Updated
အောင်မြင်၊ ၊လွတ်ရက်စေ့ နိုင်ငံရေး အကျဉ်းသား အယောက် ၂၀ ကို ယနေ့ သောကြာ
နေ့ ဒီဇင်ဘာ ၁၇ရက်နေ့ တွင် ပြန်လည် လွှတ်ပေး လိုက်သည် ဟု Freedom News Group
မှ သတင်းရရှိသည်။ပြန်လည် လွှတ်ပေး လိုက်သူများတွင် ဦးစန္ဓိမာ ၊ ကိုလွင်ကိုလတ် ၊ အမျိုးသား ဒီမိုကရေစီ
အဖွဲ့ ချုပ်မှ ဦးရောဘတ်စန်းအောင်၊ နှင့် ဗက သမှ ကိုဟန်ဝင်းအောင်တို့ ပါဝင်ကြောင်း
သိရှိရသည်။
ရှေ့ နေ ဦးရောဘတ် စန်းအောင်( မင်္ဂလာတောင်ညွှန့် ) မြို့ နယ်က မူ ၂၀၀၈ ခုနှစ် ဇွန်လ
က ထောင်ဒဏ် နှစ်နှစ် ခွဲချမှတ်ခြင်း ခံရပြီး ယခု ကလေး အကျဉ်းထောင်မှ လွတ်ရက်စေ့ချိန်
တွင် ပြန်လည် လွတ်မြောက် လာခဲ့သည်။
ယနေ့ ပြန်လည်လွတ်မြောက် လာသူ ၂၀ ဦး အနက် သတင်းရရှိသူ ၁၇ ဦးမှာ-
ဦးမြင့်ဆွေ (ကြည့်မြင်တိုင်) ကို သံတွဲ ထောင် ၊ ဗဟန်းမြို့နယ် အဖွဲ့ချုပ် အတွင်းရေးမှူး ဦးထွန်းမြင့်
(ရမည်းသင်းထောင်) ၊ ဦးမောင်မောင်သိန်း (မင်္ဂလာဒုံ)ကို ဘားအံထောင်၊ ရှေ့နေ ကိုရောဘတ်ဆန်း
အောင် (မင်္ဂလာတောင်ညွန့်) မြို့နယ် ကို ကလေးထောင်မှ လည်းကောင်း၊ သုံးရောင်ခြယ်ကျောင်းသားများ
အဖွဲ့ဝင် ကိုကျော်ကျော်ဆန်း (ညောင်လေးပင်) မအူပင်ထောင်၊ ဦးသိန်းဝင်း (တောင်ဒဂုံ)၊ ဦးဆွေမင်း
ခေါ် အရှင် ဦးစန္ဓိမာ (လှိုင်မြို့နယ်)၊ ဦးချစ်ခင် ၊ ဦးဌေးအောင်၊ ဦးမောင်စိန် (မင်္ဂလာဒုံ)၊ ဦးဟန်စိန် (လှိုင်)၊
ဦးစံဘော် တွံတေး ၊ ဦးစိုးအုန်း (ဗဟန်း၊ တွဲဘက်အတွင်းရေးမှူး) နှင့် အသက် (၈၀)နှစ်ရှိပြီ ဖြစ်သည့်
ဦးတင်အုန်း (လှိုင်သာယာ) ၊ ကို ကျော်ကျော် ကို လွင် ကိုလတ် တို့ကို ယနေ့ အကျဉ်းထောင်အသီးသီး
မှ ပြည်လည် လွှတ်ပေးခဲ့ ကြောင်းသိရသည်။

ကံကောင်းပျှော်ရွှင်နိုင်ကြပါစေ
ဝမ်းသာပါတယ် ခင်ဗျာ……။ ကျန်နိုင်ငံရေး အကျဉ်းသားတွေလည်း အမြန်ဆုံးလွတ်မြောက်ကြပါစေ။
နောက်တစ်ခု တောင်းဆိုချင်တာက အခုလွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေဆီကနေ ထောင်ထဲမှာကျန်နေသေးတဲ့ လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျမ်းမာရေး၊ စားသောက်ရေးက အစ၊ ထောင်တွင်း နေထိုင်ရမှုပုံစံတွေကို FNG အနေနဲ့ တိုက်ရိုက်မေးမြန်ချက်သော်၎င်း၊ ဆောင်းပါးအနေနဲ့ သော်လည်းကောင်း တင်ဆက်ပေးစေချင်ပါတယ်။