
ပြီးခဲ့တဲ့ မတ်လ နဲ့ ဧပြီ လ တွေ အတွင်း က အမေရိကန် နိုင်ငံ တ၀ှမ်း ကောက် ယူ ခဲ့ တဲ့ နိုင်ငံတွင်း နေထိုင်သူ
လူဦးရေ စာရင်းအရ လူဦးရေ ၃၀၈.၇ သန်း ရှိ ပြီး ဒါ ဟာ ၂၀၀၀ ပြည့် နှစ် က စစ်တမ်း ကောက်ယူခဲ့တာ ထက်
၉.၇ ရာခိုင်နှုန်း တိုး တက်လာ တာ လို့ သန်း ခေါင်းစာရင်း ဗျူရို က မနေ့  က သတင်း ထုတ်ပြန်ပါတယ်။
စာရင်းကောက်ယူမှု အရ အမေရိကန် တွင် နေထိုင် သူပေါင်းဟာ ၃၀၈.၇၄၅. ၅၃၈ သန်းရှိ တယ်လို့ သတင်း
ထုတ်ပြန်ပါတယ်။ ၁၇၉၀ ခုနှစ် နိုင်ငံ တည်ထောက် ခါစက နိုင်ငံတွင်းနေထိုင်သူ ပေါင်းဟာ ၃.၉ သန်း ရှိပြီး
၂၀၀၀ ပြည့် နှစ် စာရင်း ကောက်ယူမှု မှာတော့ ၂၈၁.၄ သန်းရှိတယ် လို့ ဖော်ပြထားပါတယ်။
နီဗားဒါး၊ အရီဇိုးနား၊ယူထ နဲ့  အိုင်ဒါဟို ပြည်နယ်တွေ က နေထိုင်သူ လူဦးရေ တိုး တက်လာပြီး နယူးယောက်၊
မစ်ချီဂန်၊ အိုဟိုင်း ယိုး စတဲ့ ပြည်နယ် တွေ မှာတော့ စာရင်း ကောက်ယူမှု အရ နေထိုင်သူ လျှော့ ပါးသွားခဲ့တယ် လို့ စာရင်းအရ သိရပါတယ်။
အမေရိကန် အစိုးရ ဟာ နိုင်ငံတွင်း နေထိုင်သူ စာရင်း ကို ဆယ်နှစ် တစ်ခါ ကောက်ယူလေ့ရှိပြီး အခု ဆယ်စု နှစ်မှာ တော့ ကာဆီနို ကစားဝိုင်း တွေ ရှိတဲ့ နီဗားဒါး ပြည်နယ် ကို အမေရိကန် ပြည်သူတွေ က နေထိုင်ဖို့ ရွေး
ချယ်ကြတယ် လို့ သိရပါတယ်။
