Lily’s Visits Thai-Burma Border Refugee Camp
မောင်သက်။ ။အသက် ၂၂ အရွယ်ရှိ နာမည် ကျော် ဗြိတိသျှ
သရုပ်ဆောင် နှင့် မော်ဒယ်(လ) တစ်ဦး ဖြစ်သည့်
လီလီ ကိုလ်း သည် ယမန်နေ့ က ထိုင်း နိုင်ငံ
မယ်ဟောင်ဆန် အတွင်း မြန်မာ နိုင်ငံ နယ်စပ်မှာ
ရှိတဲ့ ကရင်နီ ဒုက္ခသည် စခန်း မဲနယ်ဆွိုင် စခန်း
ကို လာရောက် လည်ပတ်သွား သည် ဟု ထိုစခန်းမှ
ဒုက္ခသည် တစ်ဦး ဖြစ်သူ ဦးဖူးရေထော က
Freedom News Group သို့ ပြောသည်။
နှစ်ရက် ကြာ လည်ပတ် သည့် ခရီးစဉ် အတွင်း
လီလီကိုး သည် စခန်း တာဝန် ရှိသူများ နှင့်တွေ့ ဆုံပြီး နောက် စခန်းတွင်း ရှိ ကလေးငယ်များ
စာသင်ကျောင်း နှင့် အသက်မွေးဝမ်းကျောင်းသင်တန်းများ သို့ သွားရောက် လေ့လာခဲ့သည်
ဟု သိရသည်။
၂၀၀၉ ခုနှစ် အတွင်း က ထိုစခန်း သို့ ပြင်သစ် နိုငငံခြားရေး ၀န်ကြီး ရာမာယာဒီ ၊
မင်းသမီး အန်ဂျလီနာ ဂျိုလီ နှင့် ဘရက် ပစ် တို့ ဇနီးမောင်နှံ လာရောက် လည်ပတ် ခဲ့သည်။
ထိုစခန်း တွင် အိမ်အလုံးပေါင်း ၁၅၀၀၀ ကျော်ရှိပြီး ၊ အချို့ ဒုက္ခသည် များ မှာ ထိုစခန်း တွင် ၂၅
နှစ် ကျော် နေထိုင် လာခဲ့ကြသူများ ဖြစ်ပြီး မိမိ အနေဖြင့် ထို ဒုက္ခသည် များ ကို စာနာသည်
ဟု ဆိုသည်။လီလီ ကိုလ်း သည့် TBBC သို့ လှုဒါန်းမှု များ ပြု ခဲ့ပြီး မြန်မာ တိုင်းရင်းသား
ပဒေါင် လူမျိုးများ အတွက် လည်း ကူညီထောက်ပံ့မှု များ ဆက်လက်လုပ် မည် ဟု သိရသည်။
လီလီကိုလ်း သည် ကမ်ဘရေခ်ျ တက္ကသိုလ်မှ သရုပ်ဆောက် အနုပညာရပ် နှင့် ဘွဲ့ ရရှိခဲ့ပြီး
Vogue, Hello, Bazar, Play Boy စသည့် မဂ္ဂဇင်းများ ၏ နာမည် ကျော် မော်ဒယ်(လ) တစ်ဦး ဖြစ်သည်။
သူမ သည် လူမှု ရေး လုပ်ငန်းများ ကို ၀ါသနာ ပါသူ တစ်ဦး ဖြစ်ပြီး ဗြိတိသျှ အဆိုတော် အယ်(လ)တန်ဂျွန်၏
၏ ဖောင်ဒေးရှင်း တွင် လည်း စေတနာ့ ၀န်ထမ်း ပါဝင် ဆောင် ရွက်သည်။




ဒီလိုဆိုတော့လည်း နအဖ ပိုပြီး ဂုဏ်သိက္ခာ တက်တာပေါ့
နိုင်ငံတကာ အနုပညာရှင်များရဲ့ လူမှုရေးဆောင်ရွက်ချက်တွေ လူသားချင်းစာနာထောက်ထားမှုတွေဟာ ဟိုးအရင်ကတည်းက ကမ္ဘာတစ်လွှားမှာ ခွန်အားဖြစ်စေခဲ့ပါတယ်။ ခု လီလီကိုလ်း ရဲ့ ဆောင်ရွက်ချက်ဟာလည်း စခန်းမှာရှိနေတဲ့ ဒုက္ခသည်တွေအဖို့ ခွန်အားဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။ မြန်မာအနုပညာရှင်တွေထဲမှာလည်း ဒီလိုစိတ်ဓာတ်ရှိတဲ့သူတွေ အများကြီးပါ။(အားလုံးတော့မဟုတ်ဘူးပေါ့)။ တစ်ခုတွေးမိတာက ဒုက္ခသည်စခန်းတွေရှိနေတာဟာ ဒုက္ခသည်တွေရှိနေလို့ပါပဲ။ ဒုက္ခသည်တွေရှိနေတယ်ဆိုတာ ကျွန်တော်တို့မှာ ဒုက္ခတွေရှိနေသေးတယ်ဆိုတာ အထင်အရှားပါပဲ။ မေ့မထားအပ်တဲ့ကိစ္စတွေ အများကြီးရှိနေသေးတယ်ဗျာ။