မောက္ခပညာရေး အင်တာနက် စာမျက်နှာ မှ ကူးယူဖော်ပြပါသည်။

အောင်မြင် ။ ။ကိုရဲလွင် ဖြတ်သန်းလာခဲ့ရတဲ့ ဂီတလောကမှာ ဘယ်လို ကြိုးစား ဖြတ်သန်းခဲ့ရတယ်ဆိုကို ယနေ့ခေတ်လူငယ်သိဖို့ ပြောပြပေးပါခင်ဗျာ…
ကိုရဲလွင် ။ ။ဂီတလောကမှာတော့ ၀ါသနာပေါ့…. စတာတော့ဝါသနာနဲ့စတာပါဘဲ ဟိုတုန်းကတော့ ကျောင်းတွေဘာတွေလည်းမရှိဘူး အသိုင်းအဝိုင်း၊ မိဘ၊မောင်နှမအသိုင်းအဝိုင်း မိသားစုအသိုင်းအဝိုင်းက ဒီလို ဂီတဝါသနာပါတဲ့ သူတွေရှိတော့ သီချင်းတွေ နောက်…အသိုင်းအဝိုင်းကခရစ်ယာန် အသိုင်းအဝိုင်း ကသီချင်းတွေဆိုကြတယ်လေ…အဲဒီလို တေးသီချင်းနဲ့ကတော့ ယဉ်ပါးလာခဲ့တာပေါ့ မွေးကတည်းက.. ဂီတာတီးတဲ့အခါကြ ဂီတာပေါ်စအချိန်မှာ ကို့ရှေ့မှပြတဲ့သူက တယောက် နှစ်ယောက်ဘဲရှိတာ အဲဒါ သူတို့ကိုအားကြပြီး ဂစ်တာအစုတ်လေးတလုံး အိမ်ကဝယ်ပေးတာနဲ့အဲဒါလေးတီး ပြီးတော့ အသံကလည်း မှန်တာလည်းရှိ၊မမှန်တာလည်းရှိတာပေါ့ ဆရာကလည်းမရှိတော့ အကိုက သီချင်းလေးတပုဒ်သင်ပေးတယ် အဘိုးကြီးအိုခါးကုန်းကုန်း ဒီလိုတီးရတယ်..ကြိုးကို အဲလိုကြိုးဒီလိုညှိရတယ်….. ကြိုးညှိတာနဲ့ အဲဒီတီးတာလေးနဲ့ဒီလိုခေါက်ပြီးတော့…အဖိုးကြီးအို ခါးကုန်းကုန်း အော်ဆိုပေါ့
အဲလိုနဲ့ သီချင်းတပုဒ်တပုဒ်ကို အကြာကြီးတီးနေတာဘဲပေါ့….အဲဒီလို ဂီတာမတီးခင်မှာ အခြား instrument လေးတွေ လွယ်တာလေး.. ဘာဂျာလေးရလည်းဘာဂျာလေးသူများမှုတ်တာကြည့်ပြီးတော့….ဘယ်လိုမှုတ်ရလည်း မေးကြည့်ပြီး ဘာဂျာလေးမှုတ်တယ်…ပုလွေလေးတွေမှုတ်ကြည့်တယ်။ ဂီတာကတော့ နောက်ဆုံးပိတ်ပေါ့…ဝါသနာလည်းပါတော့ ဒီလို လက်တွေပေါက်ပြဲပစ်အောင်တီးပစ်တာဘဲ…ပေါ့၊ နာလို့လည်း…..နာပါစေကွာ အားရပါးရတီးခဲ့တော့ ဖြစ်လာတာပေါ့လေ….အခြေခံကတော့ စနစ်တကျမသင်ခဲ့ရဘူး၊
အောင်မြင် ။ ။ကိုရဲလွင်တို့ဂီတအနုပညာကျောင်းတွေမရှိဘဲကိုယ်အားကိုယ့်ကိုးကြိုးစားခဲ့ကြ ရပြီးဂီတသမားအဖြစ်အောင်မြင်မှုရခဲ့ပုံလေးကိုလူငယ်တွေပြောပြစေချင်ပါတယ်။
ကိုရဲလွင် ။ ။ဟုတ်ကဲ့…အဲဒါတာတော့ ဟုတ်ပါတယ် ကိုယ့်ကို ကိုဘဲအားကိုးရတာပေါ့ ဟိုတုန်းကတော့ အိမ်ကပြောတယ် Check top ပေါ့ ကိုယ့်ဟာကို ဘဲသင်ယူရတာပေါ့……..လုံးဝ ဆရာမရှိဘူးတော့ မဟုတ်ဘူး၊ ဒီလိုဘဲ ကိုယ့်ထက်နည်းနည်းပါးပါး တီးတတ်တဲ့ သူတွေဆီကနေပြီးတော့ ဘယ်လိုကိုင်လည်း ဘာ ကော့ဒ်လေးတွေဘယ်လိုကိုင်လည်းကြည့်ပြီး မေး၊ သိတာလေးတွေကိုယ့်ဟာကိုလေ့ကျင့်….အသံလေးတွေရှာ..အဲလိုဘဲ ဟို..တီးလာခဲ့တာပေါ့.. တဖြည်းဖြည်းနဲ့ ကိုနဲ့ ရွယ်တူတွေက၊ ဝါသနာတူတဲ့ သူတွေက တွဲမိတာပေါ့….သီချင်းလေးတွေလည်းဘဲ နားထောင်၊ နောက် ကိုတတ်တာကိုလည်း သူတို့ဝေမျှ….သူတို့တတ်လာတာကိုလည်း ကိုယ့် ကိုပြန်ဝေမျှပေါ..၊ အကုန်လုံး share လုပ်တဲ့သဘောပေါ့။ ဒီလိုနဲ့ တီးဝိုင်းလေးထောင်တယ်…တီးဝိုင်းထောင်တော့အပျော်တမ်းလေးဘဲ..ဂီတာ ၃လုံးနဲ့ ဒရမ်နဲ့ပေါ့…. အလွယ်ဆုံးရနိုင်တာ.. ဂီတာတောင်မှ လွယ်လွယ်နဲ့မရဘူး၊ ဂီတာအစုတ်တွေဘဲ…ပြောရရင်တော့… မိသားစုကလည်း အလယ်အလတ်တန်းစားတောင်မှဘဲ တော်တော်ကိုလိုအပ်တဲ့မိသားစုလို ဖြစ်နေတာ.. ပစ္စည်းကသိပ်မရှိဘူးလေ။ မောင်နှမသာများတာ… ဟဲဟဲ… ပိုင်ဆိုင်မှုကမရှိဘူး။ နည်းနည်းပိုက်ဆံရှိတဲ့ သူဌေးကောင်တွေကြ… သူတို့က Instrument လေးတွေဝယ်လာတယ်….အဲဒါ သူတို့ဆီကနေ ယူတီးတာတွေ ဘာတွေလုပ်ရတယ်လေ…ကြိုးစားတော့ ကြိုးစားကြတယ်၊
ဟိုသီချင်းဆိုရင်… ရုပ်ရှင်ကားဗျာ… ဂီတာတီးတတ်တဲ့အချိန်ကြ ဟိုဟာဖြစ်လာပြီ ဘယ်လိုပြောမလည်း ၁၉၆၂ ခုနှစ်နောက်ပိုင်းရောက်လာပြီပေါ့နော်… အဲဒီအချိန်ကဆိုရင်…. ဟိုဟာ ဦးနေဝင်းကလည်း ပိတ်ဆို့တာတွေကစလာပြီ….
ဟို အဝတ်အစားကစ မဝတ်ရဘူး၊ လမ်းသရဲ ဂီတ၊ သရုပ်ပျက်ယဉ်ကျေးမှု ဆိုတာမျိုးတွေနဲ့.. အဲဒီတော့ ဘယ်လိုလုပ်သလည်းဆိုတော့ ကိုယ့်ဟာကို တယောက်တည်းဆိုလည်း ဂီတာလေးကောက်ကိုင်ပြီး … ရတဲ့သီိချင်းတွေဆိုပေါ့ အထူးသဖြင့် ဒီဂီတာဆိုတာလည်း အနောက်တိုင်းလာတဲ့ instrument ဖြစ်တော့
တေးသီချင်းတွေ ဦးဆုံးကြိုက်တာတော့ …. အဂ`်လိပ်သီချင်းတွေနားထောင်ရင်း ဖြစ်လာတာဘဲ၊ အဂ`်လိပ်သီိချင်းတွေနားထောင်ရတယ်… အဲဒီိတုန်းက တီဗီတွေဘာတွေမရှိဘူး၊ ရုပ်ရှင်ဆိုတာလည်းရှားပါတယ် … ဒီလိုသီချင်းကို ရေဒီယိုကနေ ကပ်နားထောင်ပြီး ရေဒီယိုနားထောင်ရင် မြန်မာအသံ အဂ`်လိပ်ပိုင်းက သီချင်းလေးတွေ ….. ကိုကြိုက်တဲ့သီချင်းဆို ချက်ခြင်းဘဲ သိပ်မကြာဘူးပေါ့နော်… ၂ခေါက်လောက် ကြားလိုက်ရင်ကို ရသွားတဲ့ သဘောမျိုးရှိတယ်။ အသေအချာရတော့မဟုတ်ဘူး…ဒါပေမယ့် အကြမ်းစားပေါ့.. အဲဒီသီချင်းလေး ကြိုက်တယ်ဆို အဲလို… အဲ.. ဗမာပြည်မှာ ရုပ်ရှင်နဲ့ပါတ်သက်လို့ ကြည့်ရဘူးတာ .. ဦးဆုံး.. ဟိုး ငယ်ငယ်တုန်းက ၁၀နှစ်သားအရွယ်လောက်ကဘဲပေါ့ … Rock Around The Clock ဆိုတဲ့ ROCK N ROLL သီချင်းပေါ့ Band နဲ့ တီဝိုင်းနဲ့ အဲဒီတုန်းက Electric ဂီတာ တောင်မပေါ်သေးဘူး။ ဘေ့စ် တွေဘာတွေကို တယောကြီးတွေနဲ့တီးရတယ် .. ဆက်ဆိုဖုန်းတွေမှုတ်တယ်…. ဒရမ်နဲ့ ဘာနဲ့ …ဒါပေမယ့် သူတို့ရဲ့ ဖျော်ဖြေမှုက ကြည့်ရတာ ရုပ်ရှင်ထဲမှာ အရမ်းအားကျတော့ … မျက်စိထဲမှာစွဲ.. နေတာ… ဂီတာတီးတတ်တဲ့အရွယ်ရောက်တော့ ၁၃၊ ၁၄ လောက်မှာ ဂီတာစတီးတတ်တာပေါ့၊ အဲဒီမှာ ငယ်ငယ်ရခဲ့တဲ့ သီချင်းတွေ ရော့ခ်အင်ရိုးသီချင်းတွေ ရေဒီယိုကလာတာတွေပြန်နားထောင် ပြီးတော့ လိုက်တီး …. ဟိုလိုတီး ဒီလိုတီးနဲ့၊ ရုပ်ရှင်ကျတော့ ပရက်စလေ ကား Blue Hawaii ဆိုတာလာတယ်……. အဲလိုဘဲ ရော့အင်ရိုး … ရော့အင်ရိုင်ဘုရင်ပေါ့… သူတို့ဆီမှာလည်း အရွယ်တူတွေ ဆယ်ကျော်သက်တွေအရမ်း သဘောကျတယ်၊ ပရက်စလေ ကားဆိုကြည့်တယ်… သူကအဆိုတော်.. သူဆိုတဲ့သီချင်းတွေက အဲဒီရေဒီယိုကလည်း ဖွင့်နေကြဆိုတော့…. ကြားရတာပေါ့ မြန်မာအသံ… မှတင်မကဘူး … ဗီအိုအေတို့၊ ဘီဘီစီ တို့တခြားလိုင်းတွေမှာလည်းကြားရတယ်၊ လိုက်နားထောင်.. နားထောင်ပြီး .. အဲလို ကြိုးစားခဲ့တာဘဲ၊ ပရက်စလေကားကြည့်တယ်၊ ပရက်စလေ ကား ၂ကား၊ ၃ကားကြည့်တယ်။ ပြီးတော့ ကလစ်ရစ်ချပ်ကား ကလစ်ရစ်ချပ်ဆိုတာ အဂ`်လန်က သူကျတော့ တို့ခေတ်နဲ့ညီတာ… ဂီတာ ၃လက်နဲ့ ဒရမ်နဲ့ဘဲ၊ Electric ဂီတာ ပေါ်ပြီ….. ဘေ့စ်ဂီတာတွေဘာတွေ နဲ့တီးတာ… ရုပ်ရှင်ဆန်ဆန်လေး ရိုက်ထားတော့ ကြည့်လို့အရမ်းကောင်းတယ်၊ အဲလိုနဲ့ … အတုခိုးရတာ၊ အဲလိုရုပ်ရှင်ကားတကားဆို ၃ခါလောက်ပြန်ကြည့်တယ်… အဲဒီကားဆိုရင် ကလစ်ရစ်ချပ် ဂီတာတီးတာကိုကြည့်ချင်လွန်းလို့ … အဲလိုနဲ့ အားထုတ်လာတော့ပေါ့… ပြောရရင်၊ အတွေ့အကြုံတွေက…..

အောင်မြင် ။ ။ယနေ့လူငယ်တွေအတွက် စနစ်တကျဂီတကျောင်းတွေရှိဖို့လိုမလိုပြောပြပေးပါ။
ကိုရဲလွင် ။ ။စနစ်တကျဆိုတာ….. ဒီသင်တန်းကတော့ လိုတာပါဘဲ… ဂီတမှမဟုတ်ဘူး၊ တခြားဟာတွေမှလည်း လိုအပ်တာပါဘဲ၊ဒါကတော့… အနုပညာကတော့ …သူက…ကိုလည်းဘဲ တကယ်ဝင်စားတဲ့ သူမှဖြစ်မှာ ပေါ့နော်… သင်ရုံနဲ့လည်း တတ်တာမဟုတ်ဘူး။ ကျောင်းပညာလိုမဟုတ်ဘူး… သူကိုယ်တိုင်က..အနုပညာ ဇကလေး .. ဗီဇကလေးပါလာမှဘဲ ဟို… ဖြစ်ထွန်းနိုင်တာ၊ နောက်ပြီးတော့ ဒီပေါ်မှာက ဘဝအာမခံချက် ဘယ်လိုဆောက်တည်မယ်ဆိုတာဆိုတဲ့ အတွေအခေါ်တွေကလည်းရှိတယ်၊ ဟို သင်.. တတ်ထားတာကောင်းတယ်.. နိုင်ငံတကာ အသုံးပြုနေတဲ့နုတ်စ်တွေ… အခေါ်အဝေါ်တွေ… ပါတ်သက်တွေက သင်ထားတော့ ပိုပြီးစနစ်တကျသိတာပေါ့၊ ရှိဖို့မလို့ဘူးတော့မဟုတ်ဘူး …. မရှိလည်း ကြိုးစားကြရမှာဘဲ။
အောင်မြင် ။ ။ဂီတဟာတိုင်းပြည်တပြည်ဖွံဖြိုးတိုးတက်ဖို့အတွက်ဘယ်လိုအရေးပါအရာရောက်နိုင်တယ်ဆိုတာ ကိုရဲလွင်အမြင်လေး သိပါရစေ။
ကိုရဲလွင် ။ ။သူကတော့……နည်းပညာရပ်တခုအနေနဲ့ပရိတ်သတ်ကိုစွဲဆောင်နိုင်တော့ပေါ့လေ စွဲဆောင်မှုရှိတယ်….. နောက်ပြီးတော့ ဘယ်လိုပြောမလည်း အဲဒါကို…. နိုင်ငံ ရဲ့တိုးတက်ဖို့အလားအလာ… အထောက်ကူပြုပါတယ်… ဒါပေမယ့်လို့ ဂီတကတော့ အခုမှ လည်းပေါ်လာတာမဟုတ်ဘူး၊ ဟိုတုန်းကလည်း…. ကြည့်လိုက်ရင် သမိုင်းကြောင်းမှ ဂီတနဲ့ တိုင်းပြည်အုပ်ချုပ်တဲ့စနစ်နဲ့ အဲဒီ စနစ်အောက်မှာဂီတဟာဖွံဖြိုးလာတာ ပြောင်းလဲလာတာဘဲ၊ အဂ`်လိပ်ခေတ်လက်ထက်ကျတော့…. နိုင်ငံခြားအနောက်တိုင်းတူရိယာတွေ ၀င်လာပြီ… သူတို့ Mission တွေက ဂီတနဲ့သုံးပြီး….. ဟို … သူကတော့ လူထဲစွဲဆောင်မှု အားကောင်းတာပေါ့လေ… ခရစ်ယာန် သီချင်းတွေမှာဆိုရင် Marry Christmas တို့၊ Happy New Year တို့၊ Happy Birthday တို့ကသူတို့ဆီက လာတာဘဲ၊ ၀ိုင်းဆိုကြ… ပျော်ကြ၊ လက်ခုပ်ဝိုင်းတီး သီချင်းဆိုတာတယောက်ထဲဖြစ်ပစေ…. ဟိုတုန်းကတော့ စန္ဒယားတီး ကြတယ်။ အော်ဂင်ပေါ့… လျှပ်စစ်မီးမရှိလည်း ဒါတွေကသုံးလို့ရတယ်၊ ဂီတာမပေါ်ခင်က ဘင်ဂျိုဆိုတာရှိသေးတယ်… အဲဒါတွေနဲ့ ဝိုင်းဆိုကြ… ဘာမှ မရှိလည်း လက်ခုပ်တီးပြီး ဝိုင်းဆိုကြတာပေါ့… Mission ရဲ့စွဲမှု၊ သူတို့ သာသနာပြုတာဖြစ်တယ်၊ ဘုရားရှိခိုးမှုတွေက သီချင်းတွေနဲ့ စွဲဆောင်လာခဲ့တော့ ပျော်လည်းပျော်စေတယ်၊ လူငယ်တွေမှာ သီချင်းဆိုရတာကို နှစ်သက်တယ်….
အောင်မြင် ။ ။၁၃ရက်နေ့က လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် အင်္ဂံလန်ကနေရော့ခ်စတားU2အဖွဲ့နေ၀မ်းမြောက်ဂုဏ်ယူကြောင်းသ၀ဏ်လွှာနဲ့ မြန်မာပြည်သူတွေအတွက်အားပေးစကားကို ချက်ခြင်းထုတ်ပြန်တယ်လို့ သိရပါတယ်။ U2အဖွဲ့ရဲ့ယခုလိုကျွန်တော်တို့တိုင်းပြည်အပေါ်ထားရှိစေတနာကို ကိုရဲလွင် လိုဂီတသမားတယောက်အနေနဲ့ တခုခုပြောပြပေးစေချင်ပါတယ်။
ကိုရဲလွင် ။ ။ယူတူးကတော့ … ဂီတကတော့ အနုပညာမှာ စာပေတွေ ဘာတွေလည်း လွတ်လပ်ငြိမ်းချမ်းချင်တဲ့ ပုဂ္ဂိုလ်တွေက ရှေ့ရောက်ရောက်သွားကြတာဘဲကိုး….
ကိုယ်ကြိုးရှာတဲ့သူ ထက်စာရင်ပေါ့…. ဂီလောကမှာ ယူတူးတို့ ဘာတို့… ရောခ့်အင်ရိုးသမားတွေက Love and Peace ဆိုတာကိုအဓိက ခင်မင်ကြတယ်… ကိုယ်တိုင်လည်းဘဲ ငြိမ်းချမ်းတာလိုချင်တယ်၊ နောင်လွတ်မြောက်တာလိုချင်တယ်… လွတ်လွတ်လပ်လပ် သီိချင်းဆိုတာတွေ.. ဘာတွေ.. လိုချင်တယ်၊ သီချင်းဆိုတဲ့သူက မဟုတ်တရုတ်တွေဆိုနေလို့လည်း ဘယ်သူမှာအားပေးမှာ မဟုတ်ဘူး…. သူဟာသူ ဘယ်လောက်ကြီး အသံကောင်းနေကောင်းနေ…… ရေးတာကိုလည်းကြိုက်မှာမဟုတ်ဘူး…. စောစောက အဓိပါယ်လည်းရှိတယ်.. ဒေါ်စုဆိုတာတော့ တကမ္ဘာလုံးရဲ့ ခေါင်းဆောင်လိုဖြစ်နေတာလေ… သူလွတ်မြောက်တာကိုဝမ်းမြောက်မှာ.. ဘာလို့လည်းဆိုတော့….. ယူတူးက ရှေ့ပိုင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ သီချင်းဆိုထားပေးတာဘဲ၊ သူတို့လည်းဝမ်းသာတယ်…သူတို့ဒီလို ဂီတသမားတွေရော၊ ကမ္ဘာထိပ်တန်းပုဂ္ဂိုလ်တွေကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်အတွက် တုန့်ပြန်နေကြတာကို အရမ်းလည်းဝမ်းသာတယ်။
တို့လည်း တတ်နိုင်ရင် ပြောခွင့်ရရင်…….ပြောချင်တယ်၊ သီချင်းဆိုခွင့်ရရင် ဒေါ်စုအတွက်…. ဒေါ်အောင်ဆန်းစုကြည်အတွက် ရေးထားတဲ့သီချင်းတွေရှိတယ်။ ဆိုချင်တယ်….. ဒီမှာကဆိုခွင့်မရဘူး။ ယူတူးဘဲ ကမ္ဘာကသိအောင်ပြောနေတာ။
အောင်မြင် ။ ။ကိုရဲလွင်အနေနဲ့လူငယ်တွေကိုပြောပြချင်တာလေးတွေ ပြောပေးစေလိုပါတယ်။
ကိုရဲလွင် ။ ။လူငယ်တွေကတော့ အနာဂတ်အတွက်လူကြီးဆိုတာ … ပြောနေကြဘဲလေ ဒါအ ထူးပြောစရာမလိုတော့ဘူး။ ကိုယ်ကျင့်သီလကတော့…. အားထုတ် လုံအောင်ကြိုးစားကြရမယ်…ဘာလဲကိုယ်ကျင့်သီလ ဆိုတာကို သိတဲ့ပုဂ္ဂိုလ်တွေမေး…. ကျောင်းတွေ ဘာတွေမှာဒါတွေကသင်တာ ပျောက်နေတော့….. ငါးပါးသီလဆိုတာ ဘာမှန်းမသိကြတော့ဘူး၊ ဖြစ်နေတယ်။ ပါးစပ်ကတော့ရွတ် နေတာလောက်ဘဲဖြစ်တာပေါ့…… အဲဒါကိုခါးဝတ်ပုဆိုးလိုမြဲရမယ်ဆိုတာကို တကယ်လိုတယ်… ငါပါးသီလကို….
ကျိုးရင်လည်းပြန်ဆောက်တည်ရမယ်… ကျိုးသွားနိုင်တယ်လေ.. ဘာလို့လည်းဆိုတော့ ကိုက လူထဲမှာနေတာလေ…..
ကလေးတွေဆိုလည်း အိမ်ကရိုက်မှာစိုးလို့ညာပြောမိတာတွေ ရှိတယ်…
ပြန်ဆောက်တည်ရမယ်… လောလောဆယ်အရိုက်မခံရရင်ပြီးဆို တာညာလိုက်တာပါလားလို့သိရင် ….ငါပါးသီလပြန်ထိမ်းနိုင်ရမယ်။ ဟိုတုန်းက သင်ခဲ့ရတဲ့…လောကနီတိတို့၊ပြည်သူ့နီတိတို့ကိုအခုကျောင်းတွေမှာမသင်တော့ မသိတော့ဘူး။သင်ပေးသင့်တယ်။ဒါတွေဟာလူလောကမှာအထောက်အကူပြုတယ်၊ ကိုကြိုးစားမှုအောင်မြင်မှုကို တဆင့်ခြင်းအောင်မြင်မှုကိုရမယ်။ ကို ကိုးကွယ်တဲ့ဘာသာတရားရဲ့ အဆုံးအမလည်းဖြစ်တယ်။
လူငယ်တွေက အများကြီး အရမ်းအားရပါတယ်…ကိုယ့်တိုင်းပြည်မှာသာ ပြောခွင့်မရှိတာတို့ ဘာတို့ဖြစ်နေလို့…. ကြောက်လို့တော့မဟုတ်ဘူး….. ဘာပြောရမှန်းလည်းမသိဘူး…….လူကြီးတွေကတော့ ထိပ်တိုက်တွေ့ခဲ့ဘူးကြလို့ ကြောက်ကြတာပေါ့….. လူငယ်တွေက သိပကြမ်းကြမ်းတမ်းတမ်း ထိပ်တိုက်မတွေ့ခဲ့ရဘူး…
ကောင်းမှု၊မကောင်းမှုအကုသိုလ်ကိုမိဘတွေကခွဲခွဲခြားခြားပြောမပြတတ်ကြဘူး……………. ဟိုတလောကဆို ဘယ်လိုတွေ့ရသလည်းဆိုတော့ လဘက်ရည်ဆိုင်မှာ သူတို့၂လုံး၊ ၃လုံးထိုးကြတယ် လောင်းကစားပေါ့…. ဟိုဘက်ဆိုင်ကဒိုင်ပေါ့….. ဒီဘက်က ဆိုင်ကအမေကမအားဘူး၊ သူမအားတော့
သူ့သားလေးကို အဲဒီနံပါတ်သွားထိုးလိုက်စမ်း……အလုပ်ကောင်းတဲ့အချိန်မှာ…. ဒါပေါက်သွားမှ သူတို့အမြတ်ပွားမှာ ..ဒါကို လုပ်ရကောင်းလည်းမသိဘူး၊ ရှက်ရကောင်းမှန်းလည်းမသိဘူး။ ဒါကို သက်ဆိုင်ရာကအရေးမယူဘူး …
လူတွေမပျက်ဆီး ပျက်ဆီးအောင်လေ…. သူတို့ကိုဆန့်ကျင်တဲ့သူကြ အဲဒါမျိုးလုပ်ရင်ဖမ်းတယ်။ အဲလို လောင်းကစားက မလုပ်တာကောင်းတယ်၊ ရွှံရှာရင်ပိုကောင်းတယ်……မဲဖောက်တာကအစ…..အပျော်တခါလောက်ကောင်းတယ်၊ မဲပါတဲ့ အရက်ပုလင်းဖွင့်လိုက်ရင်……တပုလင်းထပ်ရမယ်တို့ဘာတို့…..
အဲဒီမှာတပုလင်းထဲမ၀တဲ့ကောင်က အဲဒီလိုမဲပါတဲ့ပုလင်းတွေ လိုက်ဝယ်ပြီးတော့ ရအောင်လို့…..ပေါက်ချင်မှပေါက်တာ..သောက်လိုက်ရတာဘဲအဖတ်တင်တယ်။
လောင်းကစားတွေလည်းမလုပ်ပါနဲ့ ရှောင်ကျဉ်နိုင်ရင်အကောင်းဆုံးဘဲ… တခါတလေ အပျော်ကနေ စွဲသွားတတ်တယ်။
အခြေခံကတော့ လူငယ်တွေ ငါးပါးသီလလှုံခြုံကြပါ…………
ဘယ်ဘာသာဝင်ဘဲဖြစ်ဖြစ် ကိုယ့်ဘာသာနဲ့ပါတ်သက်တဲ့အဆုံးအမတွေရှိတယ်၊
အဲဒါတွေကိုဆောက်တည်နိုင်ရင်ကောင်းတာဘဲ၊
နောက်ပြီးတော့ မေတ္တာစိတ်မွေး………… မေတ္တာရှိတဲ့ပုဂ္ဂိုလ်က ကိုယ့်ကိုယုံကြည်တယ်၊ အန္တာရာယ်ကမရောက်နိုင်ဘူး။
ကိုရန်လိုတဲ့သူက ကို တည့်တည့်မကြည့်ရဲဘူး……



မြန်မာ့ဂီတသူရဲကောင်းတွေပါပဲ