ကိုထိန်လင်း နှင့် အတူ ဒေါ်စု အဖြစ် သရုပ်ဆောင်မည့် ဂျိမ်း(စ)ဘွန်း မင်းသမီး မစ်ရှယ်ယိုး မြန်မာ နိုင်ငံ မှ ထွက်ခွာ

သားဖြစ်သူ အိမ်အပြန် ရန်ကုန် နိုင်ငံတကာ လေဆိပ် သို့ လိုက်လံပို့ ဆောင် နှုတ်ဆက် နေသည့် မိခင် ဒေါ်အောင်ဆန်းစုကြည် (AP Photo/Khin Maung Win)
အိမ်အပြန်အတွက် အားလုံးကို နှုတ် ဆက် (AP Photo/Khin Maung Win)
ဒေါ်အောင်ဆန်းစုကြည် အဖြစ် သရုပ်ဆောင် မည့် မစ်ရှယ် ယိုး လည်းရန်ကုန် မြို့ မှ ပြန်လည် ထွက်ခွာ

အောင်မြင်၊          ၊ဆယ်စုနှစ် တစ်ခု အတွင်း မိခင် ဖြစ်သူ နှင့် ပထမ ဦးဆုံးအကြိမ် တွေ့ ဆုံ မှု
တွင် သီတင်း နှစ်ပတ်ခန့် သာကြာမြင့် ခဲ့သည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
၏ သားဖြစ်သူကိုထိန်လင်း မှာ ယနေ့  ရန်ကုန် မြို့ မှ ထွက်ခွာကာ ထိုင်း နိုင်ငံ ဘန်ကောက်
မြို့ မှ တစ်ဆင့် အင်္ဂလန် နိုင်ငံ သို့ ပြန်မည် ဟု သတင်းရရှိသည်။

အသက် ၃၃ နှစ် အရွယ်ရှိ ကိုထိန်လင်း သည် ရန်ကုန်မြို့ မှ နံနက် ၈နာရီ ၄၅ မိနစ်အချိန်တွင်
့ထွက်ခွာသွားပြီဖြစ်သည်။သူ နှင့် အတူ Tomorrow Never Dies ဇာတ်ကား နှင့် အော်စကာ
ဆုရ Crouching Tiger, Hidden Dragon ဇာတ်ကားများ တွင် သရုပ်ဆောင် ခဲ့သည့်
မစ်ရှယ် ယိုးလဲ လေယာဉ် တစ်စီး တည်း အတူ ပြန်လည် ထွက် ခွာမည် ဟု သိရသည်။

ကိုထိန်လင်းနှင် လေယာဉ်ခရီးစဉ်တစီးထဲတွင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေရာတွင်ပါဝင် သရုပ်ဆောင်မည့် ဟောင်ကောင် အခြေစိုက် မလေးရှားရုပ်ရှင်သရုပ်ဆောင် Michelle Yeoh လည်း လိုက်ပါသွားကြောင်း၊ ပြီးခဲ့သည့်တနင်္လာနေ့Michelle Yeoh မှာ ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်လေ့လာကြောင်း NLD ပြောရေးဆိုခွင့်ရှိသူဦးဥာဏ်ဝင်း သတင်းထုတ်ဖေါ်ပြောဆိုခဲ့သည်။

မစ်ချယ်ယိုး သည် ရုပ်ရှင် သည် ၁၉၉၇ ခုနှစ် က ဂျိမ်း(စ)ဘွန်း ဇာတ်ကား Tomorrow Never Dies
တွင် မင်းသား ပီယာစ် ဘရောစ် နန် နှင့် အတူ သရုပ်ဆောင် ထားသည်။

သူမ အသံ ဖြင့် ပါဝင် သရုပ်ဆောင် ထားသည့် Kung Fu Pan Da 2 ဇာတ်ကားမှာ ရှေ့ နှစ်တွင်
ရုံတင်ပြသမည် ဖြစ်သည်။

အောင်မြင် ၏ သတင်းပေးပို့ ချက် ကို FNG မှ ပြန်လည် တည်းဖြတ် သည်။

6 thoughts on “ကိုထိန်လင်း နှင့် အတူ ဒေါ်စု အဖြစ် သရုပ်ဆောင်မည့် ဂျိမ်း(စ)ဘွန်း မင်းသမီး မစ်ရှယ်ယိုး မြန်မာ နိုင်ငံ မှ ထွက်ခွာ

  1. ကောင်းပါတယ်..သို့သော်လည်း အမေစု၏ တည်ငြိမ်ရင့်ကျက်လေးနက်မှု၊ အမှန်တရား၊ သတ်တိ၊ ဇွဲဝရိယ၊ စွန့်လွှတ်အနစ်နာခံနိုင်မှု့၊ အယုတ်အလတ်အမြတ်မရွေး လက်ကမ်းကြိုဆိုနိုင်မှု၊ ကြင်နာနွေးထွေးမှု၊ ပြည်သူတွေအပေါ်မှာ ထာဝရအပြုံးများ မျှဝေပေးနိုင်မှု၊ ရိုးသားမှု၊ ကိုယ်စိတ်နှစ်ပါး သန့်ရှင်းစင်ကြယ်မှု၊ ပညာညဏ်ထက်သန်မှု၊ အမျှော်အမြင်ရှိမှု၊ ပရိယာရယ်ကြွယ်ဝမှု၊ ရဲရင့်မှု၊ ခေါင်းဆောင်နိုင်မှု၊ ဆက်သွယ်ရေးကောင်းမွန်မှု၊ ကိုယ်ရည်ကိုယ်သွေး နှင့် ကိုယ်ကျင့်တရားကောင်းမွန်မှု၊ စည်းရုံးနိုင်မှု့၊ ခွင့်လွှတ်သည်းခံနိုင်မှု၊ အရှုံးမပေးစိတ်ဓာတ်မကျသော ခွန်အားရှိမှု၊ ပြည်သူများအပေါ် ချစ်ခြင်းတရားများထားရှိနိုင်မှု၊ သနားကြင်နာစိတ်၊ ကိုယ်ချင်းစာနာစိတ်၊ တာဝန်သိစိတ် နှင့် တာဝန်ကျေစိတ်ရှိမှု၊ မာနကင်းစိတ်၊ မောက်မာစိတ်၊ ထောင်လွှားစိတ်များကင်းစင်မှု၊ ဖြူစင်မှု့၊ မတရားမှုကို တွန်းလှန်နိုင်သောစိတ်ခိုင်မြဲမှု၊ စ သည့်…စသည့် သူတော်ကောင်းတရားများနှင့် စံထားနှိုင်းယှဉ်အပ်သော ကိုယ်အမှုအရာ၊ နှုတ်အမှုရာ၊ ပြောဆို..လုပ်ကိုင်..ဆောင်ရွက်မှုများကတော့ မည်သူ တစ်ဦးတစ်ယောက်ကမှ တုနှိုင်းယှဉ် ပြိုင်လို့ မမှီနိုင်အောင်ပင်ဖြစ်သည်။

  2. ဒေါ်စုအဖြစ် သရုပ်ဆောင်မည့် ဂျိမ်း(စ)ဘွန်းမင်းသမီး မစ်ရှယ်ယိုး ကိုထိန်လင်းနှင့်အတူ မြန်မာနိုင်ငံမှ ထွက်ခွာ။

  3. အဲ့ဒီ..မလေး မ ကြီးက ပုံစံတူ သရုပ်ဆောင်ဦးမယ်.. လေပါတယ် ဗျာ :(

    1. dude michelle yeoh is very very good actress. among all the asian actresses only she and she alone can act in place of Our Leader Aunty Su. Do You Know Why? Because She is a woman with a lot of quality that good leaders have. ofc our mother Su is better than her in everyway but michelle yeoh has a lot of similar quality like our mother. She is smart, she is beautiful, and she has pride. she also have a courage that she will not back down from any challenge (in her case she is not politician so , she will take all the challenges in her profession which is acting. show me an actress who will drive a motor cycle, and jump on a moving train she is not only good at action she is good at drama too check a lot of oscar worth movies of hers). She is better than all chinese actresses. better than all the stupid korean actresses that you all fall in love. There is no better actresses to act in Aunty Su movie. So don’t bad mouth on a great actress. this is the time you should be proud because someone will make a movie about mother su and a great actress will show our mother’s love, kindness, sacrifices and she will show how great aunty su is. if anything, michelle yeoh will end up with a lot of awards because this will be one of the greatest story ever told.

Comments are closed.