Freedom News Group သည် ၂၀၁၀ ခုနှစ် အတွင်း လူကြိုက်များ သော အင်တာနက်
ဝဘ်ဆိုတ် ၄ ခု နှင့် အကျော်ကြားဆုံး ဘလောက် ၃ ခုအား ရွေးချယ် ဖော်ပြလိုက်ပါ
သည်။ FNG ၏ ယခု ရွေးချယ်မှု တွင် ရန်ကုန် နှင့် မန္တလေးအခြေစိုက် မြန်မာ နိုင်ငံ အင်တာ
နက် သုံးစွဲသူ လူငယ် များ ဖိုရမ် မှ ကူညီပါသည်။
က ၀ဘ်ဆိုတ်များ
၁။ မြန်မာ နိုင်ငံ၏ သတင်းမီဒီယာ အုပ်စု တစ်ခု ဖြစ်သည့် Eleven Media Group မှ ထုတ်ဝေ
သော အပတ်စဉ် ထုတ် ၀ီကလီ အဲလဗင်း ဂျာနယ် ၏ အင်တာနက် စာမျက်နှာ သည် ပြည်တွင်း
ပြည်ပ မှ မြန်မာ လူမျိုး များ သာ မက ပြည်ပ မီဒီယာ များ က ပါ အားထား ရသည့် သတင်းရင်း
မြစ် တစ်ခု ဖြစ်သည်။မြန်မာ ပြည်တွင်း မီဒီယာ များ တွင် စစ်အစိုးရ အား ကျားကန် ပေးမှု အနည်း
ဆုံး သော သတင်းများ ကို ဖော်ပြကာ ဘက်လိုက်မှု လျှော့ပါးပြီး တိကျ သပ်ရပ် သည်။ အရေးကြီး
ဖြစ်စဉ် နှင့် သတင်းများ ကို အချိန် နှင့် တပြေးညီ လွှင့် ထုတ် နိုင်သည်။
၂။ ရွှေအမြုတေ မဂ္ဂဇင်း နှင့် Teen မဂ္ဂဇင်း နှင့် အလင်းတန်း ဂျာနယ် တို့ ကို ဖတ် ရှု နိုင် သော
အင်တာနက် စာမျက်နှာ ဖြစ်သည့် ရွှေအမြူတေ ၀ဘ်ဆိုတ်သည် ၂၀၁၀ တွင် မြန်မာ လူမျိုးများ
ကြည့် ရှု မှု အများ ဆုံးသော အင်တာ နက် ၀ဘ်ဆိုတ် တစ်ခု ဖြစ်သည်။အဆို ပါ အင်တာ နက်
စာမျက် နှာ တွင် မြန်မာ နိုင်ငံ၏ Pop Culture နှင့် ကျော်ကြားသူ တို့ သတင်း နှင့် လူမှုဘ၀ ရသ
စုံလင် တို့ ကို ဖော်ပြထားသည်။
၃။မြန်မာ ရုပ်ရှင် ၊ ဗီဒီယို များ နှင့် ဖျော်ဖြေရေး ပွဲစဉ် များ ၊တေးဂီတ ကာရာ အိုကေ ဗီစီဒီ များ ကို
တင်ဆက် ထုတ်လွှင့် ပေး သည့် Burmese Classic ၏ အင်တာနက် စာမျက်နှာ သည် လည်း ယ
ခု နှစ် တွင် ပရိသတ် အကြည့် များ သော အင်တာနက် စာမျက် နှာ တစ်ခု ဖြစ်သည်။ အကယ်ဒမီ
ဆုပေးပွဲ သတင်း ကို တိုက်ရိုက် ထုတ်လွှင့် ခြင်း ပြုခဲ့ပြီး တစ်နေ့ လျှင် နိုင်ငံတကာမှ မြန်မာ ပရိသတ်
များ ကြည့်ရှု သူ ငါးသောင်း ကျော် မှ ခုနှစ် သောင်း အထိရှိ သည်။ ထို ဗီဒီယို ဆိုတ် တွင် မြန်မာ ရုပ်ရှင်
ကား ဟောင်းများ ပါကြည့် ရှု နိုင်သည်။
၎.မြန်မာ ဖျော်ဖြေရေး နယ်ပယ်မှ ငွေကြေယ်ပွင့် များ ၏ လှုပ်ရှားမှု များ ကို အနောက်တိုင်း
မဂ္ဂဇင်း များ ဆန်ဆန် အလှုပ် အခတ်ဖြင့် တင်ဆက် သည့် မြန်မာ ဆီလီဘရီတီ အမည်ရှိ
အင်တာနက် စာမျက်နှာ သည် လည်း ၂၀၁၀ ခုနှစ် အတွင်း ဖျော်ဖြေရေး ပရိသတ် များကြား
ထင်ရှားသည်။
ခ .ဘလောက် စာမျက် နှာ များ
၁ .ဧရာဝတီ သတင်း ဌာန ၏ ဘလောက် စာမျက် နှာ တစ်ခု ဖြစ်သည့် ဧရာဝတီ ဘလောက်
အင်တာနက် စာမျက်နှာ မှာ လည်း အချိန် တို အတွင်း မှပင် လူကြိုက် များ လာသည့်
ဘလောက် တစ်ခု ဖြစ်သည်။
၂. ယခု နှစ် ဒီဇင်ဘာ လဆန်း မှ စတင် ခဲ့သော် လည်း အချိန် တို အတွင်းမှာ ပင် လူကြိုက် များ
လာသည့် မြန်မာ ၀ီကီလိခ် အင်တာနက် စာမျက်နှာ သည် လည်း မြန်မာ စစ်အစိုးရ ၏ နိုင်ငံ
ရေး ၊စီးပွားရေး ၊ စစ်ရေး လျှို့  ၀ှက် ချက် များ ကို ဖော်ထုတ် မှုကြောင့် လူကြိုက်များ လျှက်ရှိ
သည်။ ထို ၀ဘ်ဆိုတ် မှာ နိုင်ငံတကာ အဖွဲ့ အစည်း များ မှ ပင် ဘာသာပြန်ငှား၍ ဖတ်ရှု ရသည်
ဟု သိရသည်။
၃. မွမ်းကျပ်မှု များ ဖြင့် နေ့ တဓူဝ နေ့ ၊ ည များ ကို ကျော်ဖြတ် နေရသည့် မြန်မာ ပြည်သူများ
အတွက် စိတ်ထွက် ပေါက်ဖြစ်ဖွယ်ရာ အင်တာနက် စာမျက်နှာ တစ်ခုဖြစ်သည့် Burma Strange
News သည် လည်း သတင်း များ ကို ဟာသ ဖြစ်ဖွယ်ရာ ရွေးချယ် ထုတ် နှုတ်ထားသည်။
အမေရိကန် နိုင်ငံ၏ ၂၀၁၀ လူကြည့် အများ ဆုံး ၀ဘ်ဆိုတ်များ
_______________________________________________________________
Freedom News Group သည် တစ်နှစ် တာ အတွင်း မြန်မာ နိုင်ငံ တွင် ထင်ရှား ကျော်ကြား
သူများ နှင့် အတူ Hero of the Year နှင့် Person of the Year တို့ ကို လည်း ရွေးချယ်ဖော်
ပြသွား မည် ဖြစ်ပါသည်။ တစ်နှစ် တာ လူမှုရေး ထူချွန်ဆု နှင့် ၂၀၁၀ ခုနှစ် အတွင်း Fredom
News Group မှ လူကြည့် အများ ဆုံး သတင်း နှင့် ဓာတ်ပုံ ဆယ် ခု ကို လည်း တင်ဆက် ဖော်
ပြသွား မည် ဖြစ်ပါသည်။
