မောက္ခပညာရေး အင်တာနက် စာမျက်နှာ မှ ကူးယူဖော်ပြပါသည်။
ရန်ကုန် အနောက်မြောက်ဖက် မိုင် ၃၀၀ ကျော် (ကီလိုမီတာ ၄၈၀) ဝေးသော တောင်ခြေနေရာများတွင် မြေအောက် နျူကလီးယားဒုံးကျဉ်တည်ဆောက်မှု အထောက် အထားများ မြင်တွေ့ရကြောင်း ၀ီကီလိခ်စ်မှ
ဖြန့်ချသော အမေရိကန် သံရုံး လျှို့ဝှက်ကေဘယ်များတွင် ဖော်ပြထားသည်။
တောင်ကုန်းထိပ်မှ အောက် ပေ၅၀၀ ခန့်အနက် မြေအောက်တွင် အခိုင်အမာတည်ဆောက်မှုများရှိနေကြောင်း၊ မြန်မာ အလုပ်သမားများကို မြောက်ကိုရီး အယောက် ၃၀၀ မှ ကူညီလုပ်ဆောင်ပေးနေကြောင်း ပါရှိသည်။
အမည်မဖော်လိုသော မြန်မာ အရာရှိတစ်ဦးက ဩစတြေးလျသံအမတ်ကို ပြောကြားချက်ဖြစ်သည့် ‘မြန်မာ အစိုးရအနေဖြင့် နျူကလီးယား တည်ဆောက်မှုတွင် ရုရှားကို software ထရိန်နင်ပေးခြင်းကိုသာ အားကိုး အားထားပြုကြောင်း၊ ရုရှားက စီးပွားရေးဆန်ဆန်ပုံစံ ဆက်ဆံနေသဖြင့် သိပ်တိုးတက်မှုမရှိကြောင်း၊ မြန်မာ အစိုးရက တောင်းသလောက် နိုင်ကြောင်း ပါရှိသည်။ ထို့ကြောင့် hardware လုပ်ငန်း အကောင်အထည် ဖော်မှုများအတွက် မြောက်ကိုရီးယားနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း’ ဆိုသော သတင်းကိုလည်း အမေရိကန်သံရုံးကေဘယ်တွင် ပါရှိသည်။
ပိုပြီး ထိတ်လန့်ဖွယ်ကောင်းလွန်းသည်မှာ မြန်မာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ရန်ကုန်ရှိ အမေရိကန်သံရုံးကို ယူရေနီယံ လာရောင်းလို့ သံရုံးမှ ၀ယ်ထားလိုက်ရကြောင်းပါရှိသည်။ ထိုစီးပွားရေးလုပ်ငန်းရှင်က ၁၉၉၂ ခုနှစ် တရုတ် တက္ကသိုလ် တစ်ခုမှ စမ်းသပ်စစ်ဆေးပြီး ရေဒီယိုသတ္တိကြွပေါင်ဒါဖြစ်ဖြစ်ကြောင်း သက်သေအထောက်အထားပါရှိတဲ့ ကော်ပီလက်မှတ် (photocopied certificate ) ဖြင့် ပုလင်းငယ်တစ်လုံးထဲထည့်ပြီး သယ်ယူလာခြင်းဖြစ်သည်။ သူက “ခင်ဗျားတို့ အမေရိကန်သံရုံးက ယူရေနီယံဝယ်ယူဖို့ စိတ်မ၀င်စားရင် ထိုင်းဖြစ်ဖြစ် အခြားနိုင်ငံတွေဖြစ်ဖြစ် ရောင်းပစ်ဖို့ ကြိုးစားမှာ” ဟု ပြောကြားကြောင်း ပါရှိသည်။
အလုပ်မဖြစ်သော အန်ကယ်ကြီးများ
၂၀၀၈ ခုနှစ် ဇူလိုင်လ ရန်ကုန်ရှိ အမေရိကန်သံရုံးပေးပို့သော လျှို့ဝှက်ကေဘယ်တွင်လည်း NLD ပါတီမှာ ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး ပါလီမန်ထိုင်ခုံအများစု ရရှိဖို့ စောင့်ဆိုင်းနေသော်လည်း၊ လက်တွေ့မှာ လုံးဝ မဖြစ်နိုင် သေးကြောင်း ပါရှိသည်။
ဒေါ်အောင်ဆန်းစုကြည်ကို လူထုက လေးစားထောက်ခံမှုရှိသည်မှာ သံသယမရှိသော်လည်း၊ သူမပါတီမှာ အားလုံးလက်ခံနိုင်လောက်သော စွဲမက်ဖွယ် အနေအထားမျိုးမရှိကြောင်း၊ ရိုးတွင်းချဉ်ဆီခန်းနေသော အန်ကယ်ကြီးများကသာ NLD ကို ပါတီဘော့စ်များအဖြစ် ထိန်းချုပ်ထားသည်မှာ စိတ်ပျက်ဖွယ် ဖြစ်ကြောင်း၊ ပါတီမှ တက်ကြွသော လူငယ်သွေးသစ်များကိုလည်း ထုတ်ပစ်ကြောင်း၊ စက်တင်ဘာလှုပ်ရှားမှုတွင် ဆန္ဒပြလှုပ်ရှားသူများက NLD ကို စိတ်ပျက်ခဲ့ကြကြောင်း ပေးပို့ထားသည်။
၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသားများကြား သဘောထား ကွဲမှုများရှိနေကြောင်း၊ အထူးသဖြင့် အင်းစိန်ထောင်အတွင်းရှိနေတုန်း ရွေးကောက်ပွဲ ဆန့်ကျင်သူ မင်းကိုနိုင်နှင့် ထောက်ခံသူ ကိုကိုကြီး တို့အကြား ပြဿနာများရှိခဲ့ကြောင်းစသည့် အချက်အလက်များစွာကို ၀ီကီလီမှဖွင့်ချထားသည်။
သတင်း Gurdian (http://www.guardian.co.uk/world/us-embassy-cables-documents/161881)

ဒို့ ကတော့ comment ပဲပေးတက်တယ်။ ကျန်တာ သိဘူး။
ထူးဖို့ ဆိုတာ လူညီဖို့ နဲ့ ဗျူဟာကောင်းဖို့ ပါ။ ဒေါ်စု က လူညီဖို့ ဟာတော့ မီးသေတယ်။ဗျူဟာမှာ မေတ္တာကြီးလွန်းတာ တခါတရံ ရန်သူအကြိုက် ဖြစ်နေတယ်။
အမေရိကန် ကမဟုတ်ကြောင်း သိနေတာကြာပြီ။ မပြောချင်လို့ သာ။ အန်တီစုလည်း ဘာမှမထူးပါဘူး။
ဘာတွေ ဘယ်လိုပဲဖြစ်ဖြစ် ပြောင်းလဲတစ်ခုကို
အန်တီစု လုပ်ပေးနိုင်မယ်လို့ ကျွန်တော့ကတော့ယုံကြည်ထားပါတယ်
ဒီအချိန်ဟာ အားလုံးအတွက် အကောင်းဆုံးအခြေအနေပါ
တက်ညီလက်ညီနဲ့ တစ်ခုသောပြောင်းလဲမှုဆီကို ဦးတည်ကြတာပိုကောင်းပါတယ်
လိုအပ်နေတာက စည်းလုံးညီညာမှုပါ
ဝေဖန်နေမယ့်အစား အဖြေမှန်ကို ရှာကြတာပေါ့ဗျာ
အမေရိကန်သံပြောတာမှန်ပါတယ်။ တကယ်တော့ ဒေါ်စုကသာ သူသင်ကြားခဲ့တဲ့ နိုင်ငံရေးပညာကို လက်တွေ့အသုံးပြုပြီး လူထုကိုလမ်းပြချင်တာပါ။ အနားမှာ နိုင်ငံရေးဘုရားယောင်ယောင်၊ နိုင်ငံရေး သရဲ ယောင်ယောင် စစ်တပ်မှာအာဏာရှိတုန်း လုပ်ချင်ရာလုပ်ခဲ့ပြီး မသေပဲကျန်နေတဲ့ သူတွေကြောင့် ဒေါ်စု ထောင်ကျခဲ့ရတာပါ။ ဗိုလ်ချုပ်အောင်ဆန်း သမီး က အခွင့်အရေးယူချင်တဲ့ စိတ်လုံးဝမရှိဘူးလို့ ယုံကြည်ပါတယ်။ ဒေါ်စု ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ အရာရာအောင်မြင်ပါစေ။
ဘာသာပြန်ဆိုပေးတဲ့ FNG ကိုတော့ ကျေးဇူးတင်မိပါတယ်..
ဒါပေမယ့်…သံတမန်တွေ မူးပြီးလျှောက်ပြောနေတာတော့ သတင်း မဖြစ်သင့်ဘူးထင်တယ် ။