US embassy cables: China losing patience with Burma
တရုတ် က မြန်မာ စစ်အစိုးရ၏ ဦးဏှောက် မရှိ ပုံ အတွက် သည်းမခံ နိုင်တော့ ကြောင်း ကို မြန်မာ ၀ီကီလိခ် တွင်ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
ယနေ့ ထပ်မံ ဖွင့်ချ သည့် ၀ီကီလိခ် ၏ မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန် သံရုံး၏ ကြေးနန်း
တစ်ခု တွင် မြန်မာ စစ်အစိုးရက ညူကလီးယား လက် နက် ထုတ် လုပ်ရန် နိုင်ရန် လိုအပ်
သည့် ယူရေနီယမ် သန့် စင် စက်ရုံ တစ်ခု ကိုလျှို့ ဝှက် တည် ဆောက် နေပြီ ဖြစ်ကြောင်း
ကြေးနန်း ရှစ် စောင် ဖြင့် အတိအကျ သတင်းပို့ ချက် များ ကို ဖော် ထုတ် ခဲ့သည်။
ထို လျှို့ ဝှက် ညူကလီးယား ထုတ်လုပ် ရေး စက် ရုံတွင် မြောက် ကိုရီးယား အလုပ်သမား
၃၀၀ ခန့် ရှိ ပြီး မကွေး တိုင်း မင်းဘူး မြို့ အနီး တွင် လှို့  ၀ှက် တည် ဆောက် ထားကာယူ
ရေနီယံ သန့် စင် စက် ရုံ့ အနီး သို့ မည် သူမှ ဖြတ် သန်း မသွား ရန် တားမြစ်ထားသည်
ဟု ဖော်ပြထားသည်။
နောက်ထပ် ကြေးနန်း တစ်ခု တွင် မူ မြန်မာ စစ်အစိုးရ ၏ ဥာဏ် မရှိ သည့် လုပ်ရပ် များ
အတွက် ဆက်ဆံ လိုစိတ် မရှိ ပုံ နိုင်ငံရေး ပြုပြင် ပြောင်း လဲမှု နှေးကွေးသည့် အတွက်
သည်း မခံ နိုင်တော့ကြောင်း ကို တရုတ် သံအမတ် ကြီး ကွမ် မူ က အမေရိကန် နိုင်ငံ
ဆိုင်ရာ မြန်မာ သံအမတ်ကြီး ရှာရီ ဗီလာ ရိုဆာ နှင့် နေ့ လည် စာ စား ချိန် တွင် ပြော
ဆွေး နွေး သုံး သပ် ခဲ့သည်။
မြန်မာ စစ်အစိုးရသည် ၎င်း တို့ အာဏာ တည် မြဲ ရန် သာ ပြုလုပ် နေပြီး ကြောင်း
ထို လုပ်ရပ် သည် တိုင်းပြည် ကုန်းကောက် စရာပင် ရှိ မှာ မဟုတ်ကြောင်း ကို သံအမတ်
နှစ်ဦး ဆွေးနွေး ခဲ့သည် များ ကို အမေရိကန် သံရုံး ၏ ၀ါရှင် တန် ကြေးနန်း ပေါက်ကြား
မှု ဉ် ၀ီကီလိခ် က ဖော် ပြ ခဲ့သည်။

ရှေ့ဖုံး နောက်ပေါ်ဆိုတာဒါမျိုးနဲ့တူတယ်..ဘာပဲပြောပြော တရုတ်လဲ ဒီပုပ်ထဲကဒီပဲပါဘဲ။ အမေရိကန်သံမို့လို့ မျက်နှာလိုမျက်နှာရပြောတာနေမှာပါ..မြန်မာပြည်ကိုလာပြီး မြန်မာပြည်သူတွေအတွက် စားစရာမရှိအောင် ကုန်းကောက်နေတာ ဒီတရုတ်နဲ့ ဒီစစ်အစိုးရပါဘဲ။
စစ်အစိုးရက စစ်ကိုလိုလားနေတယ်။ သွေးဆာနေလို့ပါ
အမေရိကန်နဲ့တမျိုးပြော၊စစ်အစိုးရနဲ့တမျိုးပြော၊ဒေါ်စုနဲ့တွေ့ရင်တမျိုးပြောအုံးမဲ့ သုံးဖက်ချွန် ဆမူစာပါဗျာ။
ရှေ့မှာ အမေရိကန်နဲ့ အတင်းပြောပြီး နောက်ဖေးပေါက်က ရသလောက် မ,တာပါ။
FNG က တရုတ် သံအမတ် က မြန်မာ စစ်အစိုးရ ကို ဦးနှောက် မရှိ ဘူး လို့  ဝေဖန်တာ လွန်ခဲ့တဲ့ ငါးရက် လောက် ကတည်းက တင်တယ်။ အခု Cabel မှာပါလာပြီဗျာ ။ နောက် ကြေးနန်း ၈ ခု ၂၄ နာရီ အတွင်း လွှတ်မယ် ပြောတယ် နာရီတော့ နဲနဲ လွဲ တယ်။ ကြေးနန်း ၈ ခု တကယ်ထုတ် တယ်။ နောင် ဒီတစ်ခါ စစ်ရေး လျှို့ ဝှက် ချက်တွေ ပေါက်မယ် ပြောတယ်။ အခု ပေါက်တယ်။ FNG ရေ ၀ီကီလိခ် နဲ့ များ အဆက်အသွယ် ရှိ နေတာ လား ထူးခြား တာ ဆို လက် တို့ ပါအုံး။