ယခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ က အမေရိကန်
နိုင်ငံ နီဝခ် လေဆိပ်တွင် ဖမ်းဆီးထိန်းသိမ်းခံရပြီး
နောက် သက်သေထောက်ထား မခိုင်လုံ၍
လွှတ်ပေးလိုက်သည့် အမေရိကန် နိုင်ငံသား
ဂျက်ကော့ဘ် အယ်(ပ)လ်ဘမ် သည် မြန်မာ
နိုင်ငံတွင် ရောက်ရှိ နေနိုင်ပြီး ၀ီကီလိခ်၏
လုပ်ငန်းဆောင်တာ များ ကို စေတနာ့ ၀န်ထမ်း ကူညီလုပ်ဆောင် နေနိုင်သည် ဟု ယူဆရကြောင်း
ရိုးလင်းစတုန်း မဂ္ဂဇင်း ၊ CNET နည်းပညာ
သတင်းစာမျက် နှာ နှင့် PC Worldမဂ္ဂဇင်း တို့ 
တွင် ရေးသားထားသည်။
အယ်(ပ)လ်ဘမ်သည် တတိယ မျိုးဆက် ကွန်ပျူတာဟက်ကာ သမား တစ်ဦး ဖြစ်ပြီး FBI ၏
စောင့်ကြည့်ခြင်း ကို ခံရသူ ဖြစ်သည်။သူသည် ၀ီကီလိခ် ၀ဘ်ဆိုတ် တွင် အာဖဂန် စစ်ပွဲ မှတ်တမ်း
များ ကို တင်သည့် အချိန် မှစပြီး နိုင်ငံတွင်း မှ ပျောက် ကွယ်သွား သည် ဟု ယူဆရသည် ဟု
ရိုးလင်း စတုန်း မဂ္ဂဇင်း က ရေးသား ထားသည်။
ယခင် ကလည်း ဂျက်ကော့ ဆွီဒင်၊ဘန်ကောက်၊ချင်းမိုင်၊ ဂျပန်၊ အော်စလို ၊ နမီဘီးယား စသည့်
နိုင်ငံများ တွင် ကျင်းပသည့် နိုင်ငံတကာ ဟက်ကာကွန်ဖရန့် များ သို့ တက်ရောက်ခဲ့သည်။သူသည်
မြန်မာ နိုင်ငံ မှာ ဟက်ကာများ နှင့် ၎င်းတည် ထောင်ထားသည့် ဒဖ်ကွန် ဒဖ်ကွန် ဟက်ကာ ကွန့် ဖရန်
့အုပ်စု တွင် တွေ့ ဆုံ ခဲ့ပုံ ရသည် ဟု CNET ကသုံးသပ်ထားသည်။ လက်ရှိ ၎င်း ၏ ဟက်ကာကွန်ယက်
တစ်ခု ဖြစ်သည့် Block finder ၏ IP များသည့် မြန်မာ နိုင်ငံမှ ဖြစ်ကြောင်း ရိုးလင်း စတုန်း မဂ္ဂဇင်းက
ရေးသားထားသည်။

ဒီလိုဗျ
ကိုယ်တွေ့ကြုံဖူးတာလေးရှိပါတယ်
မြန်မာ မှာ ကွန်နက်ရှင် အမြန်လိုင်းတွေရှိပါတယ်
တကယ်တန်းမလေးတဲ့ အိုင်ပီတွေရှိပါတယ်
တမင်သက်သက် နှေးထားတာပါ
ရန်ကုန်မြို့တခုလုံးက ဆိုင်ဘာကဖေးတွေ ကို
ပါဘလစ် ကွန်နက်ရှင်တွေကို အိုင်ပီ သုံး လေးခု တည်း အောက်မှာ
နောက်ထပ် အိုင်ပီတွေ လေးတွေ ခွဲပြီး နှေးထားတာပါ ။
လိုင်းမခွဲထားတဲ့
မိန်းအိုင်ပီတွေကိုသုံးပြီး
စမတ် တယ်လီဖုန်းကနေ အင်တာနက် သုံးနိုင်သူတွေ
ယူကျူ့ ကြည့်လို့ရသူတွေ တကယ်ရှိနေပါတယ်
Code ကလေး ငါးခုလောက်ရိုက်လိုက်တာ နဲ့ Booster သဘောမျိုး အင်တာနက် ဖိုင်လွှဲပြောင်း စနစ်မြန်သွား အောင်လုပ် လို့ ရတယ်။
ဒါက တော့ ISP အတွေ့ အကြုံရှိတဲ့ ကွန်ပျူတာ အင်ဂျင်နီယာ တွေ မှ လုပ်လို့ ရတယ်။ နောက်တစ်နည်းက တော့ ဘယ်နာရာရောက်နေရောက်နေ ဂြိုလ်တု ၊ ဒါမှ မဟုတ် ဆဲလ်ဖုန်း က တိုက်ရိုက် အင်တာနက် သုံးလို့ ရတယ်။ ဒါက အလုပ်သိပ်မဖြစ်ဘူး … သတင်းထောက်တွေ သုံးတယ် ..IP ကို ဖျောက်လို့ မရဘူး
မြန်မာပြည် ကော်နက်ရှင်းနဲ. ဟက်ကာကြီးတောင် ငိုသွားဦးမယ်.. :P