ဟိန်းခိုင်ထွန်း၊ ၊မိုဘိုင်း ဆက်သွယ်ရေး ၀န်ဆောင်မှု စနစ် တစ်မျိုး တည်း ဖြင့်
နိုင်ငံတကာ သို့ ဆက်သွယ်၍ ရသည့် Auto Roaming စနစ် မှာ ရန်ကုန် မြို့ ၏ တက္ကသိုလ်
ရိပ်သာ လမ်း ၊ အင်းလျှားလမ်းရွှေတိဂုံ စေတီ နှင့် ကမ္ဘာ အေးဘုရား လမ်း နေရာ အချို့ 
တွင် ပွင့်နေကြောင်း Freedom NewsGroup မှ စုံစမ်း သိရှိရသည်။
Auto Roaming စနစ် ပွင့် နေခြင်း နှင့် ပတ်သက် ၍ “အမေရိကန် နိုင်ငံ ဂျော်ဂျီယာ ပြည်နယ်
မှာ ကိုထွန်းလွင် က ကျွန်တော့် မိတ်ဆွေ က နယူးယောက် မှာနေ တော မတွေ့ တာ ကြာလို့ 
ဂျော်ဂျီယာ ကို လာလည် ဖို့ လှမ်းဆက်တာ ..သူက ရန်ကုန် ရောက်နေတယ် ..ကျွန်တော် ဖုန်း
နံပါတ် ပေါ်လာတော့ သူက ဘယ်လို ဖြစ်တာလဲ ပေါ့ စဉ်းစား လို့ မရဘူး၊ နောက်မှ Auto Roaming
ပွင့်နေတယ် ဆိုတာ သိတာ ..ဟု ပြောသည်။
ကိုထွန်းလွင် ၏ ရန်ကုန် ရောက် မိတ်ဆွေ ဖြစ်သူ ၏ ပြောကြားချက် အရ တယ်လီဖုန်း ပါလာ
သည့် အမေရိကန် မှ မိတ်ဆွေ အချို့ မှာ လည်း ၎င်း တို့ ၏ မိတ်ဆွေ များ ရှိရာ အမေရိကန် သို့ 
မြန်မာ နိုင်ငံမှ ဖုံး ကို မသုံး ပဲ ပြန်လည် ခေါ်ယူ နိုင်သည် ဟု သိရသည်။
ရန်ကုန် မြို့ တွင် ရောက်ရှိ နေသည့် အမေရိကန် နိုင်ငံသား တစ်ဦး က သူ့ တွင် ပါသော
AT&T ဖုန်းဖြင့် အမေရိကန် နိုင်ငံ သို့ ဆက်သွယ် ခေါ်ယူ နိုင်သည် ဟု သိရသည်။
မြန်မာ နိုင်ငံတွင် နိုင်ငံတကာသို့ တိုက်ရိုက်ပြော Auto Roaming စနစ်အား ခွင့်ပြု ခြင်း
မရှိသော် လည်း မြန်မာ့ ကြေးနန်း နှင့် ဆက်သွယ်ရေး လုပ်ငန်း မှာ စမ်းသပ်ခြင်း ဖြစ် နိုင်
သည် သို့ မဟုတ် ကြားဖြတ် ဖမ်းယူရန် အတွက် ဖြစ် နိုင် သည် ဟု ဆက်သွယ်ရေး ၀န်
ထမ်း တစ်ဦး က ပြောသည်။
ထိုင်း နိုင်ငံတွင် Auto Roaming စနစ် ကို ၁၉၉၈ ခုနှစ် ကတည်းက ခွင့်ပြုထားသည်။
မြန်မာနိုင်ငံတွင်း ရှိ သံတမန် အချို့ က မူ ၎င်း တို့ ၏ နိုင်ငံများ သို့ အရေး ပေါ် ဆက်သွယ်
နိုင်ရန် ကိုယ်ပိုင် ဂြိုလ် တုဖြင့် အသုံး ပြုသော ဂြိုလ် တု ဖုန်း ကို အသုံးပြုကြသည်။
မြန်မာ နိုင်ငံတွင်း မှ နေ၍ နိုင်ငံတကာ သို့ ဆက်သွယ်နိုင် ရန် မြန်မာ့ ဆက်သွယ်ရေး လုပ်
ငန်းမှ တရား ၀င် ဖုန်း သို့ မဟုတ် ဂြိုလ် တု ဖုန်းများ ကိုသာ သုံးစွဲ ၍ ရသည်။
