စစ်ထောက်လှမ်းရေး ရှိစဉ်က စိတ်ကူးမျိုးဖြင့် NLD ကို နအဖ သွေးတိုးစမ်း
ယနေ့ ထုတ် မြန်မာ့ အလင်း သတင်းစာဉ် ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် ၏ အထူး ကိုယ်စားလှယ်
အိန္ဒိယ နိုင်ငံသားဗီဂျေနမ်ဘီယား  ရန်ကုန်သို့ လာရောက် သော သတင်းစာပိုဒ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်
အား ဖျက်သိမ်းခံထားရသည် ဟု ၎င်း၊ ဒေါ်အောင်ဆန်းစုကြည် အား တစ်သီး ပုဂ္ဂလ တစ်ဦး အနေဖြင့် လည်းကောင်း
အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် အဖွဲ့ ဝင်ခေါင်းဆောင် များ နှင့် ခွဲခြား၍ ဖော်ပြထားသည် ကို တွေ့ ရှိရပါသည်။နအဖ သတင်းစာ ကို ထိုကဲ့ သို့ ရေးသားဖော်ပြ ချက်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ကို တရား
မ၀င်တော့ ဟု ရေးသားရန် မ၀ံ့ရဲသေးဘဲ အကဲစမ်းသည့်  အနေဖြင့် ကနဦး ရှေ့ တော်ပြေး
သွေးတိုးစမ်း ကာ ဖော်ပြခြင်း ဖြစ်သည် ဟု ရန်ကုန် မြို့ မှာ Second Generation Citizen Journalist
တစ်ဦး က Freedom News Group သို့ ပြောသည်။
နိုဝင်ဘာလ ၇ ရက်နေ့ က ရွေးကောက် ပွဲ တွင် ပါဝင် အရွေး ခံခဲ့သည့်  ဦးသုဝေ နှင့် ဒေါက်တာသန်းငြိမ်း
တို့ ၏ နာမည် နှင့် ရာထူးများ ကို ယှဉ်တွဲ ဖော်ပြထား သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်၏
အထွေထွေ အတွင်းရေးမှုး ရာထူး များ ကို ယှဉ်တွဲ ဖော်ပြထားခြင်း မရှိချေ။
မြန်မာ စစ်အစိုးရ သည် ဒေါ်အောင်ဆန်းစုကြည် ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် နှင့် ဒီမိုကရေစီ
အင်အားစု ကို နည်းမျိုးစုံ ဖြင့် ဖြိုခွဲရန် ကြံစည်သည့် အနေ နှင့် ယမန်နေ့ က ရာထူးမှ ဖယ်ရှားခံရသည့်
စစ်ထောက်လှမ်းရေး အကြီးအကဲ ဟောင်း ကို လူမြင်ကွင်း သို့ တစ်ကျော့ပြန် ၀င်ရောက် စေခဲ့ပြန်သည်။
မြန်မာ့ အလင်းသတင်းစာဉ် ယနေ့ ပါရှိလာ သည့် သတင်းမျိုး သည် ၂၀၀၄ ခုနှစ် မတိုင်ခင် မြန်မာ့ နိုင်ငံ
ရေး ဉ် စစ်ထောက်လှမ်းရေး ရှိစဉ်က အလေ့ အကျင့် မျိုး ဖြစ်သည့် လုပ်နည်း လုပ်ဟန် မျိုး ဖြစ်သည်
ဟု မန္တလေး မြို့ မှ နိုင်ငံရေး အကျဉ်းသား ဟောင်း နှင့် စာရေးဆရာ တစ်ဦး ဖြစ်သူက ပြောသည်။
ထိုကဲ့သို့ မြန်မာ စစ်ထောက်လှမ်းရေး ဟောင်း ပုံရိပ် ယောင် ဖြင့် အများပြည်သူများကြား တကျော့ပြန်
ရောက်ရှိလာခြင်း နှင့် ပတ်သက်ပြီး ယမန်နေ့ က ဗိုလ်ချုပ် ခင်ညွန့် ဗီဒီယို ကို အနုလုံ ပဋိလုံ ကြည့်ရှု ခဲ့ပြီးသည့်
Freedom News Group ၏ Founder တစ်ဦးဖြစ်သူ ကိုငြိမ်းချမ်းငြိမ်းက သူတို့  လက်ခုပ်ထဲက ပြဿနာ
တစ်ခု ကို ရှင်းတဲ့ အခါ နအဖ က ဒါမျိုး ဘယ်တော့မှ အသံထွက် မခံဘူး ….သူတို့ ချင်းချင်း ခွက်စောင်း
ခုတ်တာ မဟုတ်ရင် ကြိတ်ပြီး ရှင်းတယ်။ အခု ဒီကိစ္စက ဒီဗီဒီယို ဖိုင်က ဗိုလ်ချုပ်မှုးကြီး သန်းရွှေ က
လွှင့်လိုက် တာလို့ ပဲ … သူ့ ကို Report လုပ်ထား တယ့် ဗီဒိယို အခွေရောစက်ရော ပါ အပ်ရတာ မျိုး ဟု
သုံးသပ်ပြောကြားသည်။
နောက် တစ်ခု က သူတို့ အချင်းချင်းမှာ အမြဲတမ်း တစ်ဦးကို တစ်ဦး Sympathize ရှိတယ်။ ဗိုလ်သန်းရွှေ
ကြိုးစင် တက် ဖို့ ကို ဗိုလ်ခင်ညွန့် က ဘယ်တော့မှ စဉ်းစားမှ မဟုတ်ဘူး ။ဗိုလ်ခင်ညွန့် ဟာ တစ်သက်လုံး
ဥာဏ်ဏီဥာဏ် နက် များလာခဲ့တာ အခု MEDIA WAVE တွေက အားကောင်းလာလို့ မီဒီယာ ပါးဝနေ
တဲ့ ဗိုလ်ခင်ညွှန့် ကို ပြန်ဆွဲ သုံးတာ ဖြစ်နိုင်တယ် ။ ဒီလူ က Spy အစစ်ပဲ… သေသည် အထိ Spy လုပ်သွား
မယ်ဆိုတဲ့ Once Spy, Always Spy တွေ ဟု ဆိုသည်။
မြန်မာ စစ်အစိုးရ သည် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ လူထု ထောက်ခံမှု အား နှင့်
ပတ်သက်၍ ဆုပ်လည်း စူး ၊ စားလည်း ရူး ဖြစ်နေသည်။
18 thoughts on “စစ်ထောက်လှမ်းရေး ရှိစဉ်က စိတ်ကူးမျိုးဖြင့် NLD ကို နအဖ သွေးတိုးစမ်း
  1. be brave
    ခင်ဗျားစဉ်းစားပုံတွေကျိုးကြောင်းဆီလျော်ပါတယ်။
    လုထုဟာနိုင်ငံရေးနဲ့အဆက်ပြတ်ခဲ့တာကြာပါပြီ။နိုင်ငံရေးသမားဆိုရင်ရာဇ၀တ်ကောင်သာသာပဲမြင်ပါတော့တယ်။
    စစ်သားဆိုတာကလည်းသူတို့မှတိုင်းပြည်အတွက်အလုပ်လုပ်တယ်။ကျန်တဲ့ကောင်ဆန်ကုန်မြေလေးတွေထင်နေတယ်။
    စွမ်းအားရှင်တို့၊ကြံ့ခိုင်ရေးတို့ကလည်းလူကြီးနားဖော်လန်ဖားလုပ်ရတာကိုတိုင်းပြည်အတွက်အလုပ်လုပ်နေတာတဲ့။
    simple ဆိုတဲ့ကောင်ကိုတော့ဗွေမယူပါနဲ့ဗျာ။ဒီကောင့်အတွေးအခေါ်ကကျွန်တော်တို့အထက်တန်းကျောင်းသားဘ၀က
    အတွေးအခေါ်လောက်ရှိတာပါ။အမြင်မှန်ရတဲ့တစ်နေ့သားမှားပြီအမေရဲ့လို့နောင်တမရပါစေနဲ့လို့ပဲဆုတောင်းပေးလိုက်ပါ။
  2. ပြန်လည်တင်ပြတာပါ။
    ကို Simple ခင်ဗျာ။ အကြောင်းရှိလို့ အကျိုးရှိတာပါ။ လူတွေရဲ့ ပင်ကိုသဘာဝက လူကောင်းကိုကြိုက်တယ်။ လူဆိုးကိုတော့မုန်းတတ်ပါတယ်။ ဥပမာ ဗွီဒီယို ကြည့်သလိုပေါ့ မင်းသားကိုဘဲ အားပေးတာပါ။ လူဆိုး ကိုအားပေးတဲ့ အလေ့အကျင့်မရှိပါဘူး။ နိုင်ငံ တစ်ခုကို တည်ဆောက်တော့မယ်ဆိုရင် ပြည်သူရဲ့လူအင်အား၊ စိတ်အင်အား နဲ့တည်ဆောက်ရတာပါ။ နိုင်ငံတိုင်းမှာလည်း ဒီလိုဘဲ ခေါတ်အဆက်ဆက်က ပြည်သူရင်သွေးတွေရဲ့ ရင်ဘက်နဲ့ရင်းပြီး နိုင်ငံတည်ဆောက်ကြတာပါ။ ပြည်သူဟာ အဓိကနေရာမှာပါဝင် နေတာပါ။ ဘေးထုတ်ထားမယ်ဆိုရင်တော့ လူစွမ်းအား တွေအများကြီးဆုံးရှုံးနေမှာပါ။ ကျွန်တော် တို့ ပြည်သူတွေဟာ အရည်အချင်းမညံ့ဖျင်းပါဘူး။ နှစ်ပေါင်း အတော်ကြာ လူရာသွင်းမခံရဘဲ ပစ်ပယ်ထားခြင်းကိုခံနေရတာပါ။နိုင်ငံရေးကလည်း ခါးကြောပြတ်နေပါပြီ။ဘာအလုပ်၊ သင်တန်း၊ ကျောင်း၊ ခရီးထွက် ကြိုက်တာလုပ် ပါတီ နိုင်ငံရေးကင်းရှင်းရမယ်ဆိုတယ် စကားလုံး နဲ့ အုပ်မိုးထားပါတယ်။ကျောင်း၊ ကောလိပ် နိုင်ငံရေး အသိအမြင် နဲ့ ပတ်သက်တဲ့ နိုင်ငံရေးသိပံ ပညာတွေမသင်ပေးခဲ့တာလည်း ကျွန်တော်တို့တစ်သက်ရှိခဲပါပြီ။
    မသိမှုနဲ့လဲလွှမ်းမိုးခံထားရတယ်။အကြောက်တရားနဲ့လည်း အလွှမ်းမိုးခံထားရတယ်။အဲ့ဒါယနေ့ခါတ်မြန်မာ့ ပြည်သူတွေပါ။
    သူတို့ ဒီ Website မှာ လာပြီးပေါက်ကွဲ ကြတာလည်း သူတို့ဘ၀ရဲ့ အတွေ့အကြုံ ခံစားချက်တွေရဲ့ ပိတ်လှောင်မှုတွေကို ဖြေဖျောက်ကြတာပါ။ ကို Simple တို့လို လူမျိုးက အစိုးရ ကောင်းကြောင်း ပြောတယ်။ အမှန်တကယ်ဘဲ အစိုးရက အကိုတို့ပေါ်ကောင်းနေလို့ ဖြစ်မှာပေါ့ ဒါ အကို့အတွက် အမှန်တရား ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ဒီမိုကရေစီပါ။ ကျွန်တော်တို့မစွက်ဖက်ပါဘူး။ ပြည်သူကဘယ်လောက်မကောင်းဘူးဘဲပြောပြော သူဆွေမျိုး၊ သူ့အသိုင်း ကတော့ ကောင်းတယ်လို့ဘဲပြောမှာဘဲ။ ဘာလို့လဲဆိုတော့ သူတို့ရဲ့လိုအင်ဆနဒ တွေကို ဖြည့်ဆည်းပေးတယ်လေ။ အပြစ်ပြောစရာမရှိပါဘူး။ အဲ့ဒါလည်း သူတို့ရဲ့ ဒီမိုကရေစီဘဲလေ။ လူတိုင်း ကိုယ်ကြိုက်တဲ့ သူ ကိုယ်အပေါ်ကောင်းတဲ့ သူကို ရှာဖွေပြီး ခေါင်းဆောင်တင်ခြင်ကြတာဒီမိုကရေစီဘဲမဟုတ်လား။ ဒါပေမယ် အခု Web site မှာ လက်ရှိ အစိုးရ ကြိုက်တယ်လို့ပြောတဲ့လူအရေတွက်နဲ့ မကြိုက်ဘူးလို့ပြောတဲ့လူ ဘယ်သူပိုများလဲကြည့်ကြည့်ပါ။ ဘာလို့မကြိုက်တာလဲ ဆိုတော့ သူတို့အပေါ်မကောင်းလို့နေမှာပေါ့။မဲခွဲပြီးဆုံးဖြတ်ရင်တော့ မကြိုက်တဲ့သူဘက်ကသာနေပါတယ်။ သူတို့ရဲ့မကောင်း တာလုပ်ခံထားရတဲ့ လူအရေအတွက်က ပိုများနေပြီး ကောင်းခဲ့တဲ့လူအရေအတွက်ကနည်းနေလို့ပါ။ လူဆိုတဲ့ ကောင်က နာရင်နာမှန်း သိပါတယ်။ သာရင်လည်း သာမှန်းလည်း သိပါတယ်။ ကို Simple တို့လို အသာစံရတဲ့ လူမျိုး တစ်နိုင်ငံလုံး မှာ အများကြီးရှိနေရင် ဒီ Website ထဲမှာ ဒီလိုအရေးသားမျိုးကို မနည်းရှာဖတ်ရမှာပါ။ တစ်နိုင်ငံလုံး ကိုSimple တို့လို အသာခံရတဲ့ သူတွေဘဲ ဖြစ်ကြပါစေလို့ ကိုSimple ဆုတောင်းပေးပါ။ ကျွန်တော်လည်း အမြဲတမ်း ဆုတောင်းပေးနေမှာပါ။ ကျွန်တော်တို့ပြည်သူတွေဟာလုံးဝညံ့ဖျင်းပါဘူး။ ထတောက်မဲ့ မီးခဲတရဲရဲတွေပါ။
    Be Brave
  3. အလိုချင်ဆုံးအရာကငြိမ်းချမ်းရေးပါပဲ ၊ဒါဘယ်မဲ့ငြိမ်းချမ်းရေးဆိုတာကအမေတစ်ယောက်ဆီမှာပဲရှိမယ်ထင်တယ်၊
    နာမည်ကိုက အမိမြန်မာနိုင်ငံတော်ဖြစ်နေလို့ပါပဲ။
  4. ဒေါ်အောင်ဆန်းစုကြည်မပါတဲ့မြန်မာ့နိုင်ငံရေးကိုနိုင်ငံတကာကမထောက်ခံတာကိုစစ်ခေါင်းဆောင်တွေကောင်းကောင်းရိပ်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်းလူထုရဲ့အခြေခံစိတ်ဓာတ်တွေကိုမပြောင်းပဲနဲ့ဒီမိုကရေစီရေရှည်မအောင်မြင်နိုင်တာကိုသိပြီးသားပါ။ဒါကြောင့်စစ်အစိုးရနဲ့နားလည်မှုလုပ်ထားပုံပေါ်ပါတယ်။ဦခင်ညွန့်ဟာစစ်အစိုးရတွင်းမှာဒေါ်အောင်ဆန်းစုကြည်နဲ့နားလည်မှုအရှိဆုံးဖြစ်တယ်ဆိုတာလည်းမေ့ထားလို့မရပါဘူး။
  5. ဪသားလေး စဉ်းပဲ ရွှေသွေး က သယ်ရင်း တွေဘာတွေရနေပြီကိုး။သားတို့ရယ် ရွေးကောက်ပွဲ လို့ပဲ ခေါ်ပါ ။ ရွေးကောက်ပွဲကြီး လို့ခေါ်ရအောင် မင်းအတွက် တော်တော် ကြီးနေပြီလား။ တို့တွေအတွက်တော့ ရွေးကောက်ပွဲ လို့တောင်မထင်လိုက်ဘူး သားတို့ရယ်။မင်းတို့အတွက် ကြီးတယ်ဆိုရင်တော့ ဓတ်တိုင်ကို ဆီပြောင်အောင် ဆွတ်ပြီး တတ်ထိုင်လိုက် ။။ပြီးတော့ တေ ကွာ တေ တေ. ဆို ပြီး အော်လိုက်တော့။.့
  6. လိုကယ်..မန်း :
    မြန်မာ စစ်အစိုးရ သည် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ လူထု ထောက်ခံမှု အား နှင့်
    ပတ်သက်၍ ဆုပ်လည်း စူး ၊ စားလည်း ရူး ဖြစ်နေသည်။
    (ဟုတ်လို.လား…..သေချာလို့လားဗျာ….. နအဖ ကြောက်တယ်။ ကြောက်တယ်နဲ. ရွေးကောက်ပွဲကြီးလဲ ပြီးသွားပါကောလား…. ဒေါ်စုလဲ လွတ်လာတာ. လ၀က်ရှိပြီ၊ မသာပို့တာရယ်။ သားကိုကြိုတာက လွဲရင်….ဘာမှ မလုပ်ရသေးသလိုပါပဲ။ ဒုတိယ ပင်လုံကို ဦးသုဝေက စဉ်းစားပါဦးလို့ ပြောတယ်။ ကိုယ့်ဘက်က အရေးသာမှန်း မသိ၊မသာမှန်း မသိ စွတ်ရေးနေလို.တော့ မရဘူး ထင်တယ် FNG .
    အေး နောက်ထပ် လ၀က်နေလို. ရှိရင် မင်းအသုဘကို မင်းရပ်ကွက်က လိုက်ပို.လိမ်.မယ်ကွာ .. ဒါပေမယ့် နှာခေါင်းတွေတော့ ပိတ်ပြီးလိုက်ပို.ရမှာ … ချီးကားတိုက်သေတဲ့ မသာမို.လို. … သိလား .. အောက်ဆွဲကောင်..
  7. Simple :
    သွေးတိုးပဲ စမ်းစမ်း နှလုံးခုံ ပဲ စမ်းစမ်း မင်းတို့ ဆောက်ပူ ဘာပါလဲ
    ငါတို. စောက်ပူ ပါပါ မပါပါ မင်းအလုပ်လဲ မဟုတ်ဘူး ဆင်းပဲရာ … မင်းကိုလဲ $*@(#@) ပဲကွာ .. အရိုးကိုက်ပြီး လိုက်ဟောင်နေတဲ့ကောင် ..
  8. ဦးခင်ညွန့် နဲ့ ဒေါ်အောင်ဆန်းစုကြည်က ဦးသန်းရွှေရဲ့ နယ်ရုပ်တွေမဟုတ်ပေမဲ့ နိုင်ငံရေးအခင်းအကျင်း ဆိုတဲ့ ကျားကွက်ထဲမှာတော့ အရွှေ့ ခံကြရမယ်ထင်တယ်။ အခုလက်ရှိ ကျားခုံကို ကိုင်ထားတဲ့သူက ဦးသန်းရွှေဖြစ်နေတာကိုး။ စောင့်ကြည့်ချင်သေးတယ်။ အရင်တုန်းက သုံးခဲ့တဲ့ ကလေးကွက်တွေသုံးမှာလား…….. အဆန်းလေးတွေသုံးမှာလားဆိုတာ ကို စောင့်မျှော်ကြည်မည်။
  9. Simple :
    သွေးတိုးပဲ စမ်းစမ်း နှလုံးခုံ ပဲ စမ်းစမ်း မင်းတို့ ဆောက်ပူ ဘာပါလဲ
    also non of your business.You are really idiot.HaHa
  10. မြန်မာ စစ်အစိုးရ သည် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ လူထု ထောက်ခံမှု အား နှင့်
    ပတ်သက်၍ ဆုပ်လည်း စူး ၊ စားလည်း ရူး ဖြစ်နေသည်။
    (ဟုတ်လို.လား…..သေချာလို့လားဗျာ….. နအဖ ကြောက်တယ်။ ကြောက်တယ်နဲ. ရွေးကောက်ပွဲကြီးလဲ ပြီးသွားပါကောလား…. ဒေါ်စုလဲ လွတ်လာတာ. လ၀က်ရှိပြီ၊ မသာပို့တာရယ်။ သားကိုကြိုတာက လွဲရင်….ဘာမှ မလုပ်ရသေးသလိုပါပဲ။ ဒုတိယ ပင်လုံကို ဦးသုဝေက စဉ်းစားပါဦးလို့ ပြောတယ်။ ကိုယ့်ဘက်က အရေးသာမှန်း မသိ၊မသာမှန်း မသိ စွတ်ရေးနေလို.တော့ မရဘူး ထင်တယ် FNG .
  11. ကျွန်တော်အရင်ခင်ညွန့်မဟုတ်တော့ပါဘူး။ လူသစ်စိတ်သစ်နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ခင်ညွန့်ဖြစ်နေပါပြီ။ ပြည်သူ့ရင်ခွင်ကို ပြန်ပြီးခိုလှုံပါရစေ။
  12. သွေးတိုးပဲ စမ်းစမ်း နှလုံးခုံ ပဲ စမ်းစမ်း မင်းတို့ ဆောက်ပူ ဘာပါလဲ
    1. Simple ရေ မင်းတို့တမျိုးလုံး လီးဘဲ ထင်တယ်။
    2. Simple ဆိုတဲ့ကောင် Comments တွေလာရေးမနေနဲ့ $()(*#Y$)!
  13. FNG အယ်ဒီတာ၏ သုံးသပ်ချက်က တော်တော်လေးနည်းလမ်းကျပါတယ်.. ဒီလို သူတို့ဆုပ်လည်းစူး စားလည်းရူးဖြစ်နေတဲ့ အနေထားမျိုးမှာ ဒီလူပြန်ပေါ်ထွက်လာတာကိုက စဉ်းစားစရာတော်တော်ကောင်းနေပါတယ်..ဘာဖြစ်ဖြစ်..သူတို့ခွဲတိုင်းမကွဲဘဲ.စည်းလုံးဖို့က အဓိကပဲ ခုချိန်မှာတော့..
    နောက်ပြီး တိုင်းရင်းသားခေါင်းဆောင်တွေရော ဒီမိုကရေစီရရှိရေးကို တတ်စွမ်းသမျှကြိုးစားနေကြရတဲ့ လူထုလူတန်းစားအလွှာအားလုံးလည်း.. တစ်သွေးတစ်သားတည်းရှိနေဖို့လည်း အရမ်းလိုအပ်တယ် ဒီအချိန်မှာ..
Comments are closed.