မြန်မာနှင့် ဆက်စပ်သည့် အမေရိကန်သံရုံး လှို့ ဝှက်ဖိုင်များ ၀ီကီလိခ် တွင် ဖတ်ရှု နိုင်ပြီ

Embassy of Rangoon သည် ကွန်ပျူတာ ဖန်သားပြင်၏ လက်ဝဲဘက် ထောင့်တွင် ဖြစ်သည်။

Updated ၊         ၊ရန်ကုန်မြို့  အမေရိကန် သံရုံး နှင့် ၀ါရှင်တန် ကြေးနန်း ပေါက်ကြားမှု အား
ဝီကီလိခ် တွင် တင်သည် နှင့် တစ်ပြိုင်နက် Freedom News Group မှ ဘာသာပြန်ဖော်ပြ
ပေးမည် ဖြစ်ပါသည်။

ကနဦး ပေါက်ကြားမှု မှာ အမေရိကန် သံရုံးဝန်ထမ်းတစ်ဦးက မိခင် နိုင်ငံခြားရေး ဌာန သို့ 
၂၀၀၄ ခုနှစ် က ပို့ သည့် ကြေးနန်း ဖြစ်သည်။ ထိုကြေးနန်း တွင် စစ်ဗိုလ်ချုပ် တွေ အကုန်
လုံးက သူတို့ သား သမီး တွေ ကို ကျွန်တော် တို့ နိုင်ငံမှာ ပညာ သင်ကြားစေလိုကြတယ်”
ဟူ ၍ ဖြစ် သည်။ Embassy of Bangkok ပေါက်ကြားမှု ၊ Embassy of Beijing ပေါက်ကြားမှု
နှင့် Embassy of Singapore ပေါက်ကြားမှု များ တွင် လည်း မြန်မာ နိုင်ငံ နှင့် နအဖ စစ်ခေါင်း
ဆောင် များ အကြောင်း ပါဝင်သည်။

ဝီကီလိခ် ပေါက်ကြားမှု တွင် မြန်မာ နိုင်ငံနှင့် ပတ်သက်သည့် အချက်အလက် မှတ်တမ်းဖိုင်တွဲ ပေါင်း
၁၈၆၄ ခုပါဝင်ပြီး ထို မှတ်တမ်းများသည့် ရန်ကုန်မြို့ အမေရိကန် သံရုံး နှင့် ၎င်း၏ ၀ါရှင်တန်ဒီစီ
ရှိ  အမေရိကန် နိုင်ငံခြားရေး ဌာန ကြေးနန်း ဆက်သွယ်မှုများ ဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေး ဌာန နှင့် ကမ္ဘာ တစ်လွှားရှိ သံရုံးများ မှ ကြေးနန်း ဆက်သွယ်မှု မှတ်တမ်းနှင့်
အစီရင်ခံစာပေါင်း 251287 (နှစ်သိန်းငါးသောင်းတစ်ထောင်ကျော် ရှိသည်အထဲမှာ
မနေ့က စပြီး အစီရင်ခံစာပေါင်း နှစ်ရာခုနှစ်ဆယ်ရှစ် ခုကိုလက်ဝဲထောင့်ရှိ သံရုံးအလိုက်၊
ခုနှစ်အလိုက်၊ လှို့ဝှက် အဆင့်အတန်းလိုက် စတင်ကြည့်ရှုနိုင်ပါပြီ။)

ဝီကီလိခ် သည် ထို ကြေးနန်း ပေါက်ကြားမှု များ ကို ၎င်း၏ အင်တာ စာမျက် နှာ တွင် သာမက
နယူးယောက်တိုင်း(အမေရိကန်)၊ ဂါဒီယန်း (ဗြိတိန်)၊ လမွန့် (ပြင်သစ်)၊ဒါစပီလ်ဂဲလ် (ဂျမာန်)၊
နှင့် စပိန် သတင်း စာ အယ်ပီယာ တို့ ကို လည်း မျှ ဝေပေးထားသည်။

မြန်မာ နိုင်ငံ အကြောင်း အမေရိကန် သံရုံး ကြေးနန်းသည် ဂါးဒီယန်း သတင်းစာ တွင် ဖတ်ရှု
နိုင်သည်။

6 thoughts on “မြန်မာနှင့် ဆက်စပ်သည့် အမေရိကန်သံရုံး လှို့ ဝှက်ဖိုင်များ ၀ီကီလိခ် တွင် ဖတ်ရှု နိုင်ပြီ

  1. Embassy of Rangoon သည် ကွန်ပျူတာ ဖန်သားပြင်၏ လက်ဝဲဘက် ထောင့်တွင် ဖြစ်သည်။
    အဲဒါ link ပဲလေ

  2. ဖတ်ရှုနိုင်တယ်ဆိုလည်း လင့်ခ် ပေးအုံးပေါ့ဗျာ။ ၀ီကီလိက် မှာကို ဖိုင်တွေအများကြီး မြန်မာ နဲ့ ပတ်သက်တာက ဘယ်ကြားညှပ်နေမှန်းမသိဘူး။

Comments are closed.