House Arrests Ex-Spy Chief Release But Probation Era
Updated စစ်ထောက်လှမ်းရေး အရာရှိ နှစ်ဆယ် ကျော်ကို ပြန်လည် လွှတ်ပေးမည် ဟု ထောက်
အကျဉ်းသား မိသားစု သတင်း ရပ်ကွက် မှ သတင်းရရှိ (နံနက် ၁၁း၀၀)
စနေနေ့ နံနက် ၅ နာရီ မိနစ် ၃၀: နေအိမ် အကျယ်ချုပ်မှ ကွင်းလုံးကျွတ် လွတ်မြာက်ခြင်း မဟုတ်
ပဲ အကန့် အသတ် ဖြင့်သာ လွတ်မြောက်ခြင်း ဖြစ်သည် ဟု ထပ်မံ သတင်းရရှိသည်။
့
ဟိန်းခိုင်ထွန်း၊ ၊၂၀၀၄ ခုနှစ် အောက်တိုဘာ
လ ၁၈ ရက်နေ့ က မန္တလေး မြို့ မှ အပြန်
ရန်ကုန် မင်္ဂလာဒုံ လေဆိပ် တွင် ဖမ်းဆီးခံရပြီး
နောက် အမိန့် မနာခံမှု ၊ လာဘ်စားမှု ၊မရိုးမသား
လုပ်မှု များ ဖြင့် ရာ ထူး မှ ဖယ်ရှာခြင်း ခံခဲ့ရ သည့် ထောက်လှမ်းရေး အကြီးအကဲ ဟောင်း နှင့်
ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့် အား
ဒီဇင်ဘာလ ၃ရက်နေ့ သောကြာနေ့ ည ၁၂ နာရီ
ခန့် တွင် နေအိမ်အကျယ်ချုပ် မှ ပြန်လည် လွှတ်ပေး
လိုက်သည် ဟု သတင်းရရှိသည်။
ဗိုလ်ချုပ် ခင်ညွန့် အား နေအိမ် အကျယ်ချုပ် မှ ပြန်လည် လွှတ်ပေး သည် ဆိုသည့် သတင်း နှင့် ပတ်
သက်၍ ဗိုလ်ချုပ်ခင်ညွှန့် ၏ အိမ် အနီးတွင် နေထိုင်သူ တစ်ဦးက ည ၁၁ နာရီ ခွဲလောက်မှာ စစ်ကား
တွေရောက်လာတယ်။ ရဲကား နှစ်စီးလဲ ပါတယ်။ ဘာဖြစ်လဲ ဆိုတာ တစ်လမ်း လုံးက စောင့်ကြည့်
နေကြတာ ။ နောက် အားလုံး ပဲ ရယ်ရယ်မောမောနဲ့  ပြန်ထွက် သွား တယ်။ ဗိုလ်ချုပ် ခင်ညွန့် ကို
လည်း ခြံထဲ မှာတွေ့ တယ်။ပြီးတော့ သူ ခြံတံခါးရှေ့ က လုံခြုံရေး အစောင့် တွေ က သံဆူးကြိုးတွေ
ဖယ်လိုက်တယ် ..အစောင့်တွေ ကတော့ အခုထိ ရှိသေးတယ် ၊ ဘေးအိမ်တွေ မှာ လည်း သူ့ လို နေအိမ်
အကျယ်ချုပ် တစ်ယောက် ရှိသေးတယ် ဟု FNG သို့ ပြောသည်။
ဗိုလ်ချုပ်ကြီး ခင်ညွန့် သည် နေအိမ် အကျယ်ချုပ် ဖြင့် ခြောက်နှစ် ကျော် နေထိုင်စဉ် ကာလ အတွင်း
ငွေကြေးပြတ်လပ်၍ ၎င်း၏ Air Force ဂျာကင် များ ကို လုံခြုံရေး အစောင့် စစ်သားများ မှ တစ်ဆင့်
အပေါင်ဆိုင်များ တွင် သွားရောက် ရောင်းချရသည် ဟု သိရသည်။
FNG သည် ထိုသတင်း ကို သီးခြား အတည်ပြု နိုင်ခြင်း မရှိသေး သော်လည်း ထိုသတင်းနှင့်ပတ်သက်၍ တိုးတက်ဖြစ်ထွန်းသမျှ ကို ထပ်မံ တင်ဆက် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။
သတင်းတင်ချိန် ။ ဒီဇင်ဘာ ၄ ရက် နံနက် ၁း ၁၀ နာရီ

u khin nyunt bye go to jail or hell?
အများကြီးထူးဆန်းပါတယ်..
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး ၂၁ရာစု ပင်လုံညီလာခံ ခေါ်မယ်ဆိုတယ့်သတင်းကြားတာနဲ့
မောင်သန်းရွှေတို့က လုပ်ချလိုက်ပြန်ပြီ..
ဘာကြောင့်လဲဆိုတော့..ကျွန်တော်လက်လှမ်းမှီသလောက် သုံးသပ်ပြရရင်တော့..
၁။ မောင်ခင်ညွှန့်သည် အဖမ်းမခံရခင်က လက်နက်ကိုင်တိုင်ရင်းသားအဖွဲ့တော်တော်များများနဲ့ ငြိမ်းချမ်းရေးရရှိအောင် ဦးဆောင်ဆွေးနွေးခဲ့သူလည်းဖြစ်တယ်။
၂။ မောင်ခင်ညွှန့်သည်..သူအထိန်းအသိမ်းမခံရခင်က ပြည်သူလူထုကြားထဲမှာ တဖြည်းဖြည်း နာမည်ကြီးပြီး နွေးထွေး အပြုသဘောဆောင်တယ့်ပုံစံမျိုးရှိခဲ့ဘူးတယ်။
၃။ ထိုအချိန်က အာဆီယံ နဲ့ ပြည်တွင်းမှာလည်း ပြုပြင်ပြောင်းလဲရေးသမားဆိုပြီးလေသံပစ်မှုကြောင့် ပြည်သူတွေက သူ့အပေါ်မှာ မျှော်လင့်ချက်တွေနဲ့ အမြင်တွေပြောင်းလာခဲ့ဘူးတယ်..
၎။ လူငယ်ကြားမှာလည်း အင်တာနက်ကွန်ယက်ကို စတင်ခဲ့သူအဖြစ်လည်း ထိုအချိန်ကခဏနာမည်ကောင်း ရခဲ့ဘူးတယ်..
၅။ ပညာရှင်အသိုင်းအ၀ိုင်းကို တဖြေးဖြေးနေရာပေး လေးစားလာမှုတွေကြောင့် အစိုးရအတွင်းပိုင်း အပြင်ပိုင်းမှာပါ ခါတော်မှီအချိန်လေး နာမည်ကောင်းရခဲ့ဘူးတယ်။
၆။ ဥပဓိ ရုပ် သန့်ပြန့်မှု အရလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရိပ်လောက်ရှိခဲ့ဘူးတယ်..။
၇။ ရွှေတဂုံစေတီတော်ကြီးတောင် သူတစ်ယောက်သာလျှင်ထီးတက်တင်နိုင်တယ့်အတွက် လည်း ဘုန်းကံအရ နည်းနည်းအရှိန်တက်ခဲ့ဘူးတယ်။
၈။ နိုင်ငံရေး၊ စစ်ရေး ဗျူဟာနှင့် ပညာအရေအချင်းအရပါ မောင်သန်းရွှေတို့အဖွဲ့မှာ သူတစ်ယောက်သာလျှင် တင်းပြည့် ကျပ်ပြည့် ဖြစ်ခဲ့ဘူးတယ်။
ဒါကြောင့်မို့..မောင်သန်းရွှေတို့အနေနဲ့
—အခုအချိန်မှာလည်း အရှက်မရှိရွှေးကောက်ပွဲကြောင့် မျက်နှာငယ် ဦးနှောက်ခြောက်နေရသလို.. ကရင်က တိုက်နေ.. ကချင် နဲ့ ရှမ်းက တိုက်ဖို့ပြင်နေ..ရခိုင်..မွန်..ဗမာတွေက နိုင်ငံရေးအရ တိုက်နေ စတယ့် အချက်တွေကြောင့်လား…
—အခုပြီးသွားတယ့် မဲလုပ်ကြံပွဲကြီးနောက်ပိုင်း လွှတ်တော်ခေါ် အစိုးရဖွဲ့တယ့်အခါ အခုမှ ၀ှက်ဖဲ မောင်ခင်ညွှန့်ကိုထုပ်သုံးပြီး ရုပ်သေးအစိုးတင်.. မောင်သန်းရွှေတို့ လက်တစ်ဆုပ်စာ အဖွဲ့က နောက်ကကြိုးကိုင် မယ့်ပုံလား….
—ဒေါ်အောင်ဆန်းစုကြည်နဲ့အပြိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဦးဆောင်လုပ်စေချင်တာလား….
—ဒေါ်အောင်ဆန်းစုကြည် လွှတ်လာတယ့်အခါမှာ..သူမရဲ့ ဘုန်းကံအရှိန်နဲ့ လူထုရဲ့ တခဲနက်အားပေးထောက်ခံမှုကို ကြောက်ပြီး တချိန်က ၄လ၊ ၅လ တာ ခါတော်မှီ ဘုန်းကံကြီး လူကြိုက်များခဲ့ဘူးတယ့် မောင်ခင်ညွှန့် ကို အသုံးချပြီး ဗေဒင် အရ ဓာတ်ရိုက်ဓာတ်ဆင်လုပ်တာ လား (ခင်= ခ (တနင်းလာ)၊ ညွှန့်=ည (အင်္ဂါ)….စု=စ (အင်္ဂါ)၊ ကြည်=က (တနင်းလာ)) စသည်ဖြင့် ယုတ်မာပတ်စက်သော ကျွန်တော်တို့၏ တရုပ်ပြည်သူ့ သမတ နိုင်ငံတော်ကြီး၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြန်မာဒေသ အစိုးရဲ့ နိုင်ငံရေး အိုင်ဒီယိုလော်ဂျီများအား.. အိုဘားမားတို့..ဘန်ကီမွန်းတို့တောင်လိုက်လို့ တွေးမမှီနိုင်အောင်ပင်ဖြစ်တော့သည်။
မောင်သန်းရွှေ..လိမ်နေသည်..
မောင်သန်းရွှေ..ညာနေသည်..
မောင်သန်းရွှေ ပြည်သူနှင့်တပ်မတော်ရန်တိုက်ပေးနေသည်.. သွေးခွဲပေးနေသည်…
ထို..ကန်းကုန်အောင်မိုက် ပြောပြစရာစကားမရှိအောင် ယုတ်မာသော
ခလောက်ဆံ အကောက်ကြံ
အမျိုးယုတ် လက်တစ်ဆုပ်စာ လူသတ်သမားများစကား..
နားမယောင်လေနဲ့သတိထား
တူသောအကျိုးပေးလိမ့်မယ်
I think we need to watch.
ဗိုခင်ညွန့်ကို သန်းဆွေ အပြတ် နှိပ်ကွပ်ထားတယ် ခိုင်းတာမလုပ်လို့ အခုတော့လုပ်တော့မယ်လို့ဂတိပေးလိုက်ပြီထင်တယ်
သား သမီးနဲ့ ကိုင်လိုက်တော့ ဇက်ကျိုးသွားပြီဖြစ်မယ် ဒေါ်စုလုံခြုံရေးအရမ်းဂရုစိုက်ဘို့လိုနေပြီ တစ်ချက်ထဲနဲ့နှစ်ကောင်
ပစ်တဲ့အကွက်ဘဲ အရမ်းကောက်ကျစ်တယ်။
ဒါဆို လွတ်လာတဲ့ ခင်ညွှန့်ကြီး နက်ဖြန် နေ့လည် ၁၂ နာရီ တရားဟောမယ် ဆိုရင် ဘယ်လိုနေမလဲ မသိဘူးနော်။ အဲဒီနေ့က ချင်းချောင်းလမ်းထဲမှာ လူတွေစောင့်နေလို့ ကားလမ်းကြပ်သွားတယ် များကြားမိသလားလို့ သွားကြည့်တာ အမက ၃ ကျောင်း ဆင်းတာ ဖြစ်နေတယ် ဟဲဟဲ။
ခင်ညွှန့်ကို ထောက်ခံ တရားပွဲ တက်ကြမယ့် ထောက်လှမ်းရေး ပြုတ် စစ်ဗိုလ်တွေတော့ တလောက video clip နောက်ဆက်တွဲ သတင်တွေကြောင့် အချင်းချင်းတောင် မဆုံရဲကြဘူး။ ဆုံရင် တစ်ခုခု ကြံနေလားလို့ စရဖ နဲ့ SB က လိုက်မှာ ကြောက်နေကြသတဲ့ဗျ။
agreed…army 88’s comment is lateral and alternative. we can’t guess almost what Junta’s plan behind this..
army 88 သုံးသပ်ပြသွားတာ သင့်လျော်တယ်..ဖြစ်နိုင်ခြေ အများကြီးရှီတယ်…
အရမ်းဝမ်းသာပါတယ်.. ဒီသတင်းအမှန်ဖြစ်ပါစေ…
wishing you good luck General ~
အချိန်ကိုက် ဗုံးတစ်လုံးလို ဗြုန်းခနဲ့ပေါ်လာတဲ့ ကလိမ်ကျစိတ်ကူတွေအောက် တိုင်းရင်းသားလက်နက်ကိုင်တပ်သားတွေ မျိုးချစ်တော်လှန်ရေးတပ်မတော်သားတွေ မကျရောက်ဖို့ တိုက်တွန်းလိုပါတယ်။ မြန်မာစီပွါးရေးကိုတုန်လှုပ်စေခဲ့တဲ့ထောက်လှန်းရေးခင်ညွန့်အား အိမ်တွင်းပုန်းသန်းရွေနှင့်တိုင်ပင်ညှိနိုင်းပြီး ကန့်လန့်ကာနောက်ကျော့ဝင်သွားခဲ့တာပါ။ မြန်မာနိုင်ငံတွင်း တိုင်းရင်းသားမျိုးချစ်တော်လှန်ရေး တပ်မတော်များကြောင့် စစ်မီးလောင်မဲ့ဆဲဆဲမှာ စစ်ထောက်လှန်းရေ ခင်ညွန့်ကောင်းလည်း ပြည်တွင်းစစ်ကို ငြိမ်းချမ်းရေး ရယူနိုင်ခဲ့တယ်။ ခင်ညွန့်ရဲ့လှည့်ကွက်အောက် တိုင်းရင်းသားတွေလည်း လှည့်ကွက် လောင်မြိုက်အောက်ကျရောက်ခဲ့ပြီး မျော်လင့်ချက်တွေ ခဏတဖြုတ် အိပ်မောကျစေခဲ့ရပေါ့။ ခုတဖန် ပြည်တွင်းစစ်ပြင်ထန်လာတော့ သန်ရွေလည်းထိမ်းနိုင်တော့မည်မဟုတ်တော့ နုတ်ခမ်းမွေးကလည်း သန်းရွေအကြံကိုသိထားတော့ ၉၀ ရွေးကောက်ပွဲကိုအပြီးပိုင်ဖျက်သိမ်းလိုက်တဲ့ ၂၀၁၀ ရွေးကောက်ပွဲအတွင်း စစ်ဗျူဟာခင်းခဲ့တယ်။ ထိုစစ်မီးလျှံက အချန်မသတ်နိုင်ခဲ့တာကြောင့် ခင်ညွန့်ဆိမှာထောက်လှမ်းရေးနည်းပညာတွေ စစ်ဗျူဟာတစွန်းတမျှရလိုရငြား ရဲချုပ် ခင်ရီက သွားရောက်တိုင်ပင်ခဲ့ပြီးနောက် ခင်ညွန့်လဲခဲ့သူမဟုတ်ဘူးဆိုတော့ သူကိုတကျော့ပြန်လည် အသုံးချရန်ပုံသွင်းခြင်းခံရသည်။ ဒီစစ်ပွဲမှာ ခင်ညွန့် နှင့်သန်းရွေ မိစာငြိမ်းမလား သူတို့ အကြောင်းကိုသိနားလည်ထားကြသော တော်လှန်ရေးလက်နက်ကိုင်သမားတွေရာ အမြီးကုတ်နေရမလား စောင့်ကြည်ရသေးတာပေါ့။ တခုတော့ရှိတယ် ဘာပဲပြောပြော သူတို့ စကားကို တိုင်းရင်းသားတွေက မယုံးကြည်ဖို့ ပဲ ။
အရမ်းဝမ်းသာပါတယ်
army 88 ပြောချင်တာ ဒီလိုထင်တယ်
ဗိုလ်သန်းရွှေနဲ့ ဗိုလ်ခင်ညွန့်တို့ပာာ အာဏာသိမ်းတဲ့စစ်ခေါင်းဆောင်တွေဖြစ်တယ် သူတို့ရဲ့ လှည့်ကွက်ထဲကို အတိုက်အခံအင်အားစုနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ဒီတခါ မဆင်းမိဖို့ရေးကြီးပါတယ် သူတို့ကို နားမယောင်မိဖို့လိုပါတယ် ဗိုလ်သန်းရွှေရဲ့ တိုက်ကွက်တွေ လွဲချော်နေပြီးဆိုတာ အောက်ခြေတပ်သားကစ သိရှိနားလည်ခဲ့ကြပြီး ပွဲသိမ်းမကောင်းလို့ ခင်ညွန့် ပြန်လည် ထွက်ပေါ်လာတာပါ။ ၁။ ဗိုလ်ခင်ညွန့်သည် ပြည်တွင်းစစ်ကို ထိန်းမနိုင်လို့ သူရဲ့ စစ်ထောက်လှမ်းရေးနည်းပညာ အသုံးချခဲ့တာပါ အဲဒါကြောင့်မို့ တိုင်းရင်းသားလက်နက်ကိုင်တွေကို စစ်ရေးနဲ့မဖြေးရှင်းပဲ ငြိမ်းချမ်းရေးဆိုတဲ့စကားနဲ့ တိုင်းရင်းသားအားလုံးကို ထိန်းချူပ်ခဲ့တာပါ ဗိုလ်ခင်ညွန့်နဲ့ လုပ်တဲ့ကိစ္စ ဗိုလ်ခင်ညွန့်ဆိုင်တယ်ဆိုတာ ဗိုလ်သန်းရွှေပြောနေကျစကားပါ ၂။ ဗိုလ်ခင်ညွန့်ကို လိုက်ကာနောက်ထားပြီး ဗိုလ်သန်းရွှေ စင်ပေါ်ကိုပြန်တက်လာပါတယ် သူရဲ့ ရည်ရွယ်ချက်က ၁၉၉၀ ရွေးကောက်ပွဲကို ဖျက်သိမ်းဖို့ပါ ဒီသဘောနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပခြင်းဖြစ်တယ် သူတို့ရဲ့လုပ်ဆောင်ချက်တွေပာာ တဖြေးဖြေး ပေါ်လွင်နေတာကို ပြည်သူ့တရပ်လုံးနဲ့ လက်နက်ကိုင်တိုင်းရင်းသား တဖြေးဖြေး သဘောပေါက်လာကြပါတယ် ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေး ရယူထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို တစ်ယောက်စီ အမှဲ့ချွေသလို ချွေခဲ့ကြပါတယ် အရာရှိတွေကို ထိန်းချူပ်တယ် ပြီးမှတပ်သားတွေကို ထိန်းချူပ်တယ် ဒါက စစ်ထောက်လှမ်းရေးခင်ညွန့်ရဲ့ လှည့်ကွက်ပါ။ ဗိုလ်နှုတ်ခမ်းမွေး လုပ်တာပာာ အတိုက်အခံတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အတွက်ပါ။ အဲဒါကြောင့် အတိုက်အခံတွေ အောင်ပွဲခံနေပါပြီး ဗိုလ်သန်းရွှေနဲ့ ဗိုလ်ခင်ညွန့်တို့ တိုက်ကွက်ပျောက်နေပြီး အကုန်လုံးအလွဲလွဲချော်ချော်ဖြစ်နေကျတယ် သေသေချာချာပြန်ကြည့်ပါ စစ်ဗိုလ်ချူပ်တွေကို အကုန်လုံး စစ်ယူနီဖောင်းတွေ ချွတ်ခိုင်းပြီး အရပ်ဝတ်နဲ့ တိုင်းပြည်ကိုအုပ်ချူပ်ဖို့လုပ်နေချိန်မှာ ဗိုလ်နှုတ်ခမ်းမွှေး တိုက်ပွဲတွေကြောင့် နဝတဖက်မှာ စစ်ဦးစီးမဲ့သူတွေ မရှိသလောက်ဖြစ်နေတယ်။ အဲဒါကြောင့် ဗိုလ်နှုတ်ခမ်းမွှေးက နဝတ အားနည်းတာ သိလို့ တိုက်တဲ့စစ်ပွဲဖြစ်တယ်။ ဗိုလ်ခင်ညွန့်ပာာ ထောက်လှမ်းရေးသမားပီသတယ်လို့ သတိပေးလိုက်ပါတယ် ဒီတခါလှည့်ကွက်ထဲကို မရောက်ဖို့ အတိုက်အခံအင်အားစုနဲ့ လက်နက်ကိုင်တိုင်းရင်းသားတွေကို သတိပေးလိုက်ပါတယ်။
ပြည်သူ့မျိုးချစ်စစ်သည်တော်။
ဒီလူလဲ အတူတူပါပဲ။ ဘာမှ မထူးဘူး။ ဒီလူသတ်လို့ ဒို့ဘုန်းကြီးတွေ အများကြီး ပျံတော်မူခဲ့ရပြီးပြီ။ ဘာတွေ ရှုပ်အုံးမယ်တော့ မသိဘူး။
ကလေးကွက်တွေ လျှော့မတွက်နဲ့၊ အချောင်ခံနေရအုံးမယ်
We must annihilate to junta or army above the people don’t let them alive longer from now .We have to create Myanmar Dream(not rather differ USA’S DREAM) that 90% of
Myanmar People could be understood automatically.Don’t believe so both not too flexible touching without essence of negotiation.
“Once Spy, Always Spy” (ကိုငြိမ်းချမ်းငြိမ်း)
2000 ပြည့်နှစ် ကျော်လောက်မှာ စီးပွားရေး လုပ်ငန်း တွေ အလုံးအရင်း လုပ်လာတဲ့ ထိန်းမရတဲ့ ထောက်လှမ်းရေး တွေကြောင့် (မူဆယ် ၁၀၁ မိုင် ဂိတ် ကိစ္စ အပါအ၀င်) ကို ဗိုလ်ချုပ် ခင်ညွန့် ကိုယ်တိုင် ထိန်းလို့ မရမယ့် အတူတူ
ဗိုလ်ခင်ညွန့် နဲ့  ဗိုလ်သန်းရွှေ အတင်းကြိတ်ဆွေးနွေးပြီး ထောက်လှမ်းရေး တွေ က ဓားစာခံ ဖြစ်ရကာ ဗိုလ်ခင်ညွှန့် က နေအိမ် အကျယ်ချုပ် ဆိုတဲ့ နာမည်လေး နဲ့  ကန်လန့် ကာနောက် ၀င်သွားတာ လို့ အဲဒီ တုန်းက Extremist ဖြစ်တဲ့ ထောက် တွေ နဲ့ နေ၀င်း
လက်ထက် က ၀ါရင့် ထောက်လှမ်းရေး တွေ က ခင်ညွန့် ကို စွပ်ဆွဲ ခဲ့ကြတယ်
သူလည်း ဘီလူးပဲ။ လျှော့တောမတွက်နဲ့။
ခင်ညွှန့် တော့ လွတ်ပြီ ။ဒါပေမယ့် ဗိုလ်ချုပ်မှုးကြီး ရဲ့ လှည့် ကွက်ထဲ မှာ ခင်ညွန့် ဟာ အမြဲတမ်း ဗီလိန် ဖြစ်နေတာ ပါပဲ။ ခင်ညွှန့် ရေ မင်းရဲ့ ဗီလိန် ဘ၀ကြီး ကို စွန့် လွှတ်ဖို့ ကောင်းပြီ။
ဗီလိန် ဖြစ်နေတာမဟုတ်ဘူး သူလည်း ဘီလူးပဲ။ လျှောတောမတွက်နဲ့။
ဘီလူးမှ ရိုးရိုးဘီလူးတောင်မဟုတ်ဘူး ဘီလူးအကြီးစား၊ သိပ်ကြောက်ဖို့ကောင်းတယ်။
FNG ရေ အသံဖိုင် ရပြီ ဒါဆို ငြိမ်းချမ်းငြိမ်း က အရုပ်ကြည့်ပြီး သုံးသပ် ထားတာ တော်တော်မှန်တယ်။အသံဖိုင် လဲတင်ပါ အုံးဗျာ။ ငြိမ်းချမ်းငြိမ်းက တစ်ကွက်ချင်း သုံးသပ်ထားတာ တော်တော်မိုက်တာပဲ .. ဒီလူ့ ရှေ့ မှာ စကားပြောရင် သတိထားမှ :)
လှည့်ကွက်ထဲကို ဒီတခါ မဆင်းမိဖို့ရေးကြီးပါတယ် အတိုက်အခံအင်အားစုနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို နားမယောင်မိဖို့လိုပါတယ် ဗိုလ်သန်းရွှေနဲ့ ဗိုလ်ခင်ညွန့်တို့ပာာ အာဏာသိမ်းတဲ့စစ်ခေါင်းဆောင်တွေဖြစ်တယ် သူတို့ရဲ့ တိုက်ကွက်တွေ လွဲချော်နေပြီး အောက်ခြေတပ်သားကစ သိရှိနားလည်ခဲ့ကြပြီး ပွဲသိမ်းမကောင်းလို့ ခင်ညွန့် ပြန်လည် ထွက်ပေါ်လာတာပါ ဘာဖြစ်လဲ ၁။ ဗိုလ်ခင်ညွန့်သည် ပြည်တွင်းစစ်ကို ထိန်းမနိုင်လို့ သူရဲ့ စစ်ထောက်လှမ်းရေးနည်းပညာ အသုံးချခဲ့တာပါ အဲဒါကြောင့်မို့ တိုင်းရင်းသားလက်နက်ကိုင်တွေကို စစ်ရေးမဖြေးရှင်းပဲ ငြိမ်းချမ်းရေးဆိုတဲ့စကားနဲ့ တိုင်းရင်းသားအားလုံးကို ထိန်းချူပ်ခဲ့တာပါ ဗိုလ်ခင်ညွန့်နဲ့ လုပ်တဲ့ကိစ္စ ဗိုလ်ခင်ညွန့်ဆိုင်တယ် ဗိုလ်သန်းရွှေပြောနေကျစကားပါ ၂။ ဗိုလ်ခင်ညွန့်ကို လိုက်ကာနောက်ထားပြီး ဗိုလ်သန်းရွှေ စင်ပေါ်ကိုပြန်တက်လာပါတယ် သူရဲ့ ရည်ရွယ်ချက်သည် ၁၉၉၀ ရွေးကောက်ပွဲ ဖျက်သိမ်းဖို့ သဘောနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပခြင်းဖြစ်တယ် သူတို့ရဲ့လုပ်ဆောင်ချက်တွေပာာ တဖြေးဖြေး ပေါ်လွင်နေတာကို ပြည်သူ့တရပ်လုံးနဲ့ လက်နက်ကိုင်တိုင်းရင်းသား တဖြေးဖြေး သဘောပေါက်လာကြပါတယ် ဘာဖြစ်လဲဆိုတော့ ငြိမ်းချမ်းရေး ရယူထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို တစ်ယောက်စီ မဲ့ချွေသလို ချွေခဲ့ကြပါတယ် အရာရှိတွေကို ထိန်းချူပ်တယ် ပြီးမှတပ်သားတွေကို ထိန်းချူပ်တယ် ဒါက စစ်ထောက်လှမ်းရေးခင်ညွန့်ရဲ့ လှည့်ကွက်ပါ အဲဒါကြောင့် ဗိုလ်နှုတ်ခမ်းမွေး လုပ်ရပ်ပာာ အတိုက်အခံအတွက်ရော လက်နက်ကိုင်းတိုင်းရင်းသားတွေအတွက်ပါ အတိုက်အခံတွေ အောင်ပွဲခံနေပါပြီး ဗိုလ်သန်းရွှေနဲ့ ဗိုလ်ခင်ညွန့်တို့ တိုက်ကွက်ပျောက်နေပြီး အကုန်လုံးအလွဲလွဲချော်ချော်ဖြစ်နေကျတယ် သေသေချာချာပြန်ကြည့်ပါ စစ်ဗိုလ်ချူပ်တွေကို အကုန်လုံး စစ်ယူနီဖောင်းတွေ ချွတ်ကိုင်ပြီး အရပ်ဝတ်နဲ့ တိုင်းပြည်ကိုအုပ်ချူပ်ဖို့လုပ်နေချိန်မှာ ဗိုလ်နှုတ်ခမ်းမွှေး တိုက်ပွဲတွေကြောင့် စစ်ဦးစီးမဲ့သူတွေ မရှိသလောက်ဖြစ်နေတယ် ဗိုလ်နှုတ်ခမ်းမွှေး အားနည်းသိလို့ တိုက်တဲ့စစ်ပွဲတယ် အဲဒါကြောင့် ဗိုလ်ခင်ညွန့်ပာာ ထောက်လှမ်းရေးသမားပီသတယ်လို့ သတိပေးလိုက်ပါတယ် ဒီတခါလှည့်ကွက်ထဲကို မရောက်ဖို့ အတိုက်အခံအင်အားစုနဲ့ လက်နက်ကိုင်တိုင်းရင်းသား သတိပေးလိုက်ပါတယ် ပြည်သူ့မျိုးချစ်စစ်သည်တော်
စေတနာကိုတော့နားလည်ပါတယ်။ ဘာတွေပြောချင်တာလဲ။ နားမလည်ဘူး။
အေးဗျာ ကျွန်တော်လည်း သူဘာဆို လိုမှန်း ကို မသိဘူး ဖတ်တာ ခေါင်းတောင်မူးသွားတယ်။ ရာဇကုရ်မာ ကျောက်စာ ကမှ ရှင်းအုံးမယ်