ကရင်ပြည်နယ်တွင်းရှိ နယ်ခြားစောင့်တပ် များ အား နအဖ တပ်များ ကထိုးစစ်ဆင်

အောင်မြင်၊       ၊ဒီဇင်ဘာ ၁ရက်နေ့ ညနေ ၆နာရီ ၁၀မိနစ်အချိန်ခန့်တွင် ကရင်ပြည်နယ်
ကော့ကရိတ်မြို့တောင်ဘက် တတိုင်ကူးကျေးရွာအနီးတွင် နအဖစစ်တပ် ခလရ ၂၀၃ နှင့် ၂၃၁ တပ်ရင်းစစ်ကြောင်းအားခြုံခိုတိုက်ခိုက်ရာ နအဖစစ်သည်တဦးနှင့် အရပ်သားပေါ်တာတဦး
သေဆုံးကြောင်း ဒေသခံတဦးက FNG ကိုပြောပြပါတယ်။ ထိုတိုက်ပွဲဖြစ်ပွားရာ နေရာအနီးတွင် ကရင်ငြိမ်းချမ်းရေးကောင်စီဗိုလ်ထိန်မောင်၏တပ်များရှိသလို၊ဒီကေဘီအေတပ်အချို့လည်း
အခြေစိုက်ဒေသဖြစ်သောကြောင့် မည်သည့်အဖွဲ့နှင့်တိုက်ပွဲဖြစ်ပွားကြောင်း ဆက်လက်စုံ
စမ်းနေဆဲဖြစ်ပါတယ်။

ယမန်နေ့ညနေ ၂နာရီခွဲအချိန်ခန့်တွင် မြဝတီအခြေစိုက် သင်္ကန်းညီနောက်ရှိ ၃၅၆တပ်ရင်းသည် နအဖတိုက်များအကျအဆုံးများရာ ဖလူးကြီးဒေသဘက်တို့အရေးပေါ်စစ်ကူထွက်သွားတာကို မြင်လိုက်ရတဲ့ မြဝတီမြို့ခံတဦးကပြောပြပါတယ်။

မြဝတီမြို့ပေါ်တွင် ဗိုလ်ချစ်သူဦးဆောင်တဲ့ နယ်ခြားစောင်တပ် ၁၀၁၁ တပ်ရင်းမှရဲဘော်များကို
နအဖစစ်ဗျူဟာမှုးမှ လက်နက်ကိုင်ဆောင်ခွင့်မပြု ကင်းစောင့်ခိုင်းကြောင်းလည်းသိရပါတယ်။ နယ်ခြားစားတပ်အတွင်းမှ ရဲဘော်များဟာ အခုလို နအဖရဲ့ ကန့်သတ်ချုပ်ချယ်မှုတွေကို မကျေ
မနပ်ဖြစ်နေကြပြီး မိမိတို့ညီနောင်များရှိရာ ဒီကေဘီအေနှင့် ကေအင်ယူများ ရှိရာသို့ အခြေအနေပေးလျင် ထွက်ပြေးဖို့ပြင်ဆင်နေကြကြောင်းကို သူတို့နှင့်နီးစပ်သူကုန်သည်တဦးက ပြောပြပါတယ်။

ယနေ့မနက်ကော့ကရိတ်တောင်ဘက်တွင်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်းကြားသိရ သော်လည်းတိုက်ပွဲတွင်ထိခိုက်ဒါဏ်ရာရမှုအခြေအနေအသေးစိတ်ကိုဖုန်းဆက်သွယ်မရသေး ကြောင်း သတင်းထောက်တဦးကပြောပြပါတယ်။

One thought on “ကရင်ပြည်နယ်တွင်းရှိ နယ်ခြားစောင့်တပ် များ အား နအဖ တပ်များ ကထိုးစစ်ဆင်

  1. အရင်းစစ်ကြည့်တော့ ကိုယ့်လူမျိုးတွေသာလျှင်နစ်နာရတာပဲ။နှစ်တွေလဲမနည်းတော့ဘူး။
    ဆရာမသေခင်တိုင်းပြည်မှာတကယ့်ငြိမ်းချမ်းရေးအစစ်ကိုမြင်သွားချင်တယ်ဆိုတဲ့
    ဆရာကြီးသခင်ကိုယ်တော်မှီုှ်ုင်းစကားကိုပဲ သတိရမိတယ်ဟေ့…

Comments are closed.