အောင်မြင်၊ ၊ ရှာပါးလှသော မြေအောက်သယံဇာတပစ္စည်းများကို ရှာဖွေပြီးထုတ်လုပ်နိုင်ရန်
အတွက် လိုအပ်သည့်ကရိယာများကိုထောက်ပံခြင်း၊နည်းပညာကူညီခြင်းတို့ဖြင့် အရှိန်မြင့်
လုပ်ဆောင်နိုင်ရန်အတွက် မြန်မာအစိုးရနှင့် တောင်ကိုရီးယားအစိုးရ ပူးပေါင်းလုပ်ဆောင်
သွားမည်ဖြစ်ကြောင်းကို Bloomberg Businessweek အင်တာနက်စာမျက်နှာတွင် ယနေ့ဖေါ်ပြ
ထားပါတယ်။
ဘူမိဗေဒပညာရပ်နဲ့ ဖွံဖြိုးတိုးတက်ရေးစီမံကိန်းများ လုပ်ဆောင်ရန်အတွက် မြန်မာစစ်ခေါင်းဆောင်တို့နှင့် နှစ်နိုင်သဘောတူညီချက် ရရှိပြီးဖြစ်ကြောင်းကို တောင်ကိုရီးယား စီးပွားရေးအသိပညာဝန်ကြီးဌာနမှ ကြေညာချက်တစောင်ကို ယနေ့ထုတ်ပြန်လိုက်ပါတယ်။
တောင်ကိုရီးနိုင်ငံဟာ နိုင်ငံတိုးတက်မှုနဲ့အတူ စွမ်းအင်နဲ့ဓါတ်သတ္တု တွေကို ပိုမိုသုံးစွဲပြီး လိုအပ်ချက်ကိုပြည့်မှီရန်အတွက် နိုင်ငံပြင်ပကနေ သွင်းကုန်အဖြစ် အရေးတကြီးတင်သွင်း
နေရပါတယ်။ သို့အတွက် သဘာဝရင်းမြစ်ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံကနေ ရှာဖွေဖေါ်ထုတ်ပြီးတင်သွင်းနိုင်ဖို့မြန်မာ့စစ်အစိုးရနဲ့ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။
စီးပွားရေးအသိပညာဝန်ကြီးဌာနမှဒုတိယဝန်ကြီးပါတ်ယောင်ဂျူး ခေါင်းဆောင်တဲ့ ကိုရီးယားစီးပွားရေးလုပ်ငန်းရှင်ဟာ စစ်ဗိုချုပ်တို့ရုံးစိုက်ရာ နေပြည်တော်တွင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ရက်နေ့က မြန်မာ့စွမ်းအင်ဝန်ကြီးဌာနနှင့်တွေ့ဆုံပြီး သဘာဝဓါတ်ငွ့နှင့် ဓါတ်သတ္တုရှာဖွေရေး စီမံကိန်းများအတွက် ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။ မကွေးနည်းပညာကောလိပ်ကို နှည်းပညာစနစ်များအကူအညီ သင်ကြားရေးစနစ်များ ကူညီပေးပြီး လယ်ယာစိုက်ပျိုးရေးဏ္ဍအတွက်လည်း ရင်းနှီးမြုတ်နှံရေးတို့ ကိုပါ ဆွေးနွေးခဲ့ကြကြောင်းဖေါ်ပြထားပါတယ်။
နိုင်ငံတကာစီးပွားရေးကော်ပိုရေးရှင်တခုဖြစ်တဲ့ ဒေဝူးစီးပွားရေးလုပ်ငန်းအုပ်စုဟာ ရခိုင်ကမ်းလွန်ပင်လင်ပြင်တွင်သဘာဝဓါတ်ငွေ့လုပ်ကွက် A1 နှင့် A3 များကို လုပ်ကိုင်ခွင့်ရရှိထားပါတယ်။ မြန်မာစစ်အစိုးရရဲ့ စစ်သုံးပစ္စည်းလက်နက်အချို့ကို ဒေဝူး ကုမ္မဏီက တင်သွင်းပေးနေကြောင်းသတင်းများလည်းထွက်ပေါ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အစိုးရရဲ့ရဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကိုလစ်လျူရှုပြီး တောင်ကိုရီးယားနိုင်ငံဟာ မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံကူသန်းရောင်းဝယ်မှုဟာ တနှစ်ထက်တနှစ်မြင့်တက်လာနေပါတယ်။
၂၀၀၉နှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုတန်ဘိုးသည် အမေရိကန်ဒေါ်လာ၄၈၄မီလျံရှိပြီး ၂၀၁၀ခုနှစ်
ပထမ( ၇ )လအတွင်းမှာ ကုန်သွယ်မှုပမာဏတန်ဘိုးဟာ အမေရိကန်ဒေါ်လာ၃၃၂ မီလျံရှိနေပါပြီ။
၂၀၀၉ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ပို့ကုန်ပမာဏတန်ဘိုးဟာ အမေရိကန်ဒေါ်လာ ၇၈မီလျံရှိပြီး တောင်ကိုရီးယားနိုင်ငံကနေ တင်သွင်းမှုပမာဏတန်ဘိုးကတော့အမေရိကန်ဒေါ်လာ ၂၄၇သန်းဖြစ်ပါတယ်။
တောင်ကိုရီးယားရဲ့ ၂၀၁၀-၂၀၁၁ လေးလတာကာလအတွင်း မြန်မာနိုင်ငံမှာရင်နှီးမြုတ်နှံမှုတန်ဘိုးဟာ အမေရိကန်ဒေါ်လာ ၂.၆၅၈ ဘီလျံရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်။
မြန်နိုင်ငံမှာ အရှေ့အာရှနိုင်ငံများရင်နှီးမြုတ်နှံထားတဲ့ ပမာဏတန်ဘိုးဟာ ၃၁.၈၉၅ ဘီလျံရှိပြီး တောင်ကိုရီးနိုင်ငံရဲ့ရင်းနှီးမြုတ်နှံမှုဟာ ထိုအရှေ့အာရှနိုင်ငံများရင်းနှီးမြုတ်နှံထားမှုရဲ့ ၈.၃ရာခိုင်နှုန်းရှိနေပါတယ်။

ဒီစစ်တပ်က resource curse ဆိုတဲ့သယံဇာတအရင်းအမြစ်ကျိန်စာဆိုတာနားမလည်ဘူး။
ရောင်းလို့ရသမျှဒေါ်လာတွေကို စစ်တပ်နဲ့ သူတို့ ဗိုလ်ချုပ်တွေကြွယ်ဝချမ်းသာဖို့ဘဲသုံးနေတယ်၊
တိုင်းပြည် ပညာရေး ကျန်းမာရေးကျတော့လှည့်မကြည့်ဘူး၊
ဒီတော့ တိုင်းပြည်စုတ်ပြတ်သတ်နေတာမဆန်းပါဘူး
ထူးဆန်းတယ်နော်။ မြန်မာက တောင်နဲ့လည်းပေါင်းတယ်။ မြောက်နဲ့လည်းပေါင်းတယ်။ နှစ်ဖက်ချွန်လားမသိဘူး။
ဒါတွေက ပြည်သူတွေလက်ကိုရောက်မှာတော့မဟုတ်နိုင်ဘူး မန်ယူအသင်းသယ်ဖို့တို့ ဒူဘိုင်းမှာ ဟိုတယ်ကြီးတွေဝယ်ဖို့အတွက်ပဲဖြစ်ပါလိမ့်မယ် ပြည်ပိုင်သူခိုး/ပြည်ခိုင်ဖြိုးတွေ ….
ဒါတွေက ပြည်သူတွေလက်ကိုရောက်မှာမဟုတ်နိုင်ဘူး မန်ယူအသင်းသယ်ဖို့တို့ ဒူဘိုင်းမှာ ဟိုတကြီးတွေဝယ်ဖို့အတွက်ပဲဖြစ်ပါလိမ့်မယ်
သြော် ဒီလောက်တူးနေတာတောင် မဝသေးဘူးကိုး၊ အဝီစိထိသာ တူးပေတော့ဟေ့ …