Hero of the Year (Humanities)

Freedom News Group ၏ တစ်နှစ် တာ လူမှု ထူးချွန် သူရဲကောင်း ဆု အား မိုးလေ၀သ ပညာရှင်
ဒေါက်တာ ထွန်းလွင် အား ရွေးချယ် ပေး အပ်ချီးမြင့် လိုက်ခြင်း ဖြစ်သည် ထိုဆု အတွက် ဖြစ်နိုင်သူများ
ကို မြန်မာ နိုင်ငံမှ စာရေးဆရာများ ၊သတင်းထောက် များ နှင့် ထင်ပေါ်ကျော်ကြား သူအချို့ ထံမှ ထင်မြင်ချက်
တောင်းခံခဲ့ပြီး FNG အယ်ဒီတာ အဖွဲ့ မှ ရွေးချယ် ခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာထွန်းလွင်သည် မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယခင်ညွှန်ကြားရေးမှူးချုပ်(Former Director-General) အဖြစ် တာဝန် ယူခဲ့ပြီး နောက် ၊ ၂၀၀၉ ခုနှစ် မေလ ၂၉ ရက်နေ့ တွင် အစိုးရ ၀န်ထမ်း
ဘ၀ ကို အပြီးအပိုင် ကျောခိုင်းခဲ့ရသည်။ ထို့ နောက် တွင် မြန်မာ ပြည်သူ များ အား မိုးလေ၀သ နှင့်
သဘာဝ ပတ်ဝန်းကျင်ဘေး အတွက် စေတနာ့ ၀န်ထမ်း ဆက်လက်တာဝန်ထမ်းဆောင်က
၎င်း၏ ပရော်ဖက်ရှင်နယ် ဆန်မှု ကို ဆက်လက်ပြသ ခဲ့သည်။ဒေါက်တာ ထွန်းလွင်သည်
၎င်း၏ ချွေးနဲစာ ထဲမှ http://www.tunlwin.com/ ဆိုသည့် မိုးလေ ၀သ သတိပေး ၀ဘ်ဆိုတ်
ကို တည်ထောင်ကာ၎င်း တတ်နိုင်သည့် ဘက် မှ တာဝန်ကျေပွန် မှု ကို နိုင်ငံ့သားကောင်း တစ်
ယောက် အနေဖြင့် ဆက်လက် ပြသခဲ့သည်။
၎င်း၏ မိုးလေ ၀သ သတင်းပေးမှု အချို့ မှာ တကယ်ဖြစ်ပေါ်သည့် သည့် နှုန်းထား များ ထက် နည်း
ပါးနေ သည် ဟု တစ်ချို့ ထွက်ပေါ်သော် လည်း မြန်မာ နိုင်ငံတွင်း ရှိ စစ်အာဏာရှင် လက်အောက်
မှ ပညာရှင် တစ်ဦး အနေဖြင့် စိတ်သွား တိုင်း ကိုယ်မပါ ဖြစ်ရသည် များ ကို ကြုံတွေ့ ရမည် မှာ
ဓမ္မတာ သာ ဖြစ်သည်။
Freedom News Group မှ ဒေါက်တာ ထွန်းလွင် အား Hero of the Year ( Humanities)
ဆုအတွက် ပေးရခြင်းမှာ ၎င်း ၏ လုပ်ရပ် ဖြစ်သည့် မိုးလေ၀သတင်း ပြည်သူ ကို အသိပေးမှု
ကြောင့်သာ မဟုတ်ဘဲ ပြည်သူများ အား သဘာဝ ဘေးအန္တရယ်နှင့် ပတ်သက်ပြီး အသိ၊သတိ
သိရှိစေရန် ပညာပေး စည်းရုံးခြင်း ကြောင့် လည်းဖြစ်သည်။
ဒေါက်တာထွန်းလွင် ၏ ကိုယ်ရေး အကျဉ်းအားဖတ်ရန်
ဒေါက်တာထွန်းလွင် ၏ လှုပ်ရှားမှု အချို့ ကိုဖတ်ရန်
Hero of the Year (Humanities) ဆု အတွက် ဒုတိယ နေရာတွင်ရှိသူ မှာ လျှပ်စစ်ပညာရှင်
ဦးဖေသိန်း (UPT) ဖြစ်ပါသည်။
____________________________________________________________
Freedom News Group သည် တစ်နှစ် တာ အတွင်း မြန်မာ နိုင်ငံ တွင် ထင်ရှား ကျော်ကြား
သူများ နှင့် အတူ Hero of the Year နှင့် Person of the Year တို့ ကို လည်း ရွေးချယ်ဖော်
ပြသွား မည် ဖြစ်ပါသည်။ တစ်နှစ် တာ လူမှုရေး ထူချွန်ဆု နှင့် ၂၀၁၀ ခုနှစ် အတွင်း Fredom
News Group မှ လူကြည့် အများ ဆုံး သတင်း နှင့် ဓာတ်ပုံ ဆယ် ခု ကို လည်း တင်ဆက် ဖော်
ပြသွား မည် ဖြစ်ပါသည်။

ပညာရှင်တစ်ယောက်ဟာ လောင်းရိပ်မိခဲ့တဲ့အတွက် လွန်ခဲ့တဲ့ သဘာဝဘေးဆိုးကြီးမှာ ရင်ထုမနာဖြစ်ခဲ့ရပုံရတယ်။ ခုတော့ လောင်းရိပ်က လွတ်ပြီမို့ အများအကျိုးအတွက် သူစွမ်းသမျှ လုပ်နိုင်ပြီဆိုရမှာပဲ။ သာဓုပါဗျာ။ သဘောမပေါက်နိုင်တဲ့သူတွေတော့ ရှိသေးတာ အသေအချာပဲ။ ဒါလည်း တတ်နိုင်သမျှတော့ ကြိုးစားရှင်းပြရမှာပဲဗျ။ သိသမျှ စွမ်းသမျှ သတင်းအချက်အလက် ထုတ်ပေးဖို့ဟာ ပညာရှင်ရဲ့တာဝန်ပဲ မဟုတ်လား။
ထိုက်တန်တဲ့ရွေးချယ်မှုပါပဲ ဂုဏ်ယူပါတယ် ခင်ဗျား……………
graet !
he act like a hero for the youths of future
အကောင်းဆုံး ရွေးချယ်မှုဖြစ်ပါသည်။ လှိုက်လှဲစွာဝမ်းသာဂုဏ်ယူမိပါသည်။ မျိုးဆက်သစ်တို့ အနေဖြင့် စံနမူနာပြ လေးစားမိပါသည်။