အိုင်းရစ် ငြိမ်းချမ်းရေးဆုချီးမြင့်ရန် အတွက် ဒေါ်အောင်ဆန်းစုကြည် အဆိုပြုခံရ

အောင်မြင်၊ ၊မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်ကုလ
သမဂ္ဂလူအခွင့်အရေးဆိုင်ရာမင်း ကြီး ဟောင်း မေရီရော်ဘင်ဆွန်တို့နှစ်ဦးအား နှစ်စဉ်
ပေးအပ်မြဲဖြစ်သော“အိုင်းရစ်ငြိမ်းချမ်းရေးဆု” ပဏာမအဆင့် ဆန်ခါံတင်ရွေးချယ်ခံထား
ရကြောင်းသတင်းကိုIrish Independent သတင်းဌာန တွင်ဖေါ်ပြထားသည်။

အိုင်ယာနိုင်ငံတောင်ပိုင်းရှိမြို့ငယ်လေးတမြို့ရဲ့အမည်ပေးထားသော “တစ်ပယ်ရာရီ ငြိမ်းချမ်းရေး” ဆု
(Tippearary Peace Award) ကို ၁၉၈၄ခုနှစ်တွင်စတင်ခဲ့ပြီး ပထမဆုံးဆုကို “နိုင်ငံတကာ လွပ်ငြိမ်း
ချမ်းသာရေး” အဖွဲ့ကြီးစတင်တည်ထောင်ခဲ့သူတဦးဖြစ်တဲ့ ဆမ်မက်ဘရိုက်က လက္ခံရရှိခဲ့သည်။

အထက်ပါဆုကို ချီးမြင့်ရသည့်အကြောင်းရည်ရွယ်ချက်မှာ အိုင်ယာလန်နိုင်ငံနှင့် ပြည်ပတိုင်းများ ငြိမ်းချမ်းရေးနှင့်အတူတကွလက်တွဲရှင်သန်ရေးအတွက်ပေးအပ်ချီးမြင့်ခြင်းဖြစ်ကြောင်းဖေါ်ပြထားသည်။

၂၀၁၀အတွက်ပေးအပ်မည့်ဆုကိုဆုရွေးချယ်ရေးအကဲဖြတ်အဖွဲ့ကမည်သူကိုပေးအပ်မည်လည်းဆိုသည်ကို
စဉ်းစားနေကြပြီးရှေ့လာမယ့်သီတင်းပါတ်တွင်အပြီးသတ်ရွေးချယ်ပြီးသတင်းထုတ်ပြန်မည်ဟုသိရသည်။

အဆိုပါပဏာမဆန်ခါတင်စာရင်းထဲတွင်အိုင်းရစ်သမ္မတဟောင်း၊ကုလသမဂ္ဂလူအခွင့်အရေးဆိုင်ရာမင်းကြီး
ဟောင်း မေရီရော်ဘင်ဆွန်နှင့် နေအိမ်အကျယ်ချုပ်မှလွတ်မြောက်လာသော မြန်မာဒီမိုကရေခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အပြင်အာဖဂန်နိုင်ငံဆိုင်ရာလွပ်လပ်သောလူအခွင့်အရေးကော်မရှင်ရဲ့သဘာပတိ
အဖွဲ့ဝင်နှင့် ဆူဒန်နိုင်ငံဆိုင်ရာ ကုသမဂ္ဂရဲ့လူအခွင့်အရေးအခြေအနေမှတ်တမ်းတင်သတင်းအဖွဲ့ခေါင်းဆောင် ဒေါက်တာဆားမား၊ ထိုင်ဝမ်လူမျိုးဗုဒ္ဒဘာသာသီလရှင် ချောင်ယန်၊ ဂါဇာကမ်းမြောင်ဒေသရှိ ကုလသမဂ္ဂ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် ဂျွန်ဂျင်း၊ ဇင်ဘာဘွေဝန်ကြီးချုပ်ဟောင်း မော်ဂင်ရှန်နရိုင်း တို့ပါဝင်နေကြောင်းသတင်းတွင်ဖေါ်ပြထားသည်။

ကမ္ဘာကြီးရဲ့ငြိမ်းချမ်းတဲ့နေ့တနေ့ဖြစ်သော နှစ်သစ်ကူးနေ့တွင် ဆုရရှိသူကို ကြေညာမည်ဖြစ်ကြောင်း ဆုရွေးချယ်ရေးကော်မတီဝင်တဦးဖြစ်သူ မာတင်ကွင်းန် ကသတင်းထောက်များကို အသိပေးပြောဆိုခဲ့သည်။

၂၀၁၀ ငြိမ်းချမ်းရေးဆုအတွက် တစ်ပယ်ရာရီမြို့တွင် မစ္စတာကွင်းန်က နှစ်သစ်ကူးနေ့တွင် ဆုရရှိသူအမည် ကြေညာခြင်း အထူးအခမ်းအနားကိုကျင်းပမည်ဖြစ်ကြောင်း သတင်းတွင်ဖေါ်ပြထားသည်။

“တစ်ပယ်ရာရီ ငြိမ်းချမ်းရေး” ဆုရှိခဲ့ကြသူများမှာ တောင်အဖရိကသမ္မတဟောင်းနစ်ဆင်မန်းဒဲလား၊
Live Aid ဖျော်ဖြေရေးဖြင့်ရန်ပုံငွေရှာဖွေခဲ့သူ ဘော့ဂျယ်ဒေါ့ဖ်၊ အမေရိကန်သမ္မတယောင်းဘီကလင်တန်၊ အမေရိကန်လွှတ်တော်အမတ် အက်ဝပ်ကနေဒီ နှင့် သူ၏ညီမဖြစ်သူ အမေရိကန်သံအမတ်ဟောင်း ဂျင်းကနေဒီစမစ်တို့ဖြစ်ကြပါသည်။

← Back

Thank you for your response. ✨


Warning

Warning

Warning

Warning

Warning.

2 thoughts on “အိုင်းရစ် ငြိမ်းချမ်းရေးဆုချီးမြင့်ရန် အတွက် ဒေါ်အောင်ဆန်းစုကြည် အဆိုပြုခံရ

  1. မြန်မာပြည်သားတစ်ယောက်အနေနဲ့ ဂုဏ်ယူစရာပါ …..
    အမိဒေါ်စုက ဒီဆုကိုအမှန်တကယ် ရထိုက်သူပါပဲ …..
    ကျွန်တော်သာ အဆုံးအဖြတ်ပေးရမဲ့သူတစ်ယောက်သာဆိုရင် Peace of peace Award ဆုတောင် ထွင်ပြီးပေးလိုက်ချင်သဗျ …..
    သတ္တ၀ါမှန်သရွေ့ တရားတွေ့ အေးငြိမ်းချမ်ားသာကြပါစေ …..

  2. ကောင်းပါ့ အဲ့ဒီလိုဆုတွေများများပေးလေ မောင်သန်းရွှေ တို့ကြိုက်လေပေါ့ ဒါမှဒေါ်စုက အထိန်းသိမ်းခံဘ၀ နဲ့နေတာကို
    ပျော်မှာပေါ့လို့ စဉ်းစားမိတယ်လေ တဘက်ကအင်အားမသုံးဘို့ဆုံးဖြတ်လေ အင်အားသုံးသူကကြိုက်လေဘဲ။

Comments are closed.