ကြိုတင်ဂိုး မရ ၍ မြန်မာ အသင်းရှုံးနိမ့် (ဗီဒီယို)

Freedom News Group သည် အပတ်စဉ် စနေနေ့ တိုင်း အင်တာနက်လူမှုကွန်ယက်တစ်ခုဖြစ်သည့်
Face Book တွင်မြန်မာ ပြည်သူများဝေဖန် ဆွေးနွေး ဖြစ်ခဲ့ကြသည့် အကြောင်းအရာများ ကို ဖော်ပြပေး
သွား မည် ဖြစ်ပါသည်။ဒီတစ်ပတ် တွင် တော့ ဆူဇူကီ ဖလား အဖွင့် ပွဲစဉ်တွင် မြန်မာ အသင်းက
ဗီယက်နမ် အသင်းကို ၇ ဂိုး ၁ ဂိုး ဖြင့် ရှုံး နိမ့်ရခြင်း အား ဖေ့ဘွတ် တွင် ဝေဖန် ဆွေးနွေး ထားခြင်းမှ မပြုံးဘဲ နှင့်
ဝါးလုံး ကွဲ ရယ်ချင် စရာ တစ်ခု ကို ဖော်ပြလိုက်ပါသည်။

“မြန်မာနိုင်ပြီ။ တို့မြန်မာနိုင်ပြီ။ ပြည်သူကပေး ပေးအပ်လိုက်တဲ့ တာဝန်များကို ကျေပွန်ပါသည်။ တကယ့်ကို ကျေပွန်သည်။ သောင်းသောင်းဖျဖျ ကြိုဆိုကြသည်။ ပြည်သူအများ ဂုဏ်ပြုထိုက်ပေသည်။”
(ပိတ်သတ်ကြီး ခင်မျာ။ မနေ့ညနေက ရှုံးသလိုလိုဖြစ်သွားပေမယ့် ညက ကြိုတင်ဂိုးတွေနဲ့ ပြန်ရေလိုက်တဲ့အခါ အပြတ်အသတ် ပြန်နိုင်သွားပါကြောင်း။ မယုံတဲ့ကောင် ဆွဲစိ….ကွာ……)

အထက်ပါ စာစု လေးမှာ Face Booker တစ်ဦး ဖြစ်သည့် ကိုစိုးမင်း (Soe Min) ၏ နံရံပေါ်မှ
စကားလုံးများ
ဖြစ်ပါသည်။


3 thoughts on “ကြိုတင်ဂိုး မရ ၍ မြန်မာ အသင်းရှုံးနိမ့် (ဗီဒီယို)

  1. ဘယ်တော့မှအားမပေးတော့ဘူးလို့ဆုံးဖြတ်ခဲ့ထားခဲ့ပေမဲ့
    ငါကိုကရူးမိုက်တဲ့အရူးကောင်……………….

  2. အလုပ်ပျက်ခံပြီးအားပေးလိုက်ရတာ……
    နည်းစနစ်ဘာမှနားမလည်တဲ့ကောင်တွေကိုနည်းပြလုပ်ခိုင်းတော့ဖြစ်ပြီ…
    ရင်ဘတ်ကြီးနဲ့ဟတ်တက်ကွဲအောင်ခံစားလိုက်ရတယ်………………….

Comments are closed.