ ကြောက်စိတ်လုံးဝမရှိတာမြင်မှာပါ။ အားလုံးက ရိုရိုကြိုးကြိုးပါ။ နောက်တစ်ခုက ပြောင်းတဲ့အိမ်ရောက်တော့ အားလုံးက ၀မ်းသာစွာကြိုပါတယ်။ လက်ဆောင် တာဝါလေးလေးစားစားပေးတာတွေ.မှာပါ။ တစ်ခုခုတော့ထူးလောက်ပါမယ်။
Ur FNG is like a ( Myanmar CNN ) , thanks so much for presentation to the news update n take care to find the news,
FNG ဝိုင်းတော်သားများကို အားပေးလျက်ပါ….။ ထို့အတူ ပြန်ကြားမယ့် မှတ်ချက်တွေကိုလည်း စောင့်မျှော်နေပါတယ်။ ကိုငြိမ်းချမ်းငြိမ်း ရဲ့ Once Spy, Always Spy ဆိုတဲ့ စကားကိုလည်း သဘောကျမိကြောင်း ထပ်လောင်းပြောပါရစေ။