Yangon Airways အား ဦးပိုင် နှင့် ဦးတေဇ စီမံခန့် ခွဲမှု ဖြင့် ဒီဇင်ဘာလ အတွင်း ပြန်စမည်

မကြာခင်က စက်ပိုင်း ဆိုင်ရာ ပြုပြင်ရန် လိုအပ် ချက်များ ကြောင့် ခေတ္တရပ်နား မည် ဟု တရား
ဝင် အသိပေး ခဲ့သည့် Yangon Airways လေကြောင်း လိုင်း ၏ စီမံခန့် ခွဲမှု များ ကို စစ်တပ်ပိုင်
မြန်မာ့ စီးပွား ရေး ဦးပိုင် လိမိတက် နှင့် ဦးတေဇ ပိုင် Air Bagan တို့ က စီမံ ခန့် ခွဲပြီး ဒီဇင်ဘာလ
လည်တွက် ပြန်လည် ပြေးဆွဲ မည် ဟု Freedom News Group မှ သတင်းရရှိသည်။

အဆိုပါ လေကြောင်း လိုင်း ရှမ်းပြည်နယ် ရှိ ၀ လူမျိုး စီးပွားရေး လုပ်ငန်းရှင် များ က ပိုင်ဆိုင်ထား
ခြင်းဖြစ်သည်။ FNG က ထို လေကြောင်း လိုင်း အား ပိုင် ဆိုင်မှု ကို ၀ လူမျိုး ပေါက်ယူချန်း နှင့်
လော်စစ်ဟန် တို့ က ဆက်လက် ထိန်းချုပ်ထား ခြင်း ရှိမရှိ ကို ဆက်လက် စုံစမ်း နေဆဲ ဖြစ်ပါသည်။

FNG မှ ထပ်မံသိရှိ ရသည် မှာ စစ်အစိုးရ ၏ အဓိက စီးပွား ရေး လုပ်ငန်း ကြီး တစ်ခု မှာ နိုင်ငံတကာ
တွင် အာမခံ တိုက်ရိုက် တင် ရန် မလွယ် ကူ သဖြင့် Yangon Airways ၏ ပါတနာ စီးပွားရေး တစ်
ခု အနေဖြင့်အာ မခံ တင်ခဲ့သည် ဟု သတင်း ရရှိသည်။

စစ်ဗိုလ်ချုပ်ကြီး များ ၏ ပိုင်ဆိုင်မှု တစ်ဝက် ပါဝင်သည့် Air Cambodia လေကြောင်းလိုင်းမှာ လည်း
မြန်မာ နိုင်ငံ နှင့် ဒေသတွင်း ခရီး စဉ် အဖြစ် မကြာခင်ပြေးဆွဲ မည် ဖြစ်သည်။

3 thoughts on “Yangon Airways အား ဦးပိုင် နှင့် ဦးတေဇ စီမံခန့် ခွဲမှု ဖြင့် ဒီဇင်ဘာလ အတွင်း ပြန်စမည်

  1. ငါတို့ဖတ်ဖူးတဲ့စာအုပ်တအုပ်ရှိတယ်…ဗန်းမော်တင်အောင်ပြောခဲ့တာဟေ့..သူခိုးကြီးတော့ ဓါးမြ..တဲ့.ဓါးမြ
    ကြီးတော့ သူပုန်.တဲ့..သူပုန်ကြီးတော့ အစိုးရ.. တဲ့..သိပ်မှန်တယ်ကွာ…လက်ရှိတို့နိုင်ငံကစစ်အစိုးရက
    တော့စွယ်စုံဘဲဟေ့..သူခိုးကြီးကလဲသူပဲ…ဓါးမြကြီးကလဲသူပဲ…သူပုန်ကြီးကလဲသူပဲ…အစိုးရကလဲသူ
    ပဲ…စွယ်စုံဆိုတော့ တော်တယ်ဟေ့…ကမ္ဘာကျော်ကြီးပဲ..

  2. “”economic sanctions တရားခံတော့ပေါ်ပြီး”ကုမ္ပဏီတွေ သိမ်းတာစစ်အုပ်စု၊ ဓမြတိုက်တာစစ်အုပ်စု၊ မြန်မာပြည်မှာ ဘယ်ကုမ္ပဏီမှ ဘာအာမခံချက် မရှိဘူး အချိန်မရွေး သိမ်းပိုက်မယ် နှောက်ရှက်မယ်

  3. စစ်တပ်ဆိုတာ လက်နက်ရှိလို့ အမြဲတန်း ဓါးပြအလုပ်ဘဲစဉ်းစားတယ်။
    ကိုယ်ကိုယ်တိုင် စိုက်ပျိုး ပြုစုပျိုးထောင်ဘို့ မစဉ်းစားတတ်ဘူး။
    လောကမှာ ပါဝါအကြီးဆုံးဖြစ်တဲ့
    ငွေရယ်…….အာဏာရယ်…….လက်နက်ရယ်
    ကို တစ်ယောက်ထဲမှာ ပေးထားတာ ဗမာပြည် စစ်တပ်မှာဘဲရှိတယ်။

Comments are closed.