ဒေါ်အောင်ဆန်းစုကြည်အတွက် ရဲဘော်ရဲဘက်ကောင်း လက်ဆောင်ရ

ချစ်စရာ ခွေးကလေးငယ်ငယ် အား အင်းလျှားကန်စောင်း မှ နေအိမ် အနီးတွင် ချီပွေ့ ထားသည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည်နေအိမ်အကျယ်ချုပ်မှပြန်လည်လွတ်မြောက်
ပြီး မြန်မာဒီမိုကအရေး၊ ပါတီအရေးကိစ္စများ၊လှုမှုရေးဆောင်တာကိစ္စရပ်များ ကိုပြင်ဆင်လုပ်ဆောင်
မှုအများအပြားကို ဆောင်ရွက်နေကြောင်း သတင်းတွင်ဖေါ်ပြပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက်များ၊ နိုင်ငံတကာသံတမန်များနှင့် တွေ့ဆုံပြီးပါတီရဲ့ရှေ့လုပ်ငန်းစဉ်များကိုဆွေနွေးတိုင်ပင်မှုပေါင်းများစွာကိုမနားမနေဆောင်
ရွက်နေကြောင်းရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၀နှစ်တာကလအတွင်း သား၂ယောက်ရှိသည့်အနက် သားငယ်ဖြစ်သူ
ကိုထိန်လင်းနှင့် ၂ပါတ်ကြာတွေ့ဆုံခွင့်ရခဲ့သည်။ကိုထိန်လင်းသည် မိခင်ထံသွားရောက်တွေ့ဆုံစဉ်ကာလ
အတွင်း အလွန်ချစ်စရာကောင်းသော ခွေးငယ်လေးတကောင်ကို မိခင်အတွက် အဖေါ်အမွန်ရစေရန်
ရည်ရွယ်ပြီး လက်ဆောင်ပေးခဲ့သည်။ ထိုခွေးငယ်လေးရဲအမည်ကို “မေမေ့ရဲ့ယုယုယယ” ( May May’s pet )

လို့အမည်ပေးထားကြောင်း သတင်းထောက်ကိုပြောဆိုခဲ့သည်။

အင်ယားကန်စောင်းက ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာ ချစ်စရာကောင်တဲ့ခွေးငယ်လေးတကောင်ကို
မိမိမြင်တွေ့ခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတယောက်ဖြစ်တဲ့ဦးဥာဏ်ဝင်းကလည်း
ပြောဆိုကြောင်းသတင်းမှာရေးသားဖေါ်ပြထားသည်။

3 thoughts on “ဒေါ်အောင်ဆန်းစုကြည်အတွက် ရဲဘော်ရဲဘက်ကောင်း လက်ဆောင်ရ

Comments are closed.