အင်တာနက် နည်းပညာ အတွက် စစ်အစိုးရ တရုတ် ထံ အရေးပေါ် အကူအညီတောင်းခံ

ရန်ကုန် တွင် မြင်ရသည့် တရုတ် ဂူးဂယ် မြင်ကွင်း

ဟိန်းခိုင်ထွန်း ၊မြန်မာ စစ်အစိုးရ သည် လက်ရှိ နိုင်ငံတွင်း ဖြစ်ပေါ်နေသည့် အင်တာနက်
လှိုင်းသစ် လှုပ်ရှားမှုများ ဖြစ် သော အစိုးရ ထိမ်ချန် ထားမှု များ ဖွင့် ချ ဖော် ထုတ်နေမှု ကြောင့် အင်တာနက်
သတင်း စီစစ်မှု တွင် ပြိုင်ဘက် ကင်း နိုင်ငံတစ် ခု ဖြစ်သည့် တရုတ် နိုင်ငံ မှ နည်းပညာ အရေး
အပေါ် အကူအညီ ( Emergency Technology Aid) ကို ယူနေရပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာလ ၄ ရက်နေ့ မှ စ၍ အင်တာ နက် သုံးစွဲ သူ လူငယ် အချို့ သည် ဂူးဂယ် ရှာဖွေရေး အင်ဂျင်
၏ အင်တာနက် စာများ နှာ ကို ဖွင့် လိုက် ပါက ယခင် လို http://www.google.com မပေါ်တော့ဘဲ www.
google.cn ဆိုသည် တရုတ် အစိုးရ ၏ စီစစ်ဖြတ်တောက်မှု များ အောက်မှာ သတင်းများ သာပါသည့်
ဂူဂယ်၏ တရုတ် ပြည် တွင်း ဆိုင်ရာ အင်တာ နက် စာမျက် နှာ သာပေါ်လာ တော့ သည် ။

ထိုသို့  google.cn အင်တာ နက် စာမျက် နှာ သာပေါ်ပေါက်လာရခြင်း နှင့် ပတ်သက် ၍ ရန်ကုန်
မြို့ မှ နာမည် ကျော် Web Designer တစ်ဦး က မြန်မာ အိုင်အက်(စ)ပီ ကို တရုတ် က ထိန်းချုပ်
လိုက်တာ လို့  သတင်းရတယ်။ တရုတ်က အင်တာနက် သတင်း စီစစ်ရေး ကို ၀န်ကြီး ဌာန တစ်ခု
ဖွဲ့ ပြီးတောင် ထိန်း ချုပ်ထားတာ တရုတ် မှာ ဗဟို စစ်ကော်မရှင် ပြီး ရင် ၊ အင်တာနက် စိစစ်ရေး
ကော်မရှင် ပဲ အခု တရုတ် ဆင်ဆာ နဲ့ ဆိုတော့ အရင် လို မြန်မာ စာရိုက်ထည့်ပြီး မြန်မာ သတင်း
တွေ ထည့် ရိုက် လိုက်တဲ့ အခါ မပေါ်တော့ ဘူး ။ အခု ဆို Freedom News လည်းရှာလို့ ရတယ်။
ဖွင့် လို့ မရ တော့ ဘူး ဟု ပြောသည်။မြန်မာ တွေ ကွန်ပျူတာ သုံးတာကို တရုတ် က အလိုလို သိ
နေမှာ ဟု  Freedom News Group သို့ ပြောသည်။

ဒီဇင်ဘာ လ ၅ ရက်နေ့ နံနက် ပိုင်း တွေ ဗိုလ်ချုပ် ခင်ညွန့်  အသံဖိုင် စဆုံးရပြီ ဆိုသည့်  အီးမေးများ
ဖြင့် ပါလာ သော Zip ဖိုင်များ ကို ဖွင့်လိုက်ရာတွင် ကွန်ပျူတာ လုပ်ဆောင်မှု စနစ် ကို ဖျက်ဆီးသည့်
နည်း ပညာ ပိုးမွှားများ နှင့် တရုတ် Pornography  ဗီဒီယိုများ လည်း သိုလှောင်မှု မှတ်ဥာဏ် အပြည့်
ကျလာ သည် ကို တွေ့ ရှိရသည် ဟု သိရသည်။

ရန်ကုန် မြို့ ထဲ ရှိ အင်တာနက် ဆိုင် ပိုင်ရှင် တစ်ဦးက မူ မြန်မာ နိုင်ငံ ရဲ့  အင်တာနက် စနစ် ကို
တခြား နိုင်ငံ တစ်ခု က ထိန်းချုပ် ထား တယ် ဆိုတာ ပြည်သူတွေ အတွက် မကောင်း ဘူးဟု သူမ
၏ အမြင် ကို ပြောသည်။

ရန်ကုန် နှင့် မန္တလေးမြို့ နေ ရာ အချို့ တွင် http://www.google.cn သာပေါ်သော်လည်း စစ်အစိုးရ ရုံး
စိုက်ရာ နေပြည်တော် တွင် မူ http://www.google.com ပေါ်ကြောင်း နေပြည်တော် ရှိ ဟိုတယ် နှင့်
ခရီးသွားလာ ရေး ၀န်ကြီး ဌာန မှ ၀န်ထမ်းတစ် ဦး  က FNG သို့ ပြောသည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် အင်တာနက် ကွန်ယက် ခွင်
ကို အသုံးပြု၍ လူငယ် များ နှင့် ထိတွေ့ ဆက်ဆံ ချင်သည် ဟု ပြောဆို ထားသည်။

မြန်မာ နိုင် ငံတွင် ပြည်သူများ က အင်တာ နက် ကို အခြား ဖွံ့ ဖြိုးပြီး နိုင်ငံများ ထက် ဆယ်စု
နှစ် တစ် ၀က်ကျော် နောက်ကျပြီး မှ သုံးစွဲရသည်။

နအဖ စစ်အစိုးရ သည် အင်တာနက် ဆင်ဆာ ဖြတ်တောက်မှု အတွက် တရုတ် နည်းပညာ
ကို မှီခိုကာ ကြား လော်ဘီ များ ၏ စွမ်းဆောင်မှု ဖြင့် အမေရိကန် နိုင်ငံထုတ် ဆင်ဆာဖြတ်
တောက်မှု နည်းပညာ ဆောဖ့် ဝဲလ် များ ကို လည်း ဒေါ်လာ သိန်းချီ အကုန် ခံ၍ ၀ယ်ယူသည်။

ဂူးဂယ်လဲ နှင့် တရုတ် သည် ယခု နှစ် ဖေဖေါ်ဝါရီ လ က ကျလိကျလိ ဖြစ်ကြပြီးနောက်
အပေး အယူ တစ်ခု (Deal) ဖြင့် ပြန်လည် ညှို နှိုင်း အဆင်ပြေခဲ့သည်။

လတ်တလောတွင် မြန်မာ တို့ အသုံးများ သည့် လူမှု ကွန်ယက် များ တွင် စစ်ထောက်လှမ်း
ရေးအကြီး အကဲ ဟောင်း ဗိုလ်ချုပ် ခင်ညွန့် ၏ ဗီဒီယို ဖိုင်များ အပြင်၊ ဒု ဗိုလ်ချုပ် မှုးကြီး မောင်
အေး ၏ မိမိ ကိုယ်ကို သတ်သေ သွား သည့် ကိုယ်ရေး အရာ ရှိဟောင်း တစ်ဦး ဖြစ်သည့်
ဗိုလ်မှုးကြီး ဘိုနေ၀င်း ၏ ဇနီး ဖြစ်သူ က ထောက်လှမ်း အရာ ရှိ ဟောင်း တစ်ဦး (ယခု ကာကွယ်ရေး
ဝန်ကြီးဌာန မှ ) ၏ ဧည့်ခံပွဲ တွင် ထင်တိုင်းကြဲ  နေသည့် လေးမိနစ် စာ ဗီဒီယိုသည်
လည်း အင်တာနက် တွင် ပျံနေသည် ဟု သိရသည်။

10 thoughts on “အင်တာနက် နည်းပညာ အတွက် စစ်အစိုးရ တရုတ် ထံ အရေးပေါ် အကူအညီတောင်းခံ

  1. ကျနော်သိပါတယ်။ခင်ဗျားမြန်မာနိုင်ငံသားဆိုတာ။ဒါပေမဲ့ ကျနော်တို့ အထက်မြန်မာပြည်မှာခင်ဗျားတရုတ်လိုမရေးတတ်မဖတ်တတ်မပြောတတ်ရင်တော့ခင်ဗျားအတွက်အလုပ်နေရာမရှိပါဘူး။

  2. ကိုတို့သိထားတာလေးတွေ အမျာသိသင့်တယ်ထင်တာတွေကို ၀ီကီလိခ် လိုပဲ အပြည့်အစုံတင်ပေးကြရင် ကောင်းမယ်ထင်ပါတယ်။ ပွင့်လင်းမြင်သာသော တင်ပြချက်များဖြစ်မှာပါ။

    1. အမြင်ကျဉှ်းှမျိုးချစ်ဗမာ လူသတ်သမား killer ကိုယ့်အရည်အချင်းကို ကိုယ် တိုးတက်အောင်လုပ်ဦး။
      ဗမာလိုဆဲတာတောင် ဖြောင့်အောင်မဆဲတပ်တော့ မင်းအမေပါ အချောင်ပါသွာပြီ။
      ဆဲနည်းသင်ပေးလိုက်ဦးမယ်။
      သန်းရွှေ ညံလို့ တို့မြန်မာတွေ ခံရတာ၊ ဆဲချင်ရင် “ခွေးမသား သန်းရွှေ”
      “မအေလိုး တရုတ်အစိုးရ” လို့ ဆဲ။
      “အမေ လိုး ခွေး တ၇ုတ် တွေ” ဆိုပြီး ဝါးလုံးချီးသုတ်မရမ်းရဘူး။
      မြန်မာစကားမှာ အမေဆိုတာ ကိုယ့်အမေကိုခေါ်တာ။
      မအေဆိုတာ သူ့မအေကိုပြောတာ။ ဒါလည်းမှတ်ထားဦး။ နောက်ဆို ကိုယ့်အမေ ကိုယ် ထိုးမကျွေးနဲ့။
      ရကောင်( ရ ) နဲ့ ခုနှစ်( ၇ ) လည်း ခွဲးမှတထားဦး။

  3. နောက်တက်မယ့်အစိုးရတွေကို ဖြေရှင်းရခက်အောင်လုပ်လိုက်တဲ့နည်းစနစ်တွေထဲက တစ်ခုပဲ….. ရှေ့လျှောက်ဘာတွေကို ထိုးအပ်ဦးမလည်းမသိဘူး….. ပြည်သူတွေစည်းလုံးဖို့လိုအပ်နေပြီဆိုတာ သတိပေးချင်တယ်….

  4. One day the Chinese will payback the price for how much they tourture the Bur mese people.
    In the Burmese histry the Chinese People destroy the Burmese people several time.
    The Chinese Government are not the government They are the world’s gangstar.They suport
    the Dictators(N.Korea,Burma…etc)

  5. hongkong IP ကိုသုံးနေတာ90%သေချာသွားပြီ။ IP က113 နဲ.စတယ် ၊
    ဖျက်တဲ့နည်းပညာကမြောက်ကိုးရီးယား မှရပြီးလို.ရွှေးကောက်ပွဲကာလကသုံးပြီးနေပြိ။

  6. အဲဒီ ထင်တိုင်းကြဲ နေတယ် ဆိုတဲ. video file လေး လိုချင်ပါတယ်။
    ဘယ် website မှာကြည့်လို.ရပါသလဲ?

  7. ရေဖြတ်၊ မီးဖြတ်၊ စီးပွားရေးဖြတ်၊ နည်းပညာဖြတ်၊ မျိုးဆက်ဖြတ် တစ်သက်လုံး အဖြတ်ခံရတော့ သိပ်တောင်မခံစားရတော့ဘူး။ လူတွေလည်း ထုံပေပေဖြစ်လာပြီ။ နအဖ ကောင်တွေတက်လာကတည်းက အဓိက လုပ်တာနှစ်မျိုးက ဖြတ်တာနဲ့ ဖျက်တာပဲ။ ပြည်သူတွေ၊ လူငယ်တွေ အားလုံးပဲ အမျိုးယုတ်တွေနဲ့ပဲ စီးချင်းထိုးနေရတယ်။ အောက်တမ်းသိပ်ကျတဲ့ကောင်တွေ။

Comments are closed.