မြန်မာနိုင်ငံ ဆိုင်ရာ သြစတေးလျှ သံအမတ်
ကြီး အဖြစ် နိုင်ငံတကာ အတွေ့  အကြုံ ရှိ
သြစတေးလျှ သံအမှုထမ်း တစ်ဦး ဖြစ်သည့်
ဘရွန်တီ မိုလက်(စ) အား ခန့် အပ် လိုက်
သည် ဟု ယနေ့  သြစတေးလျှ နိုင်ငံခြားရေး
ဝန်ကြီး ဌာန မှ ထုတ် ပြန် သော သတင်း ကို
ကိုးကားပြီး ဆစ်ဒနီ မောနင်း ဟာရယ်
သတင်းစာ က ရေးသား ထားသည်။
ဘရွန်တီ မိုလက်(စ) အား သြစတေးလျှ နိုင်ငံ၏ အထူးအာဏာ ကုန် လွှဲ အပ်ခြင်း ခံရသည့် မြန်မာ
နိုင်ငံဆိုင်ရာ သံအမတ်ကြီး အဖြစ် ခန့် အပ်ခြင်း ဖြစ်သည် ဟု သတင်းစာ က ရေး သားထားသည်။
မစ္စမိုလက်(စ)သည် ၂၀၀၀ ပြည့် နှစ် အစောပိုင်းမှ စ၍ သြစတေးလျှ နိုင်ငံ ၏ ကုလသမဂ္ဂ ဆိုင်ရာ သံ
ကိုယ်စားလှယ် အဖွဲ့ အဖြစ် တာဝန် ထမ်းဆောင် ခဲ့ပြီး အီရတ် နိုင်ငံ တွင် အာဏာရှင် ဆက်ဒမ် ဟူစိန်
လက် စားနပ် ရိက္ခာ ၀ယ်ရန် အတွက် ကုလ မှ ရေနံ ရောင်းချသည့် ငွေ များ ကို လက်နက် များ ၀ယ်
ရန် သုံး စွဲ ခဲ့မှု ဉ် စုံစမ်းစစ်ဆေးသည့် အဖွဲ့ ဝင် တစ်ဦး အဖြစ်တာ ၀န်ထမ်းဆောင် ခဲ့သည်။
လက်ရှိ တွင် သြစတေးလျှ နိုင်ငံဆိုင်ရာ ထိုင်း နိုင် ငံ ဒုသံအမတ်ကြီး အဖြစ် တာဝန် ထမ်းဆောင် နေသည်။
သြစတေးလျှ နိုင်ငံသည် မြန်မာ နိုင်ငံတွင်း ဉ် ဆက်လက် နေထိုင် ရန် မဖြစ်တော့ သည့် သူများ ကို
၎င်းတို့ နိုင်ငံတွင်း နေထိုင်ရန် လက်ခံပြီး မြန်မာ နိုင်ငံ ၏ ဒီမိုကရေစီ ရေး ကို အားပေး ကူညီ ခဲ့သည့်
နိုင်ငံ တစ်ခု လည်း ဖြစ်သည်။
ယခင် က ဗြိတိသျှ နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ် ကြီး အဖြစ် အမျိုး သမီး သံအမတ်ကြီး တစ်ဦး
ဖြစ်သူ ဗစ်ကီိဘိုးမန်း နဲ့ သြစတေးလျှ သံအမတ်ကြီး အဖြစ် မစ် မစ်ချယ်(လ)ချမ်း
တာဝန် ထမ်းဆောင် ဖူးသည်။
ဘရွန်တီ မိုလက်(စ) အား သြစတေးလျှ နိုင်ငံခြားရေး ၀န်ကြီး ကီဗင် ရဒ် က မြန်မာ နိုင်ငံတွင် သံအမတ်
အဖြစ် တာဝန် ထမ်းဆောင်ရန်အတွက် ယနေ့ လက်မှတ် ရေးထိုး အတည်ပြုခဲ့ခြင်း ဖြစ်သည်။
