ရဲကျော်အောင်၊ ၊ဘီဂျင်း (စီအင်အင်) —
နော်ဝေးနိုင်ငံ၊ အော်စလိုမြို့တွင်ကျင်းပသော
နိုဘယ်ငြိမ်းချမ်းရေးဆု ပေးပွဲ အခမ်းနားနှင့်
ပတ်သက်သော စီအင်အင် သတင်းနှင့် ရုပ်မြင်သံကြား
သတင်းများကို တရုတ်နိုင်ငံတွင် ပိတ်ပင်သော စာရင်းများထဲတွင်ပါဝင်သည်။
အကျဉ်းကျခံ နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် လီဇီအောဘို သတင်းဖြစ်သည်။ ဘေဂျင်း ဗျူရို စီအင်အင် သတင်းဌာ၏ အုပ်ချူပ်ရေး အကြီးအကဲ ဂျိမ်းမီ ဖလောခရုဇ်ကို တင်ပြမေးမြန်းထားသည်။
၁၁ နှစ် အကျဉ်းကျခံနေရသော လီ နှင့် ပတ်သက်သော သတင်းသည် တရုတ်နိုင်ငံအား မတည်ငြိမ်မှုကို ဖြစ်စေသဖြင့် ထိုသတင်းတွေကို ဂြိုဟ်တု မှတဆင့် ဖြတ်တောက်ထားခြင်းကို လုပ်ဆောင်စီမံထားသည်ဟုလည်း တွေ့ဆုံမေးမြန်းခန်းတွင်ဖော်ပြထားသည်။ နိုဘယ်ငြိမ်းချမ်းရေးဆု နှင့်ပတ်သက်သော သတင်းများ၊ Wikikeaks သတင်းတို့ကို ပိတ်ပင်တားမြစ်နိုင်အောင်ပြုလုပ်ထားသည်ဟုလည်း ဖော်ပြထားသည်။
လီဇီအောဘို သည် မြန်မာ နိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည် နှင့် ရှရုား နိုင်ငံမှ ဆာခါရော ဗ် တို့ ကဲ့ လိုပင်
တက်ရောက် ရယူနိုင်ခြင်း မရှိ ဟု သိရသည်။
ကိုးကား– http://edition.cnn.com/2010/WORLD/asiapcf/12/09/china.media.blocked/index.html
