“ မြင့်တချီ၊ ခန်းတလှည့် ” အစီရင်ခံစာထုတ်ပြန်

ကိုဦး၊            ၊ယနေ့နံက်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များကလပ်တွင် ရှမ်းသဘာဝပတ်ဝန်းကျင်ရေးရာအဖွဲ့နှင့် ရှမ်းအမျိုးသမီးရေးရာဆက်သွယ်လှုပ်ရှားဆောင်
ရွက်ရေးအသင်းတို့က ပူးပေါင်းပြီး “ မြင့်တချီ၊ ခန်းတလှည့် ” အစီရင်ခံစာထုတ်ပြန်ပွဲကို
ပြုလုပ်ခဲ့သည်ဟု သိရသည်။

ရွှေလီမြစ်သည် တရုပ်နိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့စီးဝင်သော နှစ်နိုင်ငံနယ်ခြားမြစ် ဖြစ်သည်။ တရုပ်နိုင်ငံအတွင်းပိုင်းမှ ရွှေလီမြစ်ကိုဗဟိုပြု၍ လောင်ဂျန်းဆည်ကိုတည် ဆောက်လိုက်သဖြင့် မြစ်အောက်ပိုင်းရှိ ဒေသခံတိုင်းရင်းသားများအားလုံး အခက်အခဲများ ဖြစ်ကြသည်ကို ရှမ်းသဘာဝပတ်ဝန်းကျင်ရေးရာအဖွဲ့နှင့် ရှမ်းအမျိုးသမီးရေးရာဆက်သွယ် လှုပ်ရှားဆောင် ရွက်ရေးအသင်းတို့က ရေးသားထုတ်ပြန်ခြင်းဖြစ်သည်။

ရှမ်းသဘာဝပတ်ဝန်းကျင်ရေးရာအဖွဲ့မှ ကိုစိုင်းစိုင်းက “ ဒေသခံလူထုတွေအများစုဟာ အင်မတန်ခက်ခဲမှုများနှင့် ကြုံတွေခံစားနေရပါတယ်၊ ကျေးရွာပေါင်း(၂၀)၊ လူဦးရေ(၁၆၀၀)  ကျော် ၀င်ငွေများစွာထိခိုက်နစ်နာမှုကို ရင်ဆိုင်နေရပါတယ် ”

ရေအားလျှပ်စစ်အတွက် တရုတ်ကုမ္ပဏီများက ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း၊ ပေါင်းလောင်း၊ ရွှေလီမြစ်များပေါ်တွင် ရေကာတာပေါင်း (၅ဝ) ခန့် တည်ဆောက်နေသည့် အနက် ရှမ်းသဘာဝပတ်ဝန်းကျင်အဖွဲ့က အခု(၂ဝ)ခန့်ကို စောင့်ကြည့်နေသည်ဟုလည်း ဆိုသည်။

ထိုသတင်းစာရှင်းပွဲသို့တက်ရောက်လာခဲ့သော ကိုဝင်းလှိုင်က “ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လွန်ခဲ့သောရက်ပိုင်းအတွင်း ဗိုလ်သင်တန်းဆင်းပွဲတစ်ခုမှာ နအဖလက်ထက်မှာ ကဏ္ဍအ သီးသီးမှာတိုးတက်မှုတွေရှိပါတယ်ဆိုပေမဲ့ အခုလိုအဖြစ်မျိုးတွေဖြစ်လာတယ်ဆိုရင်တော့ အစိုးရအနေနဲ့ တာဝန်အပြည့်ရှိတဲ့အတွက် ချိန်ဆပြီးလုပ်ရမယ်လို့မြင်ပါတယ် ” လို့ပြောပါ တယ်။

မြန်မာနိုင်ငံတွင် ဆည်ပေါင်းများစွာတည်ဆောက်နေသော်လဲ အကျိုးဆက်များကို မြန်မာ နိုင်ငံသားများ
မခံစားရဘဲ ပင်ပန်းဆင်းရဲကြီးစွာဖြင့် နှစ်ပေါင်းများစွာ ခံစားနေရဆဲဖြစ်သည်။