နှစ် ၉၀ ပြည့် အမျိုးသား အောင်ပွဲ နေ့ အခမ်းအနား
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ရုံးဉ် ကျင်းပသည့် အမျိုးသား အောင်ပွဲနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် က အမျိုးသားနေ့ ကြောင့် ပြည်သူတို့ နိုင်ငံရေး အသိအမြင်များ ပြန်လည် နိုးကြားလာမှု ကို တက်ရောက်လာသူများ အား ဟောကြားနေစဉ်
တန်ဆောင်မုန်း လဆုတ် ၁၀ ရက်နေ့ မှ ကျရောက်တဲ့ အမျိုးသား အောင်ပွဲနေ့  အခမ်းအနား
ကို ရန်ကုန်မြို့ က နေရာ အတော်များများ မှာ ကျင်းပခဲ့ကြရာမှာ ၀ါရင့် နိုင်ငံရေး သမားကြီး သခင်
သိန်းဖေ ရဲ့ အိမ်မှာ လည်းကျင်းပတယ် လို့ သတင်းရရှိပါတယ်။ မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု
သမိုင်းရဲ့ အထင်ကရ နေ့ ကြီး တစ်ခု ဖြစ်တဲ့ အမျိုးသား အောင်ပွဲနေ့ အခမ်းအနားကို သခင်သိန်း
ဖေရဲ့ အိမ်မှာ ကျင်း ပခဲ့ရာ မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် က ဦးတင်ဦး နဲ့ ဦးဝင်တင် အပါအ၀င်
နိုင်ငံရေး အင်အားစုတွေ တက်ရောက် ခဲ့ကြတယ် လို့ သတင်းရရှိပါတယ်။
သခင်သိန်းဖေ နေအိမ်တွင် ကျင်းပသည့် အမျိုးသား အောင်ပွဲနေ့ အခမ်းအနား သို့ တက်ရောက် လာသည့် သတင်းစာဆရာ ၊ အမျိုးသား နိုင်ငံရေး ရင်ကြားစေ့ပေးသူ ဦးဝင်းတင်
နှစ်စဉ် တန်ဆောင်မုန်း လဆုတ် ၁၀ ရက်နေ့ ကို မြန်မာ တို့ က အမျိုးသား နေ့ အဖြစ်သတ်မှတ်ထား
သည်။ စစ်အစိုးရ အာဏာရပြီး နောက် ပိုင်းတွင် ရန်ကုန်မြို့ မြို့ မ အားကစားကွင်း ၊စမ်းချောင်း ပုဒ္ဓမ္မာ
ကွင်းများ ဉ် အမျိုးသားအောင်ပွဲ နေ့ အခမ်းအနား များ ကျင်းပသည် ကို ဖျက်သိမ်းခဲ့ကြသည်။
၁၉၂၀ ကောလိပ် သပိတ် စတင်သည့် နေ့ ဖြစ်သည့် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်
နေ့ ကို အမျိုးသား နေ့ အဖြစ် သတ်မှတ်ထား ခြင်း ဖြစ်သည်။
လွတ်လပ်ရေး ကြိုပမ်းမှု နှင့် ဆက်စပ် နေ သည့် အခြားနေ့ များ သည် အနောက်တိုင်းပြက္ခ
ဒိန် တစ်ခု ဖြစ်သည့် ဂရီဂိုရီယန် ပြက္ခဒိန် မှ နေ့ စွဲများ ကို အခြေခံ ထားခြင်း ဖြစ်ပြီး အမျိုးသား
အောင် ပွဲ နေ့ တစ်ခုတည်းသာ မြန်မာ ပြက္ခဒိန် ကို အခြေခံထား ခြင်း ဖြစ်သည်။
အမျိုးသား အောင်ပွဲ နေ့ အခမ်းအနား ကို ရန်ကုန် မြို့ ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ရုံးတွင်
လည်း ကျင်းပမည် ဟု သိရသည်။
အမျိုသား ဒီမိုကရေစီ အဖွဲ့ ချုပ်ရုံးဉ် ကျင်းပသည့် အမျိုးသား အောင်ပွဲ နေ့ အခမ်းအနား
ရန်ကုန်မြို့ တွင် ကျင်းပ သည့် နှစ် ကိုးဆယ်ပြည့် အမျိုးသား အောင်ပွဲ နေ့ အခမ်းအနား
6 thoughts on “နှစ် ၉၀ ပြည့် အမျိုးသား အောင်ပွဲ နေ့ အခမ်းအနား
  1. neopatriot ခင်ဗျာ။ တက်ဘုန်းကြီးသိန်းဖေ ဖြစ်ပါတယ်။ တတ်ဘုန်းကြီးမဟုတ်ပါ။ ကိုလိုနီခေတ်က ယိုယွင်းနေတဲ့ သံဃာဆိုးတွေကို ပြုပြင်ရေးအတွက် တက်ဘုန်းကြီးဝတ္ထုကို ရေးခဲ့လို့ အဲဒီအမည်တွင်တာပါ။ ဆရာလုပ်ခြင်း မဟုတ်ပါ။ မျှဝေခြင်းသာဖြစ်ပါသည်။
    1. ကိုတင်မိုး ခင်ဗျ။ FNG မှာ အဲဒီလို သမိုင်း နဲ့ ပတ်သက်ပြီး မေးမြန်းစုံစမ်း တဲ့သူတွေ ရှိပါတယ်။ ကိုတင်မိုးအနေ နဲ့ လိုအပ်လို့ စေတနာ့
  2. သခင်သိန်းဖေဆိုတာသွားလေသူတတ်ဘုန်းကြီးသိန်းဖေမြင့်ကိုဆိုလိုပါသလား။
  3. FNG ရေ…..“အမျိုးသားအောင်ပွဲနေ့ နှင့်ကျွန်တော်” ဆိုတဲ့ သတင်းကို ဝင်ဖတ်လို့ မရပါဘူးခင်ဗျာ။ ဝင်လိုက်တိုင်း 400 Bad Request လို့ပဲ ပေါ်ပေါ်လာတယ်။ ဘယ်လို အကြောင်းကြောင့်လဲဆိုတာ သိပါရစေ။ FNG က သတင်းတိုင်းကို အားပေးဖတ်ရှု နေကြဖြစ်နေလို့ပါ….။
  4. ” လာမယ့်ဘေး ပြေးတွေ့ ” တဲ့
    ပြည်တွင်းကသူတွေဘဲတွေ့ကြပါ၊
Comments are closed.