All Eyes On Myanmar Celebrities Couples Wedding

နေမျိုးဦး ၊ ၊ဇန်န၀ါရီလ ၁၅ ရက်နေ့ နှင့် ၁၆ ရက်နေ့ များ တွင် ရန်ကုန် မြို့ ရှိ နေရာအသီးသီး ဉ်
ခြောက်ကြိမ်ခွဲ၍ ကျင်းပမည့် ပြေတီဦး နှင့် အိန္ဒြာ ကျော်ဇင် တို့  ၏ လက်ထပ် မင်္ဂလာ ပွဲ မှာ လှည်းနေလှေ
အောင်း မြင်းဇောင်း မကျန် စိတ် ၀င်စားနေကြသည် ဟု သိရှိ ရသည်။
ရဲဘော် သုံးကျိပ် ၀င် ဗိုလ်ဇေယျ ၏ မြေးဖြစ်သူ အိန္ဒြာကျော်ဇင် နှင့် နာမည် ကျော် သရုပ်ဆောင်
ပြေတီဦး တို့ ၏ မင်္ဂလာ ဆောင် မှာ စပွန်ဆာ အများအပြား ရရှိပြီး ကျော်ကြားသူ တို့ မင်္ဂလာ ပွဲ
သမိုင်း တစ်လျှောက်တွင် အများ ဆုံး ရရှိခြင်း ဖြစ်သည် ဟု ဒီဇင်ဘာ နှင်း က Freedom News
Group သို့ ပြောသည်။
နေ့ ရက် အချိန် နှင့် နေရာ အတိအကျ ကို မသိရသေးသော်
လည်း ထို နေ့ တွင် မင်္ဂလာဆောင်မည့် နေရာ သို့ သူ၏
ပရိသတ်များ က အများ အပြားသွား နိုင်သည် ဟု ရန်ကုန်
မြို့ တွင် အလှပြင် ဆိုင် ဖွင့်ထား သည့် အိန္ဒြာကျော်ဇင် ၏
ပရိသတ် တစ်ဦး ကပြောသည်။
ဇန်န၀ါရီလ ၂၀ ရက်နေ့ လက်ထပ် မင်္ဂလာ ပွဲ ကို MRTV4 မှ
တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်မည်ဖြစ်ပြီး ကျန် မင်္ဂလာဆောင် မှတ်
တမ်း များ ကို လည်း ရိုက်ကူး ပြသမည် ဖြစ်ကြောင်း MRTV 4
မှ အမှုဆောင် အရာ ရှိ တစ်ဦး က Freedom News Group
သို့ ပြောသည်။အတည်မပြု နိုင် သော သတင်းများ အရ ထို
သရုပ်ဆောင် ဇနီးမောင် နှံ၏ မင်္ဂလာ ဆောင်အား မြန်မာ့
ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည် အား
ဖိတ်ကြားခြင်း မပြုရန်စာပေ စိစစ်ရေး မှ ဖိအား ပေးမှု များ ရှိ
သည် ဟု သိရပြီး မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး
သန်းရွှေ ၏ သမီးများ က ပြေတီဦး နှင့် အိန္ဒြာကျော်ဇင်တို့ 
၏ မင်္ဂလာ ဆောင် အား သ၀န်တို မနာ လို မှု များ ဖြစ်
နေသည် ဟု သိရသည်။
ပြေတီဦး နှင့် အိန္ဒြာကျော်ဇင် သည် ၎င်း တို့ ၏ ကိုယ်ပိုင်ငွေများ ထဲ မှ ငွေကြေးချို့ တဲ့ ၍
ပညာသင်ယူရန် ခက်ခဲ သည့် ကျောင်းသား၊ကျောင်းသူ များ အတွက် ဖောင်ဒေးရှင်း တစ်ခု
တည်ထောင်ကာ ငွေကြေးထောက် ပံ့မှု များ ပြုလုပ် ၍ ပညာသင် ဆုများ ချီးမြှင့်သည်။
မန္တလေး မြို့ မှ ထိုးမုန့် လုပ်ငန်း ရှင် တစ်ဦးက ပြေတီဦး နှင့် အူဝဲ တို့ ၏ မင်္ဂလာဆောင် သည်
ဗိုလ်သန်းရွှေ ၏ သမီး မင်္ဂလာ ဆောင် ဖြစ်သည့် စိန်စီသောည ထက် ပိုမို စည်ကားပြီး ကျက်
သရေ ရှိ လိမ့် မည် ဟု ခန့် မှန်းပြောဆိုသည်။
ဇော်ဖြိုးဝင်း နှင့် သန္တာရွှေ တို့ ၏ စိန်စီသော ည မင်္ဂလာဆောင် တွင် လက်ဖွဲ့ ငွေပေါင်း အမေရိ
ကန် ဒေါ်လာ လေးသန်း ကျော်ရရှိသည် ဟု သိရသည်။
အိန္ဒြာကျော်ဇင် နှင့် ပြေတီဦး တို့  နှစ် ယောက် စလုံး သည် သရုပ်ဆောင် သက် ၁၀ စုနှစ်
တစ် ခု ကျော်ပြီ ဖြစ်သည်။ ပြေတီဦး သည် ၁၉၉၈ ခုနှစ် ခန့် ကတည်း မြန်မာ့ ရုပ်မြင် သံကြား
မှ တင်ဆက် သည့် မြန်မာ စာ မြန်မာ စကား အစီအစဉ် တွင် ပါဝင် သရုပ်ဆောင်ခဲ့သည်။
မင်္ဂလာ ပွဲ ကျင်းပမည့် နေရာ နှင့် အချိန်များ
၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ တောင်းရမ်း မင်္ဂလာ(အိန္ဒြာကျော်ဇင် ၏ နေအိမ်)
၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၄ ရက် လက်မှတ်ရေး ထိုးပွဲ ( Traders Hotel)
၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁၅ ရက် ဆွမ်းကျွေးမင်္ဂလာ (မဟာစည် သာသနာ့ရိပ်သာ)
၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁၆ စုလျားရစ်ပတ် ဘိတ်သိတ်မင်္ဂလာ (Sedona Hotel)
၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၂၀ ရက် လက်ထပ်မင်္ဂလာပွဲကို (Sedona Hotel )
၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် မင်္ဂလာညစာစားပွဲကို InyaLake Hotel
မင်္ဂလာ ၀တ်စုံ
ဒီဇိုင်နာ ခင်စန်းဝင်း၊ ပြည်စိုးအောင်၊ Vivid၊ Silk & Style၊ Euphoria၊ မိုးကုတ် ပေါက်ပေါက်
လက်ဝတ်ရတနာ
She Shine၊ စိန်နန်းတော် ၊ SP Gems
ပန်းအလှ ဆင်ယင်မှု
Marvelous, Eternal Flower, ခင်မောင်ဝင်း၊ မာမီကျော် (Malaysia)၊ မစန်းစန်းဦး
ဖိနပ်
ရွှေနဂါးဖိနပ်ဆိုင်
မင်္ဂလာ ပွဲ နှင့် ပတ်သက် ၍ အချက် အလက် အချို့ ကို Eleven Media Group ၏ News-
Eleven အင်တာနက် စာမျက်နှာ မှ ရယူပါသည်။
ဆက်စပ် သတင်း (အိန္ဒြာကျော်ဇင် လက်ထပ်မည့် သတင်း ပရိသတ် က စိတ်ဝင်စားနေ)
ဓာတ်ပုံများ ကို့ မြန်မာ ပလန်းနက် ၊ ရွှေ အမြုတေ နှင့် မြန်မာ ကျော်ကြားသူများ အင်တာ နက် စာမျက် နှာ တို့ မှ ရယူထားပါသည်။

ပျော်ရွှင်ပြီူပြည့်စုံသောဘ၀ကိုနှစ်ကိုယ့်တစိတ်သာယာစွာဖြတ်သန်းနိုင်ပါစေလို့ မအူဝဲ ရဲ့ချစ်ပရိတ်သတ်တယောက်အနေနဲ့ဆုတောင်းပေးလိုက်ပါတယ်
ပြေတီဦးနဲ့မအူဝဲတို့ပျော်ရွှင်သာယာစံပြုထိုက်သောဘ၀ကိုနှစ်ကိုယ့်တစိတ် ဖန်းတီးနိုင်ကြပါစေ
I think thins is’ good..theer big boss.whatever the do good..sompeople
say good sompeple say jalouse..for not jalous but thi’s is’like too
much super STARRR…
KMT ပြောတာအ၇မ်းမှန်တယ်ဗျာ အဲလောက်တောင်မလိုအပ်ဘူးထင်ပါတယ် မရှိနွမ်းပါးတဲ့တဲ့သူတို့ မိဘမဲ့ကလေးတို့ ဘိုးဘွားရိပ်သာတို့ စသည်ဖြင့်ပေါ့ အဲဒီနေရာတွေမှာ အသုံပြုလိုက်ရင် ဘယ်လောက်ကောင်းမလဲ
ရွှေပြားကြမ်းပြင်၊စိန်ဘဲစီစီ၊ပတ္တမြားပင်ခင်းထားတဲ.အိပ်ယာဖြစ်ပစေ ဘယ်သူ.ဘက်ကစပစေ sexual criminal တက်ပြီး၊ဟိုးလေးတကျော် celebrities breaking news တော.မဖတ်ပရစေနဲ.။ကမြောက်ကချောက်အတ္တကျော်ရဲ.”အချစ်နဲ.နှလုံးသားကိုသဖန်းပင်မှာချိတ်ထားလိုက်ပြီးသူ.စာတွေကိုထုတ်ဝေပေး
မယ့်ူသဌေးမနောက်ဦးနှောက်(ခေါင်း)သုံးပြီးအတ္တဘOထူထောင်သင်.တယ်” ဆိုတဲ.FOCUS မ၀င်စေနဲ.။အဲ.သလိုအတွေးဝင်လာလို.ကတော.အူဝဲကတေဖကို။ပြီတီတီကဦးသန်းရွှေသမီးကို(နှုလုံးသားထဲကအချစ်။မေတ္တာတွေစွန်.ပြီး)ဦး
နှောက်(ခေါင်းနဲ.)စဉ်းစားသွားမိကြပိါလမ်.မေ။
အူဝဲ ကို မနေ့ က trader မှာတွေ့ လိုက်တာ နို့ က တော်တော်ကြီးလာတယ် အဟိ
I don’t interest it but I really upset for our poor people.
လိုကယ်-မန်းပြောတာမှန်တယ် ၊ သွားပြီး ရန်မတိုက်ပေးကြပါနဲ့ ၊ သူတို့ပါသူတို့အေးအေးချမ်းချမ်းနေကြပါစေ
ခင်ညားတို.ကလဲ စိန်စီသောညနဲ. ရန်တိုက်ပေးမနေနဲ.လေ။ တော်ကြာ သိပ်ကဲတယ်လို. ထင်သွားရင် မင်းသမီးမင်းသားပဲ
နစ်နာမယ်။
အခုလို မင်္ဂလာဆောင်၆ပွဲလုပ်ပြီး ဗီဒီရိုရိုက် ရောင်းရငွေတွေကို ပြေတီဦးဖောင်ဒေးရှင်းသို့ လှူဒါန်းမယ်ဖြစ်ကြောင်း သိရပါတယ်။ ဘယ်လောက်ရလို့ ဘယ်လောက်လှူလည်းဆိုတာ ကြည့်ရတာပေါ့။
ဟေ့ ဒို့ကတော့ရှင်းတယ်.လောလောဆယ်မှာတော့ အသည်းကွဲနေတယ်.အူဝဲလေး လက်ထပ်သွားလို့ ဟိဟိ နောက်တာ
မင်္ဂလာရှိပါတယ်ကွယ် လိုက်လည်းလိုက်ဖက်ပါတယ်.ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံ အိုအောင်မင်းအောင်ပေါင်းနိုင်
ကြပါစေလို့ အဝေးတနေရာက ညီလေးနဲ့ညီမလေးတို့ရဲ့ပရိသတ်တစ်ယောက်က ဆုတောင်းလက်ဖွဲ့လိုက်ပါတယ်.
ဆက်လက်ပြီးလည်း ဒီ့ထက်မကလှုနိုင်တန်းနိုင်ပါစေ.
ပကာသနအတွက် အသုံးပြုမှုတွေ များပြားလွန်းပါတယ်၊ အခုမင်္ဂလာဆောင်မှာ သုံးစွဲရန် ရည်ရွယ်ထားသောငွေများအနက် မင်္ဂလာဆောင်ကို တော်ရုံသင့်ရုံးသုံးစွဲပြီ၊ ကျန်ငွေတွေကို အမှန်တကယ်ဆင်းရဲနွမ်းပါသော လိုအပ်ချက်များပြားသော၊ ခေါင်ခိုက်သော ဒေသ အသီးသီးမှာ ကျောင်းဆောက်တာပဲဖြစ်ဖြစ်၊ ဆေးရုံဆေးခန်းဆောက်ပေးတာပဲဖြစ်ဖြစ်၊ လမ်းဖောက်ပေးတာပဲဖြစ်ဖြစ်၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာပဲဖြစ်ဖြစ် အသုံးပြုရင် ဘယ်လောက်ကောင်းလိုက်မလဲ၊ သူတို့ဆီမှာ ရှိနေသောငွေကြေးများကလည်း သူတို့အမြဲကျေးဇူးရှင်လို့ပြောပြောနေတဲ့ ပရိသတ်ကြီးဆီက ရထားတဲ့ ၀င်ငွေတွေပဲ ဆိုတော့ သူတို့ ပြည်သူကို ၊ ပရိသတ်ကြိးကို တကယ်ချစ်၊ တကယ်ကျေးဇူးတင်တယ်ဆိုရင် အကျိုးပြုလုပ်ငန်းတွေမှာပဲ အသုံးချသင့်တယ်။ ဖောင်ဒေးရှင်းထောင်ပြိး ငွေကြေးလှူဒါန်းမှုတစ်ခုလုပ်ဖူးတာကိုချီးကျူးပေမဲ့ မရင့်ကျက်သေးဘူးလို့တော့ မြင်မိပါတယ်။
ပြေတီဦး နှင့် အိန္ဒြာကျော်ဇင် သည် ၎င်း တို့ ၏ ကိုယ်ပိုင်ငွေများ ထဲ မှ ငွေကြေးချို့ တဲ့ ၍
ပညာသင်ယူရန် ခက်ခဲ သည့် ကျောင်းသား၊ကျောင်းသူ များ အတွက် ဖောင်ဒေးရှင်း တစ်ခု
တည်ထောင်ကာ ငွေကြေးထောက် ပံ့မှု များ ပြုလုပ် ၍ ပညာသင် ဆုများ ချီးမြှင့်သည်။
သာဓုပါသာဓုပါသာဓုပါ။အလွန်ကောင်းသောစိတ်ဓါတ်ဖြစ်ပါသည်။မင်္ဂလာဆောင်ပြီလည်းချို့ တဲ့ သူများအားပိုလို့ လှူ နိုင် တမ်း
နိုင် ပါ စေ။
မြန်မာအမျိုးသမီးတစ်ဦးအတွက် အိမ်ထောင်ရေးက အလွန်ရေးပါပါတယ်။ ကိုယ့်အမျိုးသားချင်း တင့်တင့်တယ်တယ် ဖြစ်အောင် မင်္ဂလာဆောင်တာ တစ်ဦးကို တစ်ဦးတန်ဖိုးထားလို့ ဖြစ်ပါတယ်။ အားလုံးအတွက် ၀မ်းသာ ဂုဏ်ယူမိပါတယ်။ ဆက်လက်ပြီး မင်္ဂလာပေါ် မင်္ဂလာထပ်ပြီး အောင်မြင်ကြပါစေလို့ ဆုတောင်းပါတယ်။