
FNG၊ ၊ပြီးခဲ့သည့် ဧပြီလ အတွင်း မြန်မာ
နှစ်သစ်ကူးအတာသင်္ကြန် ရေသဘင်
ပွဲတော် ၏ အကြတ်နေ့ တွင် ဖြစ်ပွားခဲ့
သည့် ဗုံးပေါက်ကွဲမှု တွင် လူပေါင်းများ
စွာ သေကြေခဲ့ရသည့် အဖြစ် ဆိုးကြီး
ကြောင့်ဒီဇင်ဘာ လ ၃၁ ရက်နေ့ နှစ်သစ်
ကူး နေ့  တွင် ရန်ကုန် နှင့် မန္တလေး ဒေသခံ
အချို့ က လည်ပတ်ပျော်ပါးခြင်း မပြု လုပ်လို
ကြ ဟု သိရသည်။ ဒီဇင်ဘာ ၂၅ ရက်နေ့ 
ခရစ္စမတ် ပွဲတော်ကာ လ နှင့် ဒီဇင်ဘာ ၃၁
ရက် နေ့ နှစ်သစ်ကူးနေ့ များ တွင် ပျော်ပွဲ၊ရွှင်ပွဲ
များ နှင့် လည်ပတ်ပျော်ပါး မှု များ နှစ်စဉ် နှစ်တိုင်း
ရှိ သော် လည်း ယခု နှစ် ကို မူ အိမ်
ထဲမှ သာ အခြေအနေ ၍ စောင့်ကြည့် ၍
နှစ်သစ် ကူးမည် ဟု နှစ်စဉ် နှစ်တိုင်း လည်ပတ် သည့်
အီလက်ထရောနစ် ပစ္စည်းများရောင်းချသည့် ကိုထွန်းဦး က Freedom News Group သို့ ပြောသည်။
အင်္ဂလိပ် နှစ်သစ် ကူးကာလ တွင် တစ်စုံ တစ်ခု ဖြစ်ပွားမှာ ဆိုးသောကြောင့် လူအများ စုက ပျော်
ပွဲရွှင်ပွဲများ ဉ် ကို မသွားရောက် လိုခြင်း နှင့် လည်ပတ်ရန် ကြောက်ရွံ နေခြင်း ကြခြင်း ဖြစ်သည်
ဟု သိရသည်။ သင်္ကြန် ကာလ က X2O ရေကစားမဏ္ဍပ် တွင် ရေကစား ခဲ့သူ တစ်ဦး ဖြစ်သည့်
မဇင်ဇင် က ကျွန်မ ရှေ့ မှ သွေးအလိမ်းလိမ်း နဲ့ မြင်ကွင်းတွေ မျက်စေ့ ထဲ က မထွက်သေး ဘူး
မြန်မာ ပြည်မှ ဘာမှ ပျော်လို့ ရတယ် ဆိုတာ မရှိ သေးဘူး ၊ New Year နေ့  အတွက် လည်း
ဘာမှ သမီး မစီစဉ်ထား ဘူး အိပ်ထဲ မှာပဲ နေမယ် ဟု ဆိုသည်။
ရန်ကုန်မြို့ မှ ညကလပ် မန်နေ ဂျာတစ်ဦးက မူ ခရစ္စမတ် နှင့် နှစ်သစ်ကူးပွဲတော်ကာလ အတွက်
ကို အကောင်းဆုံးပြင်ဆင် ထားပြီး နာမည်ကြီး အဆိုတော် အချို့ ကိုလည်း ငှားရမ်းထား က
ည ၃ နာရီ ထိ ဖွင့်လှစ် မည် ဟု ပြောသည်။
ထို နေ့ တွင် ရန်ကုန်မြို့ မှ ပြိုင်ကား ဂိုဏ်းဝင်များ သောင်းကျန်းမည် ဆိုးသေကြောင့် အိမ်တွင်း
မှာ ပင် နေရန် အကြံပေး သူများ လည်းရှိပြီး အထက်ပုဇွန်တောင် လမ်းမ တွင် နေ သူ ဦးအောင်
မြင့် က မနှစ်က ည တစ်နာရီ လောက် သားအဖ နှစ်ယောက် ညဘက် ဗိုလ်တစ်ထောက် ဘုရား
လမ်း ဘက်မှ ထမင်းကျော် ထွက်စားကြတာ ကားအဖြူလေး တစ်စီး သမီး ကို ၀င်တိုက် သွားတာ
သူတို့ ဘာသူ့ ကားပြိုင် မောင်းလာရင်း ပြီးတော့ မောင်းပြေးသွားတယ် နံပတ်ပြား လည်း မရှိဘူး။
မော်တော်ပီကယ် တိုင်ထားတာ တစ်နှစ်ရှိပြီ..သမီးခြေထောက် က အခုထိ မကောင်းသေးဘူး
တရား ခံ လည်း မပေါ် သေး ဘူး ဟု သူ၏ ရင်နင့် ဖွယ်ရာ အတွေ့ အကြုံ ကို ပြောပြသည်။
နှစ်သစ်ကူးနေ့ ည တွင် လုံခြုံရေး များ တင်းကျပ်ထားပြီး ည ၁၀ နာရီ နောက်ဆုံးထား ၍ ဆိုင်များ
ပိတ်သိမ်းရမည် ဟု လသာ မြို့ နယ်ရဲ စခန်းမှာ ဒုရဲ အုပ် တစ်ဦးက ပြောသည်။ ရန်ကုန် မြို့ ၏ နာမည်
ကျော် အစား အသောက်တန်း တစ်ခု ဖြစ်သည့် ၁၉ လမ်း ရှိ ပေါ်ပြူလာ ဆိုင် ၀န်ထမ်း တစ်ဦး ကမူ
ဟုတ်တယ် ..ဆိုင်တွေ ၁၀ နာရီ ဆို အကုန် ပိတ်ရမယ်..လူကြီးတွေ က ပ်တ်ခိုင်း လို့ ဟု ပြောသည်။
၂၀၁၁ ခုနှစ် ကိုကြိုဆိုမည့် နှစ်သစ်ကူး နေ့ ည တွင် ရန်ကုန် မြို့ အင်းလျှား ကန်ဘောင် နှင့် ကန်
တော်ကြီး ကို ပိတ်ထား မည် ဖြစ်ပြီး အင်လျှား လမ်း မှ စားသောက် ဆိုင် အချို့ ကို လည်း ပိတ်ခိုင်း
ထားသော် လည်း စစ်ဗိုလ်ချုပ် သားသမီးများ လာရောက် စားသောက် သောဆိုင် ၊ Savoy Hotel
နှင့် Governor Residence မှ ဆိုင်များ ကမူ မည်သည့် ညွှန်ကြား လွှာမှ မရောက်ဟု သိရသည်။
ရန်ကုန် နှင့် မန္တလေးမြို့ ရှိ နာမည်ကြီး ဟိုတယ် များတွင် မူ သီးသန့် ဖျော်ဖြေပွဲ များ ရှိပြီး လက်မှတ်
တစ်စောင်လျှင် ဒေါ်လာ ၁၀၀ ထိပေါက်ဈေးရှိ သည့် သီးသန့် ဖျော်ဖြေပွဲ များ လည်းရှိသည်။
ပုံမှန် အားလပ် ရက်တိုင်း ညကလပ် သွားလေ့ရှိသူ တစ်ဦးက မူ “အဲဒီညတော့ မသွားတော့ ဘူး
မနှစ် က လူကြီး သားသမီး ဆိုတဲ့ ကောင် တွေ က မူးပြီး သောင်းကျန်း နေကြတော့ မသွားချင်
တော့ဘူး ..ဒီကောင် တွေ နဲ့ ပြဿနာ ဖြစ်ရင် ကိုယ်ကခံရမှာ ဟု သူ့ အတွေ့ အကြံကိုပြောသည်။
၂၀၁၁ နှစ်သစ် ကို ကြိုမည့်  ညတွင် အချို့ က သင်္ကြန် အကြတ်နေ့ ဗုံးကွဲမှု မျိုးကဲ့ သို့ ထပ်မံပေါ်ပေါက်
မည် ဆိုးသောကြောင့် ဖြစ်သော် လည်း အချို့ က မူ လူရမ်းကားများ၊ အုပ်စုလိုက် ရမ်းကား သူများ
နှင့် မဆင်မခြင် ကားမောင်း သူများ ရန် ကြောင့် အပြင်မထွက် လိုကြဟု သိရသည်။
မင်္ဂလာတောင်ညွှန့် တွင် ညလုံးပေါက် စားသောက် ဆိုင် ဖွင့် သူ တစ်ဦးက နယူးရီးယား နေ့ 
တော့ မဖွင့်တော့ ဘူး အခြေအနေ တွေ က ဘယ်လို ဖြစ်မယ် မှန်း မသိဘူး အမြတ်က အရေး
မကြီးဘူး ဟု ဆိုသည်။
မြန်မာ စစ်ခေါင်းဆောင် ၏ မြေး နေရွှေးသွေးအောင် ကမူ ရန်ကုန် မြို့ ကမ္ဘာအေး ဘုရားလမ်းရှိ
မီကာဆာ ဟိုတယ် သီးသန့် ခန်းမ တစ်ခု ကိုငှားရမ်း ထားပြီး ယခုက တည်း က စတင် ကြိုတင်
ပြင်ဆင် နေသည် ကာ ထိုနေ့ အတွက် လူ ၁၂၀ စာ စားသောက် စာရင်း လုပ်ထား သည် ဟု
သိရသည်။
ဦးတေဇ က မူ တာမွေ မြို့ နယ် ကန်တော်ကြီး စောင်းရှိ ချန်ထရီယန် ဟိုတယ် ခန်းမ တစ်ချို့ ကို
ငှားရမ်း ထားကာ သီတင်း တစ်ပတ် ခန့် ကာကွယ်ရေး စီးချုပ် လုပ်ခဲ့ရသူ ဗိုလ်ချုပ်ကြီး သူရ မြင့်
အောင် ၏ သမီး က မူ ဆီဒိုနား ဟိုတယ် တွင် ကျင်းပမည် ဟု သိရသည်။

ကိုင်း…ကျုပ်တို့ ဘယ်လို့နေရဘ…အိမ်ရှေ့စံ မင်းသားဆိုး/မင်းသမီးဆိုးနဲ့ တိုင်းပြည်နောင်ရေးစိတ်မအေးအောင်ဖြစ်ပြီး အမေစု ကယ်မှဖြစ်မယ်လို့ အော်ပြောလိုက်ချင်တယ်ျေို့။
ဒါလဲ ၀ဋ်တစ်ခုပါပဲလေ … အပျော်နဲတာလဲကောင်းပါတယ်
တရားများများထိုင်ပေါ့ … အိမ်တွင်းမှာပဲလေ ……….. ဟဲဟဲ
မောင်းမင်းကြီးများအသက်ရှည်ကြပါစေ