ဂျူလီယန် အဆန်း အာမခံ ဖြင့်လွတ် (ဗီဒီယို)

အာမခံဖြင့် ပြန်လည် လွတ်မြောက် လာသည့် အဆန်း ဓာတ်ပုံ-ရိုက်တာ

ဒီဇင်ဘာ လ ၇ ရက်နေ့ က ရဲလက်မှ အဖမ်းခံပြီး လန်ဒန်ထောင်ကြီးမှာ အဖမ်းခံနေရတဲ့ဂျူလီ
ယန် အဆန်း ဟာ လန်ဒန် စံတော်ချိန် ညနေ ၆နာရီ ခွဲမှာ ပြန်လည် လွတ်မြောက် သွားပြီ ဖြစ်ပါ
တယ်။ သူ ဟာ အမေရိကန် အစိုး ရ ရဲ့ ထိပ်တန်းလျှို့ ၀ှက်  စာရွက် စာတမ်းတွေ ကို ၀ီကီလိခ်
ဝဘ်ဆိုတ် တည် ထောင်ကာ ဖွင့်ချ ခဲ့သူ ဖြစ်ပါတယ်။သူ့ ကို အမေရိကန် အစိုးရ က တရားဆွဲ ဖို့ စီစဉ် နေပြီး အခု တရားစွဲ ခံထားရမှု ဟာ ဆွီဒင်
နိုင်ငံမှာ အမျိုးသမီး နှစ်ဦး နဲ့  သံဝါသ ပြုခဲ့စဉ် က လိင်အကာအကွယ် ပူစီဖောင်း ပုံစံ အစွပ်
ကို မသုံးခဲ့ လို့  ဖြစ်တယ် လို့ ပြင်သစ် သတင်းစာ လမွန့်  က သတင်း ထောက် တစ်ဦးဖြစ်သူ
ယန်း ပတော က Freedom News Group ကိုပြောပြပါတယ်။

ထောင်က ပြန်လွတ်လာ တဲ့ အဆန်းဟာ သူ့ ကို မတရား စွပ်ဆွဲ ထားတဲ့ ဆွီဒင် အစိုးရ ကို
ပြန်လည် တရား စွဲဆိုမှာ ဖြစ်ပြီး ဒီမတရား မှု ကို လည်း ရင် ဆိုင်သွားမယ် လို့ ဆိုပါတယ်။

သူက သူ့ ရဲ့ နောက်ထပ် ၀ီကီလိခ် ထုတ်ဖော်မှု တွေ ကို ဆက်လုပ်မှာ ဖြစ်ပြီး ကမ္ဘာ့  ပြည်သူတွေ
ကို အမှန် တရား ကို သိရအောင် သူက စွမ်း နိုင်သမျှ လုပ်ဆောင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

သူက ဗြိတိသျှ တရားစီ ရင်ရေး စနစ် ဟာ အခု ထိ မသေဆုံး သေးဘူး လို့ ပြောကြားခဲ့ပြီး
သူထောင်ကျနေစဉ် မှာ သူ့ ကို ထောက်ခံ တဲ့ ကမ္ဘာ့ ပြည်သူတွေ ၊ သူလွတ်မြောက် ဖို့ 
ကြိုးစား ပေး ခဲ့တဲ့ ကမ္ဘာ့ ပြည်သူတွေ ကို ကျေးဇူးတင် တယ် လို့ တရားရုံးက ထွက်လာခြင်း
မှာ ပဲ ပြောသွား ခဲ့ပါတယ်။

အဆန်းဟာ ဒေါ်လာ သုံးသိန်း တစ်သောင်း အာမခံ နဲ့  ပြန်လည် လွတ်မြောက် လာခဲ့တာ
ဖြစ်ပါတယ်။

Figures pledging bail

Jemima Khan, rights activist and writer
Bianca Jagger, human rights campaigner
John Pilger, journalist
Hanif Kureishi, author
Peter Tatchell, rights activist
Ken Loach, film-maker
Sarah Saunders, British restaurateur
Michael Moore, film-maker
John Sulston, Nobel Prize winning scientist
Lord Evans, Labour peer
Vaughan Smith, Frontline club founder