ရွေးကောက်ပွဲ မသမာ မှုကြောင့် ပါတီအား ဖျက်သိမ်းရန် ထိုင်း အခြေခံဥပဒေ တရားရုံး ကြားနာ

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ 

FNG ၊            ၊ အာဏာရ ညွန့် ပေါင်း အစိုးရ
အဖွဲ့ တွင် အင်အား အကြီး မားဆုံး ပါတီ တစ်ခု ဖြစ်သည့်
ထိုင်းဝန်ကြီး ချုပ်  အဘီဆစ် ၀ိဇ္ဇာ ဇီဝ ၏ ဒီမိုကရက်
ပါတီ အား ယနေ့  ထိုင်း နိုင် ငံ အခြေခံ ဥပဒေ တရား
ရုံး က ယနေ့  နောက်ဆုံး အဆင့်  စစ်ဆေးနေ
ပြီ ဖြစ်သည်။ ၂၀၀၈ ခုနှစ် က ထို အခြေခံဥပဒေ တရား
ရုံးသည် သက်ဆင်၏  အထောက်အပံ့ခံ ပါတီ
ဟု စွပ်ဆွဲ ခံရသည် ၀န်ကြီး ချုပ် ဟောင်း ဆမတ် ဆုတ်
ထာရာ ဝေဗ့်၏ ပါတီ ကို လည်း ဖျက်သိမ်း ခဲ့သည်။

ထိုင်း ၀န်ကြီး ချုပ် အဘီဆစ် ၀ိဇ္ဇာ ဇီဝ ၏ ဒီမိုကရက် ပါတီမှာ တရား ၀င် မဟုတ် သည့် ငွေကြေး များ
လက်ခံမှုနှစ် ခု ဖြင့် ဖျက်သိမ်းခံရဖွယ်ရှိကြောင်း ယနေ့  တွင် ရွေးကောက်ပွဲကော်မရှင်ကထုတ်ဖော်ပြော
ကြားသည်။

ဒီမိုကရတ် ပါတီသည် ၂၀၀၅ ခုနှစ် ရွေးကောက် ပွဲ ကာလ တွင် ရေနံ ၊ဓာတု နှင့် ထိုင်းဘိလပ်
မြေ ကုမ္ပဏီ တစ်ခုဖြစ်သည့် TPI Pollen မှ ထိုင်းဘတ်ငွေ  ၂၅၈ သန်း လက္ခံ ရယူထားခြင်း ဖြစ်သည်။
အခြေခံ ဥပဒေ တရား ရုံး က ထို အမှု ကို စစ်ဆေးနိုင်ရန် အတွက် ရွေးကောက် ပွဲ ကော်မရှင် က တိုင်
တန်းထားခြင်း ဖြစ်သည်။

ဖွဲ့ စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ တရားသူကြီး ချုပ် မှ ထို အမှုအား ရက် အနည်းငယ်  အတွင်း စစ်ဆေးသွား
မည် ဖြစ်ပြီး ပြစ်မှု ထင်ရှားပါက ရွေးကောက် အဘီဆစ် ၀ဇ္ဇာဇီဝ အပါအ၀င် ဒီမိုကရတ် ပါတီ ခေါင်းဆောင်
များလည်း  နိုင်ငံရေး လုပ်ခွင့် လည်း ငါးနှစ် ပိတ်ပင် ခံရမည် ဖြစ်သည်။

ယခု နှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ က ထိုင်း တရားရုံးက သက်ဆင် ရဲ့ ပိုင်ဆိုင်မှုတွေထဲက နိုင်ငံပိုင်ငွေကြေး
အလွဲသုံးစား လုပ်မှု ၊အခွန်ရှောင်မှု စွဲချက်တွေ နဲ့  သူပိုင် ထိုင်းဘတ်ငွေ ရ၆ မီလျှံ (အမေရိကန် ဒေါ်
လာ ၂.၃ ဘီလျှံ ကိုသိမ်းယူလိုက်တယ် လို့ စီရင်ချက် ထွက် ပြီး ကတည်းက UDD အဖွဲ့ ဝင်တွေက
ဘန်ကောက်ကို စုရုံးပြီး ချီတက် လာခဲ့ပြီး လွှတ်တော် ဖျက်သိမ်းပေးရေ နဲ့ အဘီဆစ် နှုတ် ထွက်ပေးရေး ဆန္ဒပြ
ခဲ့ကြ သည်။

သီတင်း ၁၂ ပတ်ကြာ ဆန္ဒပြမှု ဉ် ထိုင်းစစ်တပ် ဗိုလ်ချုပ်ကြီး ခတ္တိယ ဆာဝါဒီ ဖော အပါအ၀င် ဆန္ဒပြ သူ ငါးဆယ်
ကျော် သေဆုံး ခဲ့သည်။

ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရေး သုတေသီ ဦးကျော်လင်းဦး ကမူ ဒီမို ကရတ် ပါတီ ၏ တရားခွင်နှင့်
ပတ်သက်ပြီး  ”  ဒီမိုကရက်ကို ဖျက်သိမ်းခံရလောက်တဲ့အဆင့် အထိ မဖြစ်ဘူးလို့  ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အခု ကိစ္စဟာ ပါတီကို လှူတမ်းထားတဲ့ ငွေတွေကို ရွေးကောက်ပွဲ ကော်မရှင်ကို အကြောင်းမကြားပဲ သုံးလို့ သာဖြစ်ပြီး မဲလိမ်လို့၊ မဲခိုးလို့ တခြား ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မလျှော်မကန်လုပ်လို့ စတဲ့ ကိစ္စတွေ ကြောင့်မဟုတ်ဘူး ဆိုတာ ထင်ရှားနေပါတယ်။ ပြီးခဲ့တဲ့ ပါတီ ဖျက်သိမ်းရေး အမှု ၂ ခုကို ပြန်ကြည့်ယင် အဓိက က ရွေးကောက်ပွဲနဲ့ ပတ်သက်နေတာဖြစ်ပြီး ထိုင်းနိုင်ငံရေးမှာ အမြစ်တွယ် နေတဲ့ မဲဝယ်မှုတွေ၊ မဲလိမ် မဲခိုးတာတွေကို ဖြေရှင်းချင်လို့ အဲဒီလို မဲလိမ်၊ မဲခိုး မလျှော်မကန်လုပ်ယင် အခုလို ပါတီဖျက်သိမ်းခံရနိုင်တယ် ဆိုတဲ့အချက်ကို အခု ၂၀၀၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ ထည့်သွင်းထားတာဖြစ်ပါတယ်။ အခုလို ပါတီပိုင် ငွေကြေးတွေကို ရွေးကောက်ပွဲကော်မရှင်ကို အသိမပေးပဲ သုံးတယ်ဆိုတဲ့ အမှုအတွက်ကတော့ ဒီထက် သက်သာတဲ့ ပြစ်ဒဏ်မျိုးပဲ စီရင်ချက် ချဖို့ များပါတယ် ” ဟု သုံးသပ်
ပြောကြားသည်။

ဒီမိုကရတ် ပါတီ ၏ သမိုင်းကြောင်း

နှစ်ပေါင်း ၆၀ ကျော် ရပ်တည်လာပြီးနောက် မကြာခင် ဖျက်သိမ်းခံရတော့ မည့် ဒီမိုကရတ် ပါတီ

ဒီမိုကရတ် ပါတီ ကို ၁၉၄၆ ခုနှစ် ဧပြီ လ ၆ ရက်နေ့ တွင် ပရီဒီ ဖနိုမြောင် နှင့် နိုင်ငံရေး ရန် ဘက်
စတင်တည်ထောင်ခဲ့ပြီး ခွမ် အဖိဝေါင် က စတင် တည်ထောင် ခဲ့သည်။ (၎င်း ၏ ညီဖြစ်သူ မြူအဖီဝေါင်
သည် ဘန်ကောက် ရှိ ဒီမိုကရေစီ အမှတ်တရ ကျောက် တိုင် ၏ ဒီဇိုင်း )ကို ထုတ်ခဲ့သူ ဖြစ်သည်။

၁၉၇၄ ခုနှစ် တွင် ကူကစ် ပါရာမော့ က ဒီမိုကရတ် ပါတီ မှ ခွဲ ထွက် ပြီး Social Action ပါတီ ကို
ထူထောင်ခဲ့သည်။ ၎င်း သည် ထိုင်း နိုင် ငံ၏ ၁၃ ဦးမြောက် ၀န်ကြီးချုပ် လည်း ဖြစ်သည်။

၁၉၉၁ ခုနှစ် ဖေဖော်ဝါရီ လ ၂၃ ရက်နေ့  ၀န်ကြီးချုပ် ချတ်ချိုင်း ချူနာဝန် အာဏာသိမ်းခံရသည် ။
၁၉၉၂ ခုနှသ် အမည်းရောင် မေလ (BLACK MAY)  မေလ ၁၇ မှ ၂၀ ထိ ဖြစ်ပွားခဲ့သည့် လူ ၅၂ ဦး
သေဆုံးခဲ့သည့်အရေးအခင်း နောက် ပိုင်း တွင် ဒီမိုကရတ် ပါတီ ပြန်လည် အာဏာရရှိလာ သော် လည်း
စိုက်ပျိုးရေးဝန်ကြီး ဆုထေ့ ယခု ဒုဝန်ကြီးချုပ် ဖြစ်နေသူ နှင့် ပါတီ ခေါင်းဆောင် အချို့ သည် ငွေကြေး
လာဘ်စားမှုများ ဖြင့် စုံစမ်း စစ်ဆေးခံရသည်။

၁၉၉၇ မှ ၂၀၀၁ ခုနှစ် ထိ ၀န်ကြီးချုပ် တာဝန်ထမ်းဆောင် ခဲ့သူ ချွမ်လီပိုင် မှာ ထင်ရှား သော ဒီမိုကရတ် ပါတီ
ခေါင်းဆောင် တစ်ဦးဖြစ်သည်။

၂၀၀၆ ခုနှစ် တွင် ဒီမိုကရန် ၏ ပါတီ ၏ ခေါင်းဆောင် အဖြစ် အင်္ဂလန် အီတန် ကျောင်းထွက် နှင့်
စီးပွားရေးပညာရှင် အဘီဆစ် ခေါင်းဆောင် ဖြစ်လာပြီး နောက် ထိုစဉ်က အာဏာရရှိထားသည့် ထိုင်းရတ်
ထိုင်း ပါတီ ခေါင်းဆောင် နှင့် ၀န်ကြီး ချုပ် ဖြစ်သူ သက်ဆင် အား ရာထူးမှ ဖယ်ရှားရန် ဘုရင် ကို တိုက်တွန်း
ခဲ့သူ ဖြစ်သည်။

၂၀၀၈ ခုနှစ် PAD အဖွဲ့ ဝင် များ သုဝဏ္ဏ ဘူမိ လေဆိပ် ကို သိမ်းပိုက် ဆန္ဒပြမှု အပြီး ၂၀၀၈ ခုနှစ် ဒီဇင်ဘာ
လတွင် ခြောက်ပါတီ ညွှန့် ပေါင်းဖွဲ့ ကာ ထိုင်း နိုင်ငံ၏ ၂၇ ဦးမြောက် ၀န်ကြီးချုပ် ဖြစ်လာခဲ့သည်။