၂၀၁၀ သည် ရက်များ စွာမကြာမှီမှာပင် ကမ္ဘာမြေကြီး အား နှုတ်ဆက် ထွက်ခွာ၍ သွားပေတော့မည်
ဖြစ်သည်။ ထောင်စု နှစ် တစ်ခု ၏ ပထမဦး ဆယ်စု နှစ် ဖြစ်သော ၂၀၁၀ ဆို သည့် ထို နှစ် ကာလသည် ကနဦး မိတ်ဆက် သဘောဖြင့် ဇန်န၀ါရီ လ ၁၂ ရက်နေ့ တွင် လူ့ အသက် ပေါင်း
နှစ်သိန်း ငါးသောင်း ကျော် ကို အစမ်း မိတ်ဆက် သဘော အနေဖြင့် နှုတ်ယူသွားခဲ့သည်။
၂၀၁၀ ခုနှစ် သည် ကမ္ဘာ တစ်ဝှမ်း ရှိ အစိုးရ များ တစ် နည်း မဟုတ် တစ်နည်း စိန်ခေါ်ခံရခြင်း(သို့ မဟုတ်) စိန်ခေါ်မှုများ နှင့် ရင်ဆိုင်ရသော နှစ် ကာလ တစ်ခု လည်း ဖြစ်သည်။ ကီရ်ဂျက်စတန်မှာ သည် ဘန်ကောက် ထိ
ပါရီ မှသည် ၀ါရှင်တန် ထိ အစိုးရများ သည် ပွင့်လင်း မြင် သာမှု နှင့် ပြောင်းလဲမှု များ အတွက် အစမ်းသပ် ခံဖြစ်ခဲ့ရသည်။
၂၀၁၀ တွင် ၀ီကီလိခ် ဆိုသည့် အကျိုးအမြတ် မယူသည့် အင်တာနက် လှုပ်ရှားမှု တစ်ခု က အမေရိကန် အစိုးရ၏ နိုင်ငံတကာသံရုံး များ ၏ သံတမန်များ ပေး စာ သိန်းပေါင်းများ စွာ ကို ဖွင့်ချ ဖော်ထုတ်သည့် လှုပ်ရှားမှု သည် မော်စကို မှ သည် တီဟီရန် ၊ နေပြည်တော် မှ သည် ၀ါရှင်တန် ထိ တုန် လှုပ် သွားခဲ့ရသည်။
၂၀၁၀ သည် လူထု အုံကြွှမှု များ ဖြင့် လည်း ပြည့် နှက်နေပေသည်။ မြောက်ကိုရီးယား နှင့်
တောင် ကိုရီးယား ပဋိပက္ခ ပိုမိုပြင်းထန် လာပြီး စစ်ရေး အသွင် ဆောင် လာသည်။ မြန်မာ နိုင်
ငံတွင် ကျင်းပသည့် ရွေးကောက်ပွဲ ဉ် အစိုးရက ဦးဆောင်ပြီး မဲလိမ်၊မဲခိုးမှု ပြုလုပ်ခဲ့သည်။ နှစ်
သစ်ကူး အတာသင်္ကြန် ကာလအတွင်း ဗုံးပေါက် ကွဲမှု ကြောင့် လူလေးဆယ် ကျော် သေဆုံး
ခဲ့သည်။ ရခိုင်ပြည်နယ် တွင် မုန်တိုင်း ၀င်ရာ လူ အသေအပျောက် များ ခဲ့သော် လည်း အစိုးရက
၂၀၀၈ ခုနှစ် နာဂစ် လေမုန်တိုင်း လို ပင် ထိရောက် စွာ အကူအညီ မပေးခဲ့။
မြန်မာ စစ်ခေါင်းဆောင် သည် အာဏာရရှိပြီး ချိန် မှ စ၍ ပထမ ဦးဆုံး အကြိမ် အဖြစ် ဒေသတွင်း
နိုင်ငံ များ သို့ လွန်းပျံ ခရီး ထွက် ခဲ့သည်။ အရုဏ်ဦးတွင် ဖူးသည့် ကြာ အမည်ဖြင့် ၀ါဒဖြန့် ရုပ်ရှင်ဇာတ်ကား စစ်အစိုးရ မှ ဖြန့် ချိခဲ့သည်။ ပဲခူးတွင် မူ လူငယ် နှစ်ဦး ကို စစ်တပ် က မြို့ 
လည် တွင် သေနတ် ဖြင့် အချက်ပေါင်းများ စွာ ပစ်သတ်ခဲ့သည့် တုန်လှုပ်ဖွယ်ရာ ဖြစ်ရပ် လည်း
ပေါ်ပေါက်ခဲ့သည်။ လှိုင်သာယာ ၊ ရွှေပြည်သာ စသည့် နေရာများ တွင် အလုပ်သမား များက
ဆန္ဒပြ သပိတ်တိုက် ပွဲ များ ပေါ်ပေါက်ခဲ့သည့် နည်းတူ ရဲမွန် စစ်တပ်မှ တပ်သားများ ၏ တစ်
လကျော်ကြ ဆန္ဒပြမှု က စစ်တပ်တွင်း သဘောထား ကွဲလွဲမှု ဖြစ်ပေါ်စေခဲ့သည်။
နှစ်ကုန် ခါနီး ဉ် နေအိမ် အကျယ်ချုပ် ဖြင့် ခုနှစ် နှစ် ကျော်နေ ခဲ့ရသည့် မြန်မာ့ ဒီမို ကရေစီ ခေါင်း
ဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက် လာခဲ့သည်။
ဇန်န၀ါရီ ၂၀၁၀ မြန်မာ နှင့် ကမ္ဘာ့  သတင်း များ အကျဉ်းချုပ်
ဇန်န၀ါရီ ၃ ကျပ် ရှစ်သောင်းအောက်ရရှိသည့်အစိုးရ၀န်ထမ်းများကို လစာ နှစ်ဆတိုးပေးမည်
ဖြစ်ကြောင်းကြေငြာ
ဇန်န၀ါရီ ၄ မြန်မာ့ လွတ်လပ် ရေး နေ့ တွင် ရန်ကုန် မြို့ ဉ် လုံခြုံရေး တင်း ကျပ်
ဇန်န၀ါရီ ၅ အမြင့်(၂၇၁၇)ပေရှိသည့် ဒူဘိုင်းမြို့တော်ရှိ ဘားဂ်ျဒူဘိုင်း (Burj Dubai) အမည်ရှိ ကမ္ဘာ့အမြင့်ဆုံးမျှော်စင်ဖွင့်လှစ်
ဇန်န၀ါရီ ၆ အမေရိကန် အစိုးရ က မြန်မာ့ ရွေးကောက်ပွဲ အပေါ်သံသယ ရှိသည်ဟု ကြေငြာ
ဇန်န၀ါရီ ၉ ဂူဂဲလ် က Nexus One Android Open Source Operating System တယ်လီဖုန်းကို စတင်မိတ်ဆက်
ဇန်န၀ါရီ ၁၂ ဟေတီ ငလျှင် လူ တစ်သိန်း ကျော် သေဆုံး
ဇန်န၀ါရီ ၁၃ ဟေတီ ငလျှင် အတွက် အမေရိကန် က ကနဦး ဒေါ်လာ သန်း ၁၀၀ လှုဒါန်း
ကာ ကယ်ဆယ် ကူညီရေး လုပ်ငန်း များ အတွက် ရေတပ် သင်္ဘော များ စတင်စေလွှတ်
ဇန်န၀ါရီ ၁၅ ပထမဦးဆုံးအမျိုးသမီးလေယာဉ်မှုးနှစ်ဦး Air Bagan တွင်တာဝန်ထမ်းဆောင်
ဇန်န၀ါရီ ၁၇ ရွှေပြည်အေး နှင့် မြို့မငြိမ်း နှစ် တစ်ရာ ပြည့် ကို အမျိုးသားကဇာတ်ရုံတွင် ကျင်းပ
ဇန်န၀ါရီ ၂၀ နယူးယောက်တိုင်း(မ်)သတင်းစာ က ၂၀၁၁ မှစ၍ သူ၏ အွန်းလိုင်းသတင်းများရယူလိုလျှင် ငွေကြေးပေးချေရမည် ဖြစ်ကြောင်း ကြေညာ
ဇန်န၀ါရီ ၁၉ ပြင်သစ် လူကြိုက်များ သတင်းစာ လမွန့် (Le Monde) က အမျိုးသမီး ဂျာနယ်လစ် တစ်ဦးဖြစ်သူ ဆယ်လ်ဗီကော်ဖ်မန်းအား ပထမ ဆုံးအကြိမ် အဖြစ် အယ်ဒီတာချုပ်ရာထူးခန့် အပ်
ဇန်န၀ါရီ ၂၂ တရုတ်နိုင်ငံလုပ် F7 တိုက်လေယာဉ် ရန်ကုန်အပြည်ြပည် ဆိုင်ရာလေဆိပ်တွင်ပျက်ကျ
ဇန်န၀ါရီ ၂၄ ဟေတီ ရံပုံငွေပွဲ တယ်လီသွန် တွင် နိုင်ငံတကာမှ အဆိုတော် ၊ သရုပ်ဆောင် နှစ်ရာကျော်ပါဝင်ခဲ့
ဇန်န၀ါရီ ၂၅ ဆက်ဒမ် ဟူစိန် လက်ထက် ကာဒ့် ပြည်သူများ ကို အဆိပ်ဓာတ်ငွေ့ ဖြင့် ရက်စက်
စွာ သတ် ခဲ့သည့် ဓာတု အလီ ကို ကြိုးပေးသတ်ဖြတ်
ဇန်န၀ါရီ ၂၆ တိုက်တန်း နစ် ရုပ်ရှင် ဇာတ် ကား ၏ စံချိန် ကို အေဗာတာ က စံချိန် ချိုး
ဇန်န၀ါရီ ၂၇ အက်ပလ်က မိုဘိုင်းဖုန်းဆက်သွယ်၍ရသည့် အိုင်ပက် အိတ်ဆောင်ကွန်ပျူတာကို ဈေးကွက်တွင် ဖြန့်
ဇန်န၀ါရီ ၂၈ အိုဘားမား၏ ပထမဆုံးအကြိမ် နိုင်ငံတော် အခြေပြ မိန့် ခွန်းပြော
ဇန်န၀ါရီ ၂၉ ဂျိမ်းကင်မရွန်နဲ့ ဇနီးဟောင်းဖြစ်သူ ကတ်သရင်းဘီဂျယ်လို အော်စကာဆုအတွက်လျှာထားခံရ
ဇန်န၀ါရီ ၃၀ ကမ္ဘာ့ ဒုတိယ အကြီးဆုံး ဧရာမ ကျောက်စိမ်း တုံးကြီး ကို ဦးဇော်ဇော် ပိုင်
ဆိုင် သည် ဟု သတင်းရရှိ
၂၀၁၀ ခုနှစ် ဇန်န၀ါရီ လ အတွင်း Freedom News Group တွင် ဖော်ပြခဲ့သည့် သတင်းများ
ဖြစ်ပြီး ကျန်ရှိနေ သည့် လများမှ အနှစ်ချုပ် ကို နေ့ စဉ် ဖော်ပြသွား မည် ဖြစ်ပါသည်။
