စစ်ပွဲကြောင့် ပြည်သူ များ ထိုင်းဘက်သို့ ဒုက္ခသည် အဖြစ် တကျော့ပြန် ရောက်ရှိလာ

Myanmar War Victims Arrives Thailand
မြ၀တီ မြို့ တောင်ဘက်တွင် ဒီကေဘီအေနှင့် နအဖ စစ်တပ် ၏ တိုက်ပွဲ များ ကြောင့်
ဒေသခံပြည်သူလေးထောင် ကျော် ဟာ ထိုင်းနိုင်ငံ မဲဆောက် မြို့ ရဲ့ တောင်ဘက် က ဖုတ်ဖရ နဲ့ 
မယ်ကု စတဲ့ထိုင်း ကျေးရွာ တွေ ကို ထွက်ပြေး ခိုလှုံရောက် ရောက်ရှိ လာတယ် လို့  FNG မှ သတင်း
ရရှိသည်။

နိုဝင်ဘာလ ၈ ရက်နေ့ က ဖြစ်ပွား ခဲ့တဲ့
ဒီကေဘီအေ အဖွဲ့ ရဲ့ သုံးရက်ကြာ နယ်စပ်
မြ၀တီ မြို့ သိမ်းတိုက်ပွဲ အတွင်း ဒေသခံ ပြည်သူ
လေးသောင်း ကျော်ဟာ ထိုင်း နိုင်ငံ မဲဆောက် မြို့ ထဲမှာ ဒုက္ခသည်
အဖြစ် ခိုလှုံ ခဲ့ရသည်။ထိုင်း နယ်စပ် မြ၀တီ ဘက်
အခြမ်း တွင် တကျော့ ပြန် ဖြစ်ပွား လာသည့် စစ်ပွဲ
များ မှာ မြန်မာစစ်တပ် မှ ဒီကေဘီအီ တပ်ဖွဲ့ ဝင် များ
နှင့် KNU တပ်ဖွဲ့ ၏ စခန်းများ ကို သိမ်းပိုက် ရန် အတွက်
အလုံး အရင်း ဖြစ် ထိုးစစ်ဆင် လာခြင်းကြောင့် ဖြစ်သည် ဟု ထွက်ပြေး လွတ်မြောက်လာ
သော မြန်မာ ဒုက္ခ သည် တစ်ဦးက Freedom News Group သို့ ပြောသည်။

နိုဝင်ဘာလဆန်း က ဖြစ်ပွား ခဲ့သော ပြည်တွင်း စစ်ကြောင့် ထိုင်း နိုင်ငံ တွင် လာရောက် ခိုလှုံ ရသည့်  မြန်မာ စစ်ပြေး ဒုက္ခသည် များ