Sarkozy Concerns French Business In Burma
တင်ကျော်ကျော်စိုး၊ ၊ပြင်သစ် နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ခရစ် စတယ်ပလ်တန်
က ၀ါရှင်တန်ရှိ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဌာန ဆီ ပြန်လည် အစီရင်ခံတင် တဲ့ ကြေးနန်း စာတွေ ထဲက တစ်စောင် မှာတော့ပြင်သစ် သမ္မတကြီး နီကိုလစ် ဆာကိုဇီ ဟာ မြန်မာ နိုင်ငံတွင်း မှာ ရှိတဲ့ ပြင်သစ်ရဲ့ 
ရင်းနှီးမြုပ်နှံမှု တွေကို ပြန်လည်ရုပ်သိမ်း ချင်တယ် လို့ ပါရှိပါတယ်။
သံအမတ်ကြီး ကို ၀ါရှင်တန် ကို ပြန်ပို့ တဲ့ ဒီကြေးနန်းဟာ သာမန် ကြေးနန်း တစ်စောင် အဆင့်မဟုတ
ထိပ်တန်းလျှို့ ဝှက် အဆင့် နဲ့  ခေါင်းစဉ် နဲ့  အစီရင်ခံတင် တဲ့ ကြေးနန်း တစ်စောင် ဖြစ်နေပါတယ်။
ယနေ့ ပြင်သစ်ရုပ်သံလိုင်း တစ်ခု ဖြစ်တဲ့ French 24 က နေ ထုတ်လွှင့် သွားခဲ့ရာမှာ အမေရိကန် သံအမတ်
ကြီး ကအခုလို အစီရင် ခံစာ တင်ရတဲ့ အကြောင်းကတော့ ပြင်သစ် သမ္မတ ဟာ မြန်မာ နိုင်ငံရေး အ
ခြေအနေကြောင့် ၎င်းတို့ နိုင်ငံရဲ့  ရင်းနှီးမြုပ် နှံ တွေဟာ မြန်မာနိုင်ငံတွင်းမှာ အလဟဿ ဖြစ်ကုန် မှာ
စိုးတာ ရယ် မြန်မာ စစ်အစိုးရ က နိုင်ငံတွင်းမှာ ဒီမိုကရေစီ တိုးတက်ဖြစ်ထွန်းဖို့ မရည်ရွယ်တာတွေ
ကြောင့် ဖြစ်တယ် လို့ ဆိုပါတယ်။
ပြင်သစ် နိုင်ငံဟာ မြန်မာ နိုင်ငံတွင်းမှာ ဟိုတယ် နဲ့ ခရီးသွားလာရေး၊ ဆက်သွယ်ရေး နည်းပညာ အပါ
အ၀င် ၊ ပြင်သစ် နိုင်ငံရဲ့ အကြီးဆုံး Total ရေနံ ကုမ္ပဏီကြီး ကလည်း မြန်မာ နိုင်ငံက ရတနာ ရေနံ နဲ့ 
သဘာဝ ဓာတ်ငွေ့ လုပ်ကွက်ကြီးမှာ လာရောက်ရင်းနှီးမြုပ်နှံထားပါတယ်။
ခရစ် စတယ်ပလ်တန်က မြန်မာ နိုင်ငံ ကို အခုလို ကြေးနန်း ပြန့် ပို့ ရတဲ့ အချက်ကတော့ အမေရိကန်ရေ
နံ ကုမ္ပဏီကြီး တစ်ခု ဖြစ်တဲ့ Chevron ရေနံ ကော်ပိုရေးရှင်း ကလည်း မြန်မာ နိုင်ငံမှာ လာရောက် ရင်း
နှီးမြုပ်နှံ ထား လို့ ဖြစ်ပါတယ်။
ပြင်သစ် နိုင်ငံဟာ မြန်မာ နိုင်ငံတွင်းမှာ အမေရိကန် ဒေါ်လာ သန်းလေးထောင် ကျော်ရင်းနှီးမြုပ် နှံထား ပါတယ်။

ဟာဟ- ရယ်ရတယ် ၊ စီးပွားရေးဆိုတာ မြတ်ချင်လို့လုပ်တာ၊ ဘယ်သူမှ အရင်းအကြေဘဲ မစွန့်လွှတ်ပါဘူး၊