အမေရိကန် သံတမန် ရစ်ချတ် ဟိုလ်း ဘရွတ် ကွယ်လွန်

သီရိထက်၊      ၊အမေရိကန် အစိုးရ ၏ မြန်မာ နိုင်ငံအပေါ်ထားရှိသည့် နိုင်ငံခြားရေး မူဝါဒ များ
အား ဖော်ဆောင်ရာတွင် ပါဝင်သည့် နယူးယောက် အခြေစိုက် အဖွဲ့ အစည်း တစ်ခု ဖြစ်သည့်
Asia Society ၏ဥက္ကဌ ဟောင်း တစ်ဦး ဖြစ်သူ ရစ်ချတ် ဟိုလ်းဘရွတ် သည် ယနေ့ အသက်
၆၉ နှစ် အရွယ် တွင်ကွယ်လွန် သည်ဟု အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန မှ သတင်းထုတ် ပြန်သည်။


ရစ်ချတ် ဟိုးလ်းဘရွတ် သည် ဂျာမဏီ နှင့် ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် အဖြစ်တာ
ဝန် ထမ်းဆောင် ခဲ့ဖူးကာ ဘော်လကန် ဒေသ ငြိမ်းချမ်းရေး ရရှိရန် နှင့် ဒေတန် သဘောတူညီချက်
အကောင်အထည် ပေါ်လာရန် စွမ်းဆောင် ခဲ့သူ တစ်ဦး ဖြစ် သည်။ ပါကစ္စတန် နှင့် အာဖဂန် နစ္စတန်
နိုင်ငံ ဆိုင်ရာ အမေရိကန် ၏ အထူးသံ တစ်ဦး အဖြစ်လည်း နောက်ဆုံးတာဝန် ထမ်းဆောင် ခဲ့သည်။

၁၉၆၂ ခုနှစ် တွင် ရိုဒ် အိုင်လန် ရှိ ဘရောင်း တက္ကသိုလ် မှ ဘွဲ့ ရရှိပြီးနောက် တက္ကသိုလ် သတင်းစာ
တစ်ခု ဖြစ်သည့် ဘရောင်း ဒေလီး ဟာရယ် တွင် အယ်ဒီတာ ချုပ် အဖြစ် တာဝန် ထမ်းဆောင် နေစဉ်
နိုင်ငံခြား ဆက်ဆံရေး ဌာန သို့ ဝင်ရောက်ခဲ့သည်။ Foreign Policy မဂ္ဂဇင်း ၊ Newsweek မဂ္ဂဇင်း
တို့ တွင် အကြံပေး အယ်ဒီတာ ၊အုပ်ချုပ်မှု အယ်ဒီတာ အဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။

သမ္မတ အိုဘားမား က ရစ်ချတ် ဟိုလ်းဘရွတ် သည် အမေရိကန် နိုင်ငံခြား ရေး မူဝါဒ ၏များ
၏ စွမ်းပကား ရှင် တစ်ယောက် ဟု ဂုဏ်ပြုခဲ့သည်။