ချူလာလောင်ကွန်းက နိုင်ငံတကာရွှေ့ ပြောင်းအလုပ်သမားနေ့

ကိုဦး ၊           ၊ထိုင်းနိုင်ငံ ဘန်ကောက်မြို့
တော် ချူလာလောင်ကွန်းတက္ကသိုလ်မှ
ကျုမ်းဖွတ် ဖန်းထစ် အစည်းအဝေးခန်းမတွင်  နိုင်ငံတကာရွှေ့ပြောင်းအလုပ်သမားနေ့
အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့သည်။

ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနမှတာ
ဝန်ရှိသူများ ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်ဆောင်နေကြသောအစိုးရမဟုတ်သော
အဖွဲ့များ၊ လူ့အခွင့်အရေးအဖွဲ့များ၊ မြန်မာ၊
လာအို၊ ကန်ပူးချား အလုပ်သမားများ
တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် တာဝန်ရှိသူများက ပြောကြားခြင်း၊ တက်ရောက်လာသူများက
မေးမြန်ခြင်း၊ ဆွေးနွေးခြင်းများဖြင့် နံက်ပိုင်းကိုပြီးဆုံးစေခဲ့ပြီး ထမင်းဖြင့်တည်ခင်းဧည့်ခံခဲ့ပါ သည်။

နေလည်ပိုင်းတွင် ဒုတိယပိုင်းကို ပြန်လည်စတင်ချိန်မှာတော့ အလုပ်သမားအရေးတာဝန်
ရှိသူများက ပြောဆိုဆွေးနွေးရာတွင် ရောင်ခြည်ဦးမြန်မာအလုပ်သမားအဖွဲ့တာဝန်ခံ
ကိုမိုးဆွေက “ မြန်မာအလုပ်သမားများဟာ မိမိအခွင့်အရေးကို သိရှိနားလည်ရန် လိုအပ်
ကြောင်း အလုပ်ခွင်စည်းကမ်းများကိုလဲ လိုက်နာရန်၊ ကျနော်တို့အလုပ်သမားအရေးလုပ်
ဆောင်နေတဲ့ အဖွဲ့များကလဲ အထူးတလည် လိုက်လံထိတွေ့ဆက်ဆံမှုများကိုပြုလုပ်သွား
မှာဖြစ်ကြောင်း ”ထိုပွဲသို့တက်ရောက်ခဲ့တဲ့ မြန်မာအလုပ်သမ နန်းအေးကျင်က “ ကျမအခုပွဲကို
လာရောက် တက်တဲ့အတွက် ကျမရမဲ့အခွင့်အရေးတွေကို ကျမသိရှိရပါတယ်၊ ကျမအသက်(၁၅)
နှစ် ရှိပေမဲ့ အလုပ်သမားအခွင့်အရေးဆိုတာတွေကို လုံးဝမသိခဲ့တာအမှန်ပါ ” ဟု  Freedom News
Groupသို့ပြောသည်။

အထူးသဖြင့် ထိုင်းအစိုးရအနေနဲ့ မြန်မာအလုပ်သမားများထံမှ တစ်ဦးလျှင် (၂၄၀၀)ဘတ်
ကောက်ခံမည့်အစီအစဉ်နှင့် ယာယီပတ်စ်ပို့အစီအစဉ်များဟာ  “မှန်မှန်ကန်ကန် ဆောင်ရွက်
သွားခဲ့ပါလျှင် အကျိုးရှိမှာဖြစ်ကြောင်း ယခုအခါတွင် ပွဲစားများတဆင့်လုပ်ကိုင် ဆောင်ရွက်နေ
ရတဲ့အတွက် မြန်မာအလုပ်သမားများမှာ လွန်စွာမှ နစ်နာမှုများဖြစ်ပေါ်နေ ရကြောင်းကို နှစ်နိုင်
ငံအစိုးရများအနေဖြင့် စာနာနားလည်ပေးရန်လိုအပ်ကြောင်း ” ကို ထိုင်းနိုင်ငံတောင်ပိုင်းမှ
ဒေါ်ညိုကပြောသည်။

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားနှစ်သန်းမှ လေးသန်းအထိရှိနိုင်သည်ဟု အလုပ်သမား အရေးဆောင်ရွက်နေကြသောအဖွဲ့များကခန့်မှန်းကြသည်။ ကိုမိုးဆွေက  “ နအဖ က ပြည်တွင်းမှာအလုပ်အကိုင်တွေအများကြီးရှိပါတယ်ဆိုပေမဲ့ ထိုင်းနိုင်ငံအတွင်းမှာ မြန်မာ အလုပ်သမားတွေအများကြီးရှိနေတာဟာ မြန်မာနိုင်ငံအတွင်းရဲ့အခြေအနေကို သုံးသပ်
လို့ ရနိုင်ကောင်းသည် ဟု ဆိုသည်။