ခင်မောင်ရင် ၏ This is Kin Maung Yin စာအုပ်ထွက်ရှိ

This is Kin Maung Yin စာအုပ်

နေမျိုးဦး၊      ၊မြန်မာ့ပန်းချီကျော် ခင်မောင်ရင် ၏ ဘ၀ မှတ်တမ်းများ ကို စာရေးဆရာမ မသိဂ္ဂီ င်္က
အင်္ဂလိပ်ဘာသာဖြင့် ရေးသားဖော်ပြထား သည့် This is Kin Mg Yin ဆိုသည့် စာအုပ် ထွက်ရှိ လာကာ
သူ့ ၏ အနုပညာ ဘ၀ နှင့် သရုပ်မှန် ဘ၀ တို့ ကို ပန်းချီ ကားချပ် များ ဖြင့် တွဲဖက် ဖော်ကျူးကာ
ရေးသားထားသည် ။

လောကနတ် တွင် ပြုလုပ်ခဲ့သည့် သူ၏ တစ်ကိုယ်တော် ပြပွဲ တစ်ခု တွင် ဆရာ ခင်မောင်ရင် အား သူ ၏ပန်းချီကား နှင့် အတူတွေ့ ရစဉ်

အသက် ၇၂ နှစ် အရွယ်ရှိ ဗိသုကာ ပညာရှင် နှင့် ပန်းချီဆရာ ခင်မောင်ရင် သည် နှစ်ပေါင်း ၅၀
ခန့် ပန်းချီ နယ်ပယ် တွင် ကျင်လည် ခဲ့ပြီး ထို စာအုပ် တွင် ၁၉၆၀ ပြည့်လွန် နှစ် များ က အိန္ဒိယနိုင်
ငံ ဉ် ဗိသုက ပညာဖြင့် အသက် မွေး ၀မ်းကျောင်း ခဲ့ပုံ များ ပါဝင်ပြီး သူ၏ ကျော်ကြားမှု အစ နှင့် ပန်း
ချီ စဆွဲ စဉ် က ခောတ် အခြေအနေ များ ကို လည်း ထည့်သွင်းဖော်ပြထားသည်။

ထိုစာအုပ် ဒေါက်တာ အာသာ ဆန်းမြင့် က ပုံနှိပ် ထုတ်ဝေခြင်း ဖြစ်ပြီး တစ်အုပ်လျှင် တစ်သောင်း
ကျပ်ဖြင့် လောကနတ် ပန်းချီပြခန်း ၊ အင်းဝ စာအုပ်တိုက် နှင့် စာပေလောက စာအုပ်တိုက်တို့ တွင်
ရောင်းချ သည် ဟု သိရသည်။

ခင်မောင်ရင် သည် ပန်းချီဆွဲ သည့် လုပ်ငန်း အပြင် ရံဖန် ရံခါ စာပေး ရေးသားခြင်းလည်း ရှိပြီး
သူ၏ တစ်အုပ်စာ နှင့် ပေါ်ဦးသက် ထရမ်ပက်ဝယ်ခြင်း တို့ မှာ ခောတ်ပေါ်စာပေ နယ်တွင် လူ
ကြိုက်များ သည့် ၀တ္ထု တိုများ ဖြစ်သည်။

This is Kin Mg Yin စာအုပ် ကို ဥရောပ နှင့် အမေရိကန် နိုင်ငံများ တွင် လည်းရောင်းချ
မည် ဖြစ်သည်။