ဝီကီလိခ် တည်ထောင်သူ အာမခံ ရရှိသော်လည်း ဆွီဒင် ၏ အသနားခံစာ ကြားနာမှု ကို စောင့်ဆိုင်းရမည်

နန်းနေခြည်၊            ၊အမေရိကန် အစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာန ကွန်ပြူတာတွေ ထဲက
လျှို့ ဝှက်ကြေး နန်းပေးပို့ မှု တွေ ကို ဖော်ထုတ်ဖွင့်ချနိုင်ခဲ့တဲ့ ဂျူလီယန် အဆန်း ကို ဒီနေ့ 
လန်ဒန် ၀တ်မင်စတာ လူဝင်မှုကြီးကြပ်ရေး တရားရုံးက အာမခံပေး ခဲ့တယ်လို့ ဂါးဒီယန်း
သတင်းစာကြီးမှာ ရေးသားဖော်ပြထားတာ တွေ့ ရပါတယ်။ အဆန်း ကို ယခင် သရုပ်ဆောင်
ဟူရ်းဂရန့် ချစ်သူဟောင်း သန်းကြွယ်သူဌေး ဂျမီမာ ခန်း၊ အမေရိကန် ရုပ်ရှင် ဒါရိုက်တာ
မိုက်ကယ်မိုး ၊ ၀န်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတို ရဲ့ တူမဖြစ်သူ စာရေးဆရာမ နဲ့ ကဗျာဆရာ
ဖတီမာ ဘူ တို ၊ လူ့ အခွင့်အရေး လှုပ်ရှားသူ ဘီယာနာ ဂျက်ကာ ၊ နဲ့  ဗြိတိသျှရုပ်ရှင် ဒါရိုက်တာ
ကန်လို့ ရှ် တို့ က အာမခံ တင်ပေးတာဖြစ်ပါတယ်။

ဒီဇင်ဘာလ ၇ ရက်နေ့ က သူ့ ကို ဖမ်းဆီးစဉ်မှာ အာမခံပေး ဖို့ တရားရုံးက ငြင်းဆန်ခဲ့ပြီး ၁၄ ရက်
အကြာ မှာ ဒုတိယအကြိမ် ရုံးထုတ်စဉ် အာမခံ ပေးခဲ့တာ ဖြစ်ပါတယ်။တရား ရုံးက ဆွီဒင် နိုင်ငံ
ရဲ့ တရားလိင်မတော် မတရား ပြုတယ် လို့ စွဲဆိုထား မှု ကို အာမခံ ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီအာမခံ ကို ဥရောပ သမဂ္ဂမှာ မုဒိမ်းမှု စံချိန် အမြင့် ဆုံး ဖြစ်တဲ့ ဆွီဒင် နိုင်ငံ က ၄၈
နာရီ အတွင်း အသနားခံ စာ တင်နိုင်ခွင့်ရှိပြီး ဆွီဒင် ရဲ့ လွှဲပြောင်းပေးရန် အသနား ခံစာ တင်သွင်း
တောင်းဆိုမှုကို တရားရုံးက ဆုံးဖြတ်တဲ့ အချိန် အတွင်းမှာ အဆန်းဟာ လန်ဒန် ထောင်ကြီး အတွင်း
နှစ်ရက်ခန့် နေထိုင်ရမှာ ဖြစ်ပါတယ်။

အဆန်း ကို ရုံးထုတ်လာစဉ်မှာ သူ့ နဲ့ သူ့ လှုပ်ရှား မှု ကို ထောက်ခံ ဆန္ဒပြတဲ့ လူ ၂၀၀ ကျော်
လောက်ဟာ တရား ရုံး အပြင် ဘက် မှာ ဆန္ဒပြနေကြပြီး သူ့ မိခင် က တော့ သားဖြစ် သူ လွတ်
မြောက်ရေး အတွက် လှုံဆော်ပေး တဲ့ မီဒီယာ တွေကို ကျေးဇူး တင်ကြောင်း ထုတ်ဖော်ပြောဆို
ခဲ့ပါတယ်။

ကမ္ဘာက မသိသေးတဲ့ အမေရိကန် လူမှု အနိဌာရုံ တွေ မှတ်တမ်း ရုပ်ရှိက်ကူးပြီး တင်ဆက် ပြ
သလေ့ ရှိတဲ့ ဒါရိုက်တာ မိုက်ကယ် မိုး ကလည်း အဆန်း အတွက် အာမခံ ငွေ ဒေါ်လာ ၂၀၀၀၀
ကို သူပိုင် ငွေ ထဲက နေတင်ပေးပြီး နောက် အဆန်းကို လည်း ချီးကျူးစကား ဆိုခဲ့ပါတယ်။
အမေရိကန် အစိုးရ နဲ့  အရင်းရှင် ကုမ္ပဏီကြီး တွေ သနားစရာ အမေရိကန် ပြည်သူတွေ ကို
လိမ်ညာ လှည့်ဖျား ပုံ ကို ကို ရိုက်ကူး ထုတ်လုပ်လေ့ရှိ တဲ့ မိုက်ကယ်မိုးက “ဒါကတော့ အစိုးရ
လျှို့ ဝှက် ချက် ၊ အရေးကြီး မှတ်တမ်း ဆို ပြီး ပြည်သူ ကို အသိမပေးဘဲ ကြိတ် လိမ်ညာ တဲ့
ခောတ်က တော့ ကုန်ပြီ ဟု AFP သတင်းဌာန ကို ပြောသည်။

ကန့် သတ် ချက် တစ်ချို့ နဲ့  ပြန်လည် လွတ်မြောက် လာမယ့် အဆန်း ဟာ တရားရုံး ဆုံးဖြတ်ချက်
မှာ ပါတဲ့ အတိုင်း လန်ဒန် မြို့ ပြင် ကို နှစ်နာရီ ထက် ပို ထွက် ခွင့်ရှိ မှာ မဟုတ်သလို ၊နေ့ စဉ်ည
ခြောက် နာရီ နဲ့ ရှစ်နာရီ ကြားမှာ ရဲစခန်း ကို သတင်း ပို့ ရမှာ ဖြစ်ပါတယ်။

ပြန်လည် လွတ်မြောက် လာမယ့် အဆန်း ကို သူ့ ရဲ့ သူငယ်ချင်း တစ်ဦးဖြစ်တဲ့ Front Line TV
News တည်ထောင်သူ ဗော်ဟန် စမစ် က လျှုထား တဲ့ ဆပ်ဖော့်က ဧက ၆၀၀ လောက်ကျယ်တဲ့
အလယ်ခောတ် ရဲ တိုက် ပုံစံ အိမ်ကြီးမှ နေမှာ ဖြစ်ပါတယ်။

နောက်ထပ် ကြားနာမှု ကို ဇန်န၀ါရီ လ ၁၁ ရက်နေ့ မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

သတင်း….ဂါဒီးယန်း ၊ ဟဖ်ဖင်တန်ပို့ စ်၊ အေအက်(ဖ)ပီ၊ စီအန်အန်

ဓာတ်ပုံများ ….ဂါးဒီးယန်း