တစ်နှစ်တာ လူဆိုး

Villain of the Year
The Voice ဂျာနယ် ၏ အယ်ဒီတာ ချုပ် နှင့် Myanmar E gress တည်ထောင်သူ
ဒေါက်တာ နေ၀င်းမောင် အား တစ်နှစ် တာ ထူးချွန်မှု အရှိ ဆုံး လူဆိုး အဖြစ် Freedom
News Group မှ ရွေးချယ် သတ်မှတ် လိုက်သည်။ Villain of the year ဆု အတွက်
Freedom News Group မှ စာဖတ် ပရိသတ်နှင့် ရန်ကုန်မြို့ နေပြည်သူများ ၊ လူငယ်
များ ၏ ဆန္ဒကို ကောက် ခံကြည့် ရာဒေါက်တာ နေ၀င်းမောင် နှင့် မြို့ တော်ဝန် ဦးအောင်
သိန်း လင်း တို့ ကို ဆန္ဒပြုခဲ့ကြသည်။

ဒေါက်တာ နေ၀င်းမောင် သည် စစ်အစိုးရ၏ လွတ်လပ်ပြီး တရားမျှတမှု ကင်း မဲ့သည့် ရွေး
ကောက် ပွဲ အတွက် ၎င်း ၏ The Voice ဂျာနယ် မှ အူလှိုက် သဲလှိုက် ထောက် ခံခဲ့ပြီး နိုင်ငံ၏
စတ္ထု ထ မဏ္ဍိုင်  မီဒီယာ တစ်ခု အနေဖြင့် ပြည်သူ ကို လမ်းမှန်ညွှန် ပြပေးရန် ၀တ္တရားပျက်
ကွက် ခဲ့သည်။

ကုန်လွန်တော့မည် တစ်နှစ် တာ အတွင်း ဒီမိုကရေစီ အင်အား စု များ ကို လည်း ပြို ကွဲအောင်
လုပ်ဆောင် ခဲ့ပြီး နေအိမ် အကျယ်ချုပ် မှ ပြန်လည် လွတ်မြောက်လာစ ဒေါ်အောင်ဆန်းစုကြည် ကို
လည်း သူမကြောင့် အရပ်ဘက် လူမှု အဖွဲ့ အစည်း များဒုက္ခရောက် ရသည် ဟု လတ်တလော
တွင် ၀ါးလုံး ချီး သုပ် ရမ်း ခဲ့သေး သည်။

ဒီမိုကရေစီ အင်အားစု များ ကို နည်းမျိုး စုံ ဖြင့် ဝေဖန် သော်လည်း စစ်အဏာရှင် စနစ်
ကို သော် ၎င်း စစ်အာဏာရှင် စနစ် ကို ပုံဖော် သူများ နှင့် ၎င်း တို့ ၏ ဒေါက်တိုင် များ ကို မူ
မည် သည့် မှတ်ချက်မှ မပေး ဘဲ တတ်အား သရွေ့ ချီးမွမ်းမှု ပြု ခဲ့သည်။

သံရုံး အမှု ထမ်း တစ်ဦး၏ ပြောပြချက် အရ ဒေါက်တာ နေ၀င်းမောင် သည် အနောက်
နိုင်ငံ သံ အမှုထမ်း များ အား ဒီမိုကရေ လှုပ်ရှား သူများ ၏ အားနည်း ချဲ့  အချို့ ကို ပုံကြီး
ချဲ့ ပြောတတ်သည် ဟု ဆိုသည်။

ဒေါက်တာ နေ၀င်းမောင် အား FNG မှ တစ်နှစ်တာ လူဆိုး ဆု ပေးရခြင်း နှင့် ပတ်သက်၍
ရန် ကုန် မြို့ မှ ၀ါရင့် သတင်း စာ ဆရာ တစ်ဦး က ဘယ်လိုခေါ်မလဲ ကျောင်း မှ ဆိုရင် School
Bully လိုကလေးတွေ ရှိတယ် ..ခပ် ဆိုးဆိုး နဲ့ မှားမှန်း သိသိ စွပ် မှားတာ အပြစ်မဲ့သူတွေ ကို
ဒုက္ခ ပေးတာ ..သူက တော့ State Bully ပေါ့ ဟု သုံးသပ် ပြောကြားသည်။

_____________________________________________________________
Freedom News Group သည် တစ်နှစ် တာ အတွင်း မြန်မာ နိုင်ငံ တွင် ထင်ရှား ကျော်ကြား
သူများ နှင့် အတူ Hero of the Year နှင့် Person of the Year တို့ ကို လည်း ရွေးချယ်ဖော်
ပြသွား မည် ဖြစ်ပါသည်။

13 thoughts on “တစ်နှစ်တာ လူဆိုး

  1. တကယ်တော့ အဲ့ဘဲကြီးကဆောက်ပေါသာသာပဲရှိတဲ့ ဖိုက်တင်းဘောကြီးပါဗျာ

  2. FNG ခင်ဗျား မောင်မောင် ကိုလည်း ပြည်ပ နိုင်ငံရေး လူဆိုးဆုပေးပါ ရန် ပန်ကြား အပ်ပါသည်။
    နောက် နှစ် အတွက် ကို မူ Burma Point ကိုစာရင်းတို့ ထားပြီး ၊ မိုးသီး ကို မူ တစ်နှစ်တာ
    အပေါဆုံး နိုင်ငံရေး သမား ဆုဖြစ်ဖြစ် စီစဉ်ပေးပါ။

  3. သန်းရွှေရဲ့ မယားပါသားလေးတွေဖြစ်တဲ့ ပန်းတောက်မြေ ၀ိုင်းတော်သားတွေကိုလဲထည့်ပေးကြပါဦးဗျို့….

  4. မင်းဆရာ လုပ်ချင်တာ မင်းလပြွတ် ဖြစ်သွား ခြင်းပေါ့

  5. မလုပ်ကျပါနဲ့ဗျာ..ဒေါ်အောင်ဆန်းစုကြည်လွတ်လာလို့ သူဒုက္ခရောက်နေရပါပြီ ဆိုပြီးထပ်အော်နေပါအုန်းမယ်..။

  6. လျှက်တစ်ပြက် မြတ်ခိုင်ကိုလည်းပေးသင့်ပါတယ် …
    Freedom News Group သည် တစ်နှစ် တာ အတွင်း မြန်မာ နိုင်ငံ တွင် ထင်ရှား ကျော်ကြား
    သူများ နှင့် အတူ Hero of the Year နှင့် Person of the Year တို့ ကို လည်း ရွေးချယ်သင့်ပါတယ်…

    1. အဲဒီ ဆင်ငပဲ ဆိုတဲ့ကောင်က သူပထွေးသန်းရွှေ ခိုင်းလို့ ကိုယ့်အမေ(ကိုယ့်တိုင်းပြည်) ကိုယ်ပြန်မုဒိမ်းကျင့်ရတာကို လူမျိုးစွဲကင်းတယ် လူတန်းစေ့တယ် အကျိုးရှိတယ် ငါလူလယ်လို့ ထင်နေတဲ့ ကျပ်မပြည့်တဲ့ဦးနှောက်ပဲ ရှိတဲ့ ခွေးကောင်။ ခွေးတွေကိုဆုပေးမှ သူ့အတွက်လာမှာ။

  7. ဖြစ်နိုင်ရင် မဲဆောက်ကမ်းဘေးက တော်လှန်ရေးပါလီမန်အတွင်းဝန် ကျောက်သမားမောင်မောင်ကို လည်း ချိးထုပ်ဆု ပေးသင့်ပါတယ် ။ နှစ်ပေါင်း ၂၀ လုံးလုံး ငွေနိုင်ငံရေးလုပ်စားဆု ကျောက်သမားမောင်မောင် ။

  8. ဘယ်လောက်ပညာတတ်တတ် ကျဉ်းမြောင်းတဲ့ မိသားစု ကျဉ်းမြောင်းတဲ့ ပတ်ဝန်းကျင်ကို ဖြတ်သန်းလာခဲ့တဲ့
    သူတွေဟာ ဒီလိုဘဲ..သူများထွေးထားတဲ့ တံတွေးကို စမ်းသောက်ကြည့်မယ့် သူချည်းဘဲလေ…
    အများအကျိုးအတွက် ကိုယ်ကျိုးတစ်ခုဘဲ ကြည့်တတ်သူပါ…

  9. အဲဒီအပေါ်က လူတွေအပြင် ပြည်ပကဆို ဗီအိုအေက တင်မောင်သန်း၊ နိုင်အောင်၊ ဖင်ကုန်းတဲ့အောင်မျိုးမင်း၊ စတဲ့သူတွေတယ်ကလည်းရွေးပြီးပေးဖို့ ပြည်ပရောက်တွေဆီက ဆန္ဒမဲကောက်ပြီး ဆုပေးသင့်ကြောင်း FNG ကိုအကြံပေးပါတယ်။ “ပြည်ပရောက် ဒီမိုကရေစီ လူဆိုးဆု ” ထပ်ချီးမြင့်ပေးစေလိုပါတယ်။

  10. အမယ်လူဆိုးက ပန်းတွေ နဲ့ ဝေ ဖြစ်နေ ပါလား

Comments are closed.