
နန်းနေခြည် ၊ ၊ထိုင်း နိုင်ငံ ရဲ့ အိမ်ရှေ့ မင်းသား တစ်ဦးဖြစ်တဲ့ မဟာဗာဂျီယာ လောင်ကွန်
ဟာ မြာပွေလွန်း ပီး မိုက်မလိုက်စားလွန်း အားကြီးတာ ကြောင့် ဘုရင် ဖြစ် ဖို့ မထိုက်တန်ဘူး
လို့ ဒီနေ့  ၀ီကီလိခ် ရဲ့ ထုတ်ဖော်မှု ထဲမှာ ဖော်ပြထားပါတယ်။
အသက် ၈၃ နှစ် အရွယ်ရှိနေပြီ ဖြစ်တဲ့ ဘုရင်ကြီး ဘူမိဘော အဒူလျှာ ဒက် နတ်ရွာစံ သွားခဲ့ရင် ဥပဒေ
အရ အိမ်ရှေ့ စံ မင်းသား က နန်းသက်ရတာ ဖြစ်ပေမယ့် နန်းညွှန့် နန်းလျှာ ကို ရွေးချယ်ပေးတဲ့ တော်
ဝင် ကောင်စီကတော့ ဗာဂျီယာ လောင်ကွန်း နန်း တက်မှာ ကို သံသယရှိ တယ် လို့ ဖော်ပြထားပါတယ်။
ထိုင်း နိုင်ငံ ဘန်ကောက် မြို့ က အမေရိကန် သံအမတ်ကြီး အဲရစ် ဂျွန်နဲ ဘုရင့် အတိုင် ပင်ခံကောင်စီ က အကြီးအကဲ တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီး ပရမ် တင်ဆူလာနိုဒါ ၊၀န်ကြီးချုပ် ဟောင်း အန်နာ ပရာယမ်ချမ်၊ ၀န်ကြီးချုပ် ဟောင်း နဲ့  လေတပ် ဦးစီးချုပ် ဟောင်း ဆီဒီ ဆာဗက်ဆီလာ တို့ နဲ့  ဒီနှစ် ဇန်န၀ါရီ လမှာ တွေ့ ဆုံစဉ် ဘုရင့် အတိုင် ပင်ခံ ကောင်စီက မှတ် ချက် ပေးပြေကြား သွားတာ ဖြစ်ပါတယ်။
အိမ်ရှေ့ မင်သား ဟာ တရား ၀င် အိမ်ထောင် ဆက် သုံးဆက် ကို ထူထောင် ထားသူ ဖြစ်ပြီး သူ့ ရဲ့ အကြီးဆုံး
သမီး ဖြစ်တဲ့ ပရာဂျာ ကစ်တီယာဘန် ကတော့ အသက် ၃၂ ရှိပြီ ဖြစ်ပါတယ်။
ဗာဂျီယာလောင်ကွန် ဟာ ဥရောပ နဲ့  သြစတေးလျှ မှာ အများ ဆုံးမြာပွေပြီး ဒေသတွင်း နိုင်ငံတွေ ဖြစ်တဲ့
မြန်မာ၊ ကမ္ဘော ဒီးယား စတဲ့ နိုင်ငံတွေ က အမျိုးသမီး တွေ နဲ့ လည်းမြာပွေ ခဲ့ဖူးပါတယ်။
ဘုရင့် အတိုင်ပင် ခံ ကောင်စီကတော့ သံအမတ်ကြီး နဲ့ တွေ့ ဆုံစဉ် မှာ အိမ်ရှေ့ မင်းသား ဟာရာထူးမှ
ဖယ်ရှား ခံရတဲ့ ၀န်ကြီးချုပ် ဟောင်း သက်ဆင် နဲ့ လည်း အဆက်အသွယ် ရှိပြီး သက်ဆင်ရဲ့ စီးပွားရေး
လုပ်ငန်း တွေ မှာ သူ့ ရှယ်ယာတွေ ပါရှိတယ် လို့ ဆိုပါတယ်။
ဒီနေ့ ဝီကီလိခ် ရဲ့ ပေါက်ကြားမှု မှာ ထိုင်းဘုရင် မကြီး ဆီရိခောတ် က လည်း ၂၀၀၆ ခုနှစ် သက်ဆင်
ကို ဖြုတ်ချပြီး အာဏာ သိမ်းမှု နောက် ပိုင်းမှာ နောက် ကွယ် ကနေ ကြိုးကိုင်း ခဲ့တယ် လို့ ဖော်ပြ
ထားပါတယ်။

တိုင်ပြည်နိုင်ငံ တစ်ခုကို ဘယ်လိုပုံစံနဲဘဲဖြစ်ဖြစ် ဆွေစဉ်မျိုးဆက် မိသားစုပိုင် လုပ်ထားရမယ့် ခောတ်မျိုး မဟုတ်တော့ပါဘူး။ီအဖွဲအစည်းတစ်ခုနဲ့ လက်ဝါးကြီးအုပ်ပြီး အုပ်ချုတ်တဲ့ တစ်ပါတီအာဏာရှင်စံနစ်ပင် ခောတ်ကုန်နေပါပြီ။