လူ့အခွင့်အရေးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား မိသားစုများ တွေ့ ဆုံ
အောင်မြင်၊        ၊ ၆၂ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ
လူအခွင့်အရေးနေ့အခမ်းအနား ကို ရွှေဂုံတိုင်ရှိ အမျိုး
သားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပခဲ့ကြောင်းသတင်း
ရရှိသည်။ အဆိုအပါအခမ်းအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များနှင့်နိုင်ငံရေး
အကျဉ်းကျခံနေရသောမိသားစုဝင် ၁၀၀ခန့်တက်ရောက်
ကြောင်း FNG သတင်းထောက်မှသတင်းပေးပို့ပါသည်။
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အခမ်းအနားတွင် ဒီမိုကရေစီမိခင်ဒေါ်ဆန်းစုကြည်မှတက်ရောက်လာကြသော နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များနှင့် ပါတီဝင်များ၊ပြည်သူများကို အခြေခံလူတယောက်ရရှိပိုင်ခွင့်ရှိသော လူ့အခွင့်အရေးကြောင်းပြောပြပြီး“ ကိုယ်လုပ်နိုင်တာလုပ်ရမယ်၊ လူသားတယောက်အတွက် ဥကဒေအရရပိုင်ခွင့်တွေရှိတယ်။ နိုင်ငံရေးအကျဉ်းကျခံနေရတဲ့ ကျွန်မတို့ရဲ့ရဲဘော်ရဲဘက်တွေရော အကျဉ်းကျမိသားစုတွေကော
ဥပဒေအရ ဘာအခွင့်အရေးတွေရှိတယ်ဆိုတာမသိကြဘူး ၊မသိတဲ့အခါကျတော့လုပ်သမျှကို ခံနေရတဲ့
သဘောပေါ့လေဒါကြောင့်ကျွန်မတို့ကဥပေဒဘောင်အတွင်းကနေကိုယ်လုပ်နိုင်တာလုပ်ရမယ် ဥပေဒစိုးမိုးရေးကိုယုံကြည်တယ်ဆိုရင်ဥပေဒေဘောင်အတွင်းကနေ ရပိုင်ခွင့်တွေကို တောင်းဆိုရဲရမယ် “လို့ပြောကြားရင်း နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေကို ရင်းရင်းနှီးနှီးအာပေးစကားပြောခဲ့ကြောင်း သတင်းရရှိပါသည်။
ကမ္ဘာ့ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ရွှေဂုံတိုင်မြို့နယ်ရှိ NLD ရုံးတွင် ကျင်းပရာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသား မိသားစုများ တွေ့ဆုံခဲ့သည်။ နိုင်ငံရေး အကျဉ်းသား မိသားစုများ အပါအဝင် လူမှုရေး လုပ်ငန်းများ၌ ထောက်ပံ့ ကူညီရန် ရန်ပုံငွေ ရှာဖွေသည့် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် လက်ရာ ကွန်ပျူတာ ပန်းချီကားများကို ပို့စ်ကတ်အဖြစ် ထုတ်ဝေ၍ တခု ကျပ် ၁၀၀၀ ဖြင့် စတင် ရောင်းချနေပြီဖြစ်ကြောင်းလည်း သိရသည်။
5 thoughts on “လူ့အခွင့်အရေးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား မိသားစုများ တွေ့ ဆုံ
  1. zhone.သို့
    .စစ်အာဏာရှင်ကြီးသန်းရွှေဟာသူ့မြေး ဖိုးလပြည့်ခေါ် နေရွှေသွေးအောင်အတွက်မန်ချက်စတာ
    ယူနိုက်တက်ဘောလုံးအသင်းကိုအမေရိကန်ဒေါ်လာသန်းတထောင်နဲ့ဝယ်ပေးဖို့ကမ်းလှမ်းခဲ့တယ်လို့ဒီဖရီးဒမ်း
    နယူးဂရု (ပ်)သတင်းမှာဖော်ပြခဲ့ပြီးပါပြီ..နာဂစ်မုန်တိုင်းဒဏ်ခံရတဲ့ဧရာဝတီတိုင်းကဒေသတွေမှာခုချိန်ထိ
    အကူအညီလိုအပ်နေပါတယ်.နောက်မကြာခင်ကတိုက်ခတ်သွားတာခံရတဲ့ရခိုင်ပြည်ဖက်ကဒေသတွေမှာလဲ
    အကူအညီမျိုးစုံလိုအပ်နေပါတယ်.ဘောလုံးအသင်းဝယ်လို့တိုင်းပြည်မထူးခြားပါဘူး.သန်းတထောင်ဆိုတာ
    စောစောကပြောတဲ့နေရာဒေသတွေမှာသုံး၇င်လုံလောက်ပါတယ်.ပိုတောင်ပိုနိုင်ပါတယ်.အဲဒီနေရာတွေမှာ
    မသုံးဘဲနဲ့တိုင်းပြည်ကမွဲနေ.လူထုကဒုက္ခရောက်နေချိန်မှာလူထုအတွက်ဘာမှမလုပ်ဘဲနဲ့ဘောလုံးအသင်း
    သင်းဟာသန်းတထောင်မကလို့သန်းပေါင်းသိန်းထောင်ကျော်ပေးဝယ်ရင်တောင်မန်ယူပရိတ်သတ်နဲ့
    မန်ယူအသင်းဟာလုံးဝရောင်းမှာမဟုတ်ပါဘူး..ဘာဖြစ်လို့ဆိုတော့မန်ယူဟာအာဏာရှင်လဲဖြစ်..ပြည်
    သူတွေကိုသတ်ဖြတ်ညှင်းဆဲ.တိုင်းပြည်ချွတ်ချုံ့ကျအောင်လုပ်နေတဲ့ဘယ်အာဏာရှင်ကိုမှအားမပေးတဲ့
    အတွက်စိတ်ကူးယဉ်ရူးနေမဲ့အစားတကယ်အကူအညီလိုအပ်နေတဲ့စောစောကကျနော်ပြောတဲ့နေရာတွေ
    ဆီကိုလိုအပ်နေတဲ့အကူအညီတွေကိုဘောလုံးအသင်းဝယ်မဲ့ဒေါ်လာသန်းတထောင်ကိုပုံအောပြီးအသုံး
    ပြုလိုက်ရင်လူထုကလက်ခုပ်တီးအားပေးမှာဖြစ်သလိုအန်တီစုကလဲသာဓုခေါ်ပါလိမ့်မယ်ကိုzhone.ရေ.
  2. zhone.သို့
    ဒေါ်စုဘယ်ပုံဘယ်နည်းနဲ့နိုင်ငံခြားတက္ကသိုလ်တခုတက်ရောက်ခဲ့ရတယ်ဆိုတာအရင်ဦးဆုံးသိအောင်လုပ်ပါ..နောက်
    စီးပွားရေးပိတ်ဆို့တယ်ဆိုတာနဲ့ပတ်သက်ပြီးပြောချင်တာကဒေါ်စုက နိုင်ငံပိုင်တွေကိုသိမ်းယူပြီးစစ်အာဏာရှင်တွေပိုင်တဲ့က
    ကုမ္မဏီတွေကိုအဆက်အဆံမလုပ်ဖို့ပြောခဲ့တာပါ…လက်ရှိသဘာဝဓါတ်ငွေ့ထုတ်တာတို့..ရေနံတို့..သစ်ထုတ်ရေးတို့..
    ကျောက်မျက်ရတနာထုတ်လုပ်တာတို့.အစရှိသဖြင့်ပေါ့…ပြည်သူနဲ့လုံးဝမသက်ဆိုင်တဲ့ပုံစံမျိုးအနေအထားတွေ့ရပါတယ်.
    ပြည်သူတွေမွဲနေတာကိုကြည့်ခြင်းဖြင့်ပြည်သူကိုကိုယ်စားမပြုတာသေချာပါတယ်.လူ့အခွင့်အရေးတွေပိတ်ထားပြီးလက်ရှိ
    သတင်းမီဒီယာလွပ်လပ်ခွင့်တောင်မပေးပါဘူး..ရှင်းပါတယ်နော်.နိုင်ငံရေးပြသာနာမဖြစ်ဘဲနဲ့လည်းပြည်သူတွေအနိုင်ကျင့်
    ခံနေရတာ၁၉၆၂ခုနှစ်က စတင်ခဲ့တာယနေ့ထိပါ..ပြည်သူတွေမွဲနေတာကဒေါ်စုဗမာပြည်ပြန်မလာခင်၁၉၆၂ ခုနှစ်ကစပြီး
    မွဲလာခဲ့တာပါ..ခုမှမဟုတ်ပါဘူး…ဒေါ်စုမှာလက်ရှိအာဏာမရှိပါ..တိုင်းပြည်ဆင်းရဲခြင်း..မွဲနေခြင်း..ပညာရေးမှာ
    အဆင့်အတန်းနှိမ်ကျနေခြင်း..စားသောက်စားရိတ်များအဆမတန်ကြီးမြင့်နေခြင်း..ကျမ္မာရေးကအပိုင်းမှာလဲဘယ်နိုင်ငံ
    မှာမှမရှိတဲ့စားရိတ်မျှပေးကျမ္မာရေးဖြစ်နေခြင်း..လူသားဖြစ်နေပေမဲ့လူ့အခွင့်အရေးလုံးဝမရှိခြင်းတို့အစရှိသဖြင့်အားလုံး
    ဟာတိုင်းပြည်အုပ်ချုပ်တဲ့သူတွေနဲ့သာသက်ဆိုင်တဲ့ကိစ္စကို အာဏာမရှိ..ပါဝါမရှိ…လက်နက်မရှိ.တဲ့ဒေါ်စုကိုလွဲချနေ
    တာဟာ ဘက်လိုက်ပြီးတဖက်သတ်ဆန်စစ်အာဏာရှင်ဖက်ကနေလိုက်ရေးနေလို့ ပြန်ပြောပြခြင်းသက်သက်ပါ..မှန်
    မှန်ကန်ကန်စဉ်းစားဝေဖန်သုံးသတ်စေချင်ပါတယ်.ပညာရှိစကားတခွန်းရှိပါတယ်.resolution of the problem
    true understanding..တဲ့..ပြသာနာရဲ့အဖြေဟာမှန်ကန်စွာနားလည်ခြင်းပါတဲ့…ကောင်းတာကျတော့စစ်အစိုးရ
    မကောင်းရင်ဒေါ်စု…တိုင်းပြည်တိုးတက်နေရင်နအဖ..တိုင်းပြည်မွဲနေရင် ဒေါ်စုကြောင့်.လက်ရှိတိုင်းရင်းသားတွေနေ
    တဲ့နေရာတွေမှာတိုက်ပွဲတွေဖြစ်နေတာဒေါ်စုကြောင့်ပဲလား..ဖြေကြည့်ပါ…တိုင်းရင်းသားတွေတောင်းဆိုနေသံကိုနား
    ထောင်ကြည့်စေချင်ပါတယ်.မှန်မှန်ကန်ကန်သုံးသတ်တတ်ပြီးတိုင်းပြည်အတွက်အတွေးအခေါ်ကောင်းရှိသူတွေပေါ်ထွန်း
    ပါစေလို့ဆန္ဒပြုပါတယ်.
  3. ပန်းချီကားကို ဘယ်မှာဝယ်ရမှာလဲ..ဘယ်နေရာမှာ ရနိုင်မလဲ…..
  4. ဘာလုပ်လုပ် ငွေကြေးလိုအပ်တယ်။အစိုးရဘက်ကော၊အတိုက်အခံကော ငွေကြေးသုံးစွဲရတယ်။ အလားတူ ပြည်သူလည်းစားဝတ်နေရေးအတွက် ငွေလိုအပ်နေတယ်။ မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသားများဟာ သာမန်အားဖြင့် အဆင့်မြင့်ပညာရေးမသင်ကြားရပါဘူး၊ နိုင်ငံရေးစကားတွေ နိုင်ငံရေးအတွေးအခေါ်တွေ တွေးနိုင်စွမ်းပြောနိုင်စွမ်း မရှိကြပါဘူး။ နိုင်ငံရေးပြသနာဖြစ်တိုင်းမှာ သေကြေကြရတာ။ဘ၀တွေပျက်ခဲ့ရတာပြည်သူတွေပါ။ ဒေါ်စုရဲ့နိုင်ငံရေးပညာရပ်အပေါ်မှာ လေးစားမှုရှိပါတယ်။ ကျွန်တော်တို့ စိတ်ကူးယဉ်လိုတောင်မရခဲ့တဲ့ အနောက်နိုင်ငံတွေမှာ ပညာသင်ကြားခွင့် အခွင့်အရေးကို ဒေါ်စု ရရှိခဲ့တာပါ။ဒါပေမယ့် ဘာကြောင့်လဲတော့မသိဘူး ဒေါ်စု စီးပွားရေးပိတ်ဆို့အရေးယူဖို့ လုပ်ခဲ့တယ်။ အဲဒီအကျိုးဆက်ကြောင့် ဆယ်စုနှစ်တစ်ခုအတွင်း တိုင်းရင်းသားတွေ ဘယ်လိုရုန်းကန်ခဲ့ရသလဲ ဆိုတာ ဒေါ်စုမြင်စေချင်ပါတယ်။ ဥပမာရိုင်းရိုင်းပြောရရင် ခွေးကိုချောင်ပိတ်ရိုက်ရင်သူပြန်ကိုက်မှာပါ။ ပိတ်ကစားတယ်ဆိုတာ အပြီးတိုင်အနိုင်ရနိုင်မှလုပ်ပါ။ သဘာဝကိုမလွန်ဆန်ပါနဲ့
    1. မင်မဆိုးပါဘူး ခွေကိုခွေးမှန်တော့သိသေးသားပဲ။
      မင်းမသိတာက မင်းကိုယ်တိုင် ခွေးဖြစ်လို့ ခွေးလိုဟောင်နေ ကျွန်စိတ်ဝင်နေတာပဲ။
      စစ်အာဏာရှင်ဟောင်တွေနဲ့ လက်ရှိ မင်းပထွေး ခွေသန်းရွှေက တစ်နိုင်ငံလုံးကို သေနတ်နဲ့ထောက်ပြီး ဓါးပြတိုက် ရသမျှယူ သူ့ဆွေသူ့မျိုးတွေ သူ့သားမြေးတွေကောင်းစားဖို့လုပ်နေလို့ ကမ္ဘာ့အဆင်းရဲးဆုံးနိုင်ငံဖြစ်ပြီး တိုင်းရင်းသားတွေသာမက ပညာတပ် မြို့နေလူတန်စား တွေပါ ဒုက္ခရောက်နေရတာ စီးပွားရေး မပိတ်ဆို့ခင်ကတည်းကပါ။ သမင်မွေးရင်း ခွေးစားရင်းမို့ ခွေးတွေပဲပိုဝလာ ပိုအားရှိလာပြီ့းိုဒုက္ခပေးလို့ လူတွေပိုဒုက္ခရောက်တာပဲရှိတယ်၊
      နာဂစ်ဒုက္ခသည်တွေအတွက် အလှုပစ္စည်းတွေ ငွေတွေတောင်မချန် သူတို့အိပ်ထဲ အကုန်ထည့်နေကြတာ ကမ္ဘာကအသိပဲ။ ဒါကြောင့်ကမ္ဘာကစီးပွားရေးပိတ်ဆို့ထားတာ။
Comments are closed.