Wiki Leaks အင်တာနက် စာမျက် နှာရဲ့ 
နောက်ထပ် ယိုစိမ့် ထွက်မှု မှာ တရုတ် နဲ့ 
အမေရိကန် ရဲ့ လှို့ ဝှက် သံတမန် ဆက်သွယ်မှု
တစ်ခု မှာ တရုတ်ခေါင်းဆောင် တစ်ဦး နဲ့ 
သံတမန် တစ်ဦးတို့ က အမေရိကန် နိုင်ငံခြား
ရေးဝန်ကြီး ဌာန နဲ့ တွေ့ ဆုံရာမှာ ၎င်း တို့ ဟာ
မြောက်ကိုးရီးယား ဆုံးမ လို့ မရတဲ့ ဆိုးသွမ်း
ကလေး ငယ်လို လုပ်နေတာ နဲ့ ပတ်သက်ပြီး
ခွင့် မလွှတ် နိုင်တော့ အကြောင်းနဲ့ မြောက်ကို
ရီးယား ကို ပြုပြင် ဖို့ အရေး ဆိုတာ စိတ်ကုန်
သွားပြီ ဖြစ်ကြောင်း ဖော်ပြပါရှိပါတယ်။
Wiki Leaks ၀ဘ်ဆိုတ်ရဲ့ နောက်ထပ် သတင်းပေါက်ကြားထွက်မှု တွေ မှာ အာရှ နိုင်ငံတွေ နဲ့ 
အမေရိကန် နိုင်ငံရဲ့ သံတမန် ဆက်ဆံရေး တွေ ပါဝင်နေပြီး အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး
ဟီလာရီ ကလင်တန် ကတော့ ၀ီကီလိခ် ကို ရှုံ့ ချပြစ်တင် ထားပါတယ်။
Wiki Leaks သတင်းစာမျက် နှာ ဟာ အခု နှစ် ဧပြီလ ထဲ မှ ပထမ ဦးဆုံး အကြိမ်အဖြစ် အီရတ်
နိုင်ငံမှာ အမေရိကန် ရဲ့ တိုက်ခိုက်မှု တွေကြောင့် အပြစ်မဲ့ အရပ်သား တွေ နဲ့  သတင်းထောက်
တွေ သေဆုံး ခဲ့ရတယ် ဆိုတာ ဖော်ထုတ် နိုင်ခဲ့ပါတယ်။
ဒီလို အစိုးရ အဆင့် လှို့ ဝှက် ကိစ္စတွေ ယိုစိမ့် ထွက် မှု တွေမှာ အာဖဂန် နစ္စတန် ခေါင်းဆောင်တွေ
က ဘိန်းကုန်ကူး တာ ကို အမေရိကန် အစိုးရ က မသိချင်ယောင် ဆောင်နေတယ် လို့ လဲ ၀ီကီ
စာမျက် နှာ မှာပေါ်ထွက် လာပါတယ်။
ဝီကီလိခ် ကို တည်ထောင် ခဲ့တဲ့ ဂျူလီယန် အဆာနဲ ကို အမေရိကန် အစိုးရက သူလျှိုလုပ်မှု
နဲ့  တရားစွဲ မယ် လို့ သိရပြီး ၀ီကီလိခ် အင်တာနက် စာမျက်နှာရဲ့ ဆာဗာ ဟာ တိုက်ခိုက်
မှု ခံနေရတာ ကြောင့် အမေဇုန် ရဲ့ ဆာဗာ ကို ပြောင်းလဲ သုံးဆွဲ နေရတယ် လို့ နောက်
ဆုံး သတင်း ရရှိပါတယ်။
ပြီးခဲ့တဲ့အောက် တိုဘာလ က အမေရိကန် အစိုးရ ရဲ့ စစ်ရေး လှို့ ဝှက်ချက်တွေ ပေါက်ကြားခဲ့ပြီး
အခု တစ်ခါ မှာတော့ နိုင်ငံခြားရေး ဌာန နဲ့ သံတမန် ရေး ကြေးနန်း လှို့ ဝှက်ချက် တွေ ပေါက်ကြား ခဲ့တာ
ဖြစ်ပါတယ်။

တရုတ်ကြီး
ကိုယ်မွေးတဲ့ မြောက် ကိုယ်နှိင်အောင်ထိမ်းပါ။
ဘာခုမှ..”ဆုံးမ လို့ မရတဲ့ ဆိုးသွမ်း ကလေး ငယ်လို လုပ်နေတာ နဲ့ ပတ်သက်ပြီး ခွင့် မလွှတ် နိုင်တော့ အကြောင်းနဲ့ မြောက်ကိုရီးယား ကို ပြုပြင် ဖို့ အရေး ဆိုတာ စိတ်ကုန်သွားပြီ” လဲ
နှိင်ငံ တကာအရေးမှာ အမျှော်မြင်နဲပါးမှု လူမျိုးကြီး လုပ်လိုမှုအတွက် ကိုယ့် တာဝန် ကိုယ်ယူရပါမယ်၊
သတိထား မြန်မာ စစ်အစိုးရလဲ တရုတ်ကြီး တာဝန် ကိုယ်ယူရပါမယ်၊