လွတ်လပ်သော သတင်း အဖွဲ့  ၏ ၂၀၁၀ ထိပ်တန်း သတင်းများ (ဇန်န၀ါရီလ-မေလ)

Freedom News Group  2010 Top News

၂၀၁၀ ဖေဖော်ဝါရီလ ၁၀ ရက်

လှိုင်သာယာ စက်မှု ဇုန် မှ စက်ရုံ အလုပ်သမား များ ဆန္ဒပြ သပိတ် သည် နိုင်ငံတွင်းရှိ အခြား
စက် ရုံများ ကို ပါ ကူး စက် သွားပြီး ဆန္ဒပြမှု များ ဆက်လက် ပေါ်ပေါက် ခဲ့သည်။

၂၀၁၀ ဖေဖော်ဝါရီလ ၁၃ ရက်

၂၀၀၃ ခုနှစ် မေ ၃၀ ဒီပဲယင်း အရေးအခင်း ပြီးကတည်းက ဖမ်းဆီးခံခဲ့ရတဲ့ NLD အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ  ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦး  အားနေအိမ်အကျယ်ချုပ်မှ
ပြန်လည် လွှတ်ပေး

၂၀၁၀ မတ်လ ၇  ရက်

၂၀၀၇ ခုနှစ် ရွှေဝါရောင် တော် လှန် ရေး မှတ်တမ်းရုပ်ရှင် တစ်ခု ဖြစ်သည့် BURMA VJ
အား အမေရိကန် ရုပ်ရှင် ထူးချွန်ဆုအတွက် လျှာ ထား ခံရ သည့် အခမ်း အနား သို့မြန်မာ
ဘုန်းတော်ကြီး များ ပထမ ဦးဆုံး အကြိမ် တက်ရောက်


၂၀၁၀ မတ်လ ၁၅ ရက်

ရန်ကုန် တွင် သုံထပ် တိုက် ပြိုကျမှု ကြောင့် ဆယ်တန်းဖြေဆို ဆဲ ကျောင်းသူ တစ်ဦး သေဆုံး

၂၀၁၀ မတ်လ ၁၈ ရက်

အမေရိကန် နိုင်ငံသား အဖြစ် ခံယူထားသည့် မြန်မာ လူမျိုး ကိုညီညီအောင် ပြန်လည် လွတ်မြောက်

၂၀၁၀ မတ်လ ၂၉ ရက်

အမျိုးသား ဒီမိုကရေ စီ အဖွဲ့ ချုပ် ရွေးကောက် ပွဲ မ၀င်ရန် နှင့် ပါတီ ဆက် လက်မှတ်ပုံမတင်ရန်
ပါတီ ခေါင်းဆောင် များ တညီတညွှတ် တည်း ဆုံးဖြတ်

၂၀၁၀ ဧပြီလ ၁၅ ရက်

မြန်မာ နှစ် သစ် ကူး အတာ သင်္ကြန် ကာလ ဖြစ်သည့် သင်္ကြန် အကြတ် နေ့ အတွင်း ကန်တော်ကြီး ရှိ
X2O မဏ္ဍပ် အနီးတွင် ဗုံးပေါက် ကွဲမှု ကြောင့် လူ ၃၀ ကျော် သေဆုံး

၂၀၁၀ ခုနှစ် ဧပြီ လ ၂၇ရက်

စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် အပါအ၀င် ၀န်ကြီး ၂၂ ဦး ကရွေးကောက်ပွဲ တွင် ပါ
ဝင် နိုင်ရန် အတွက် လက်ရှိရာထူးများမှ နှုတ်ထွက် ကာ အရပ် ၀တ် လဲ ခဲ့ကြ သည်

၂၀၁၀ ခုနှစ် မေလ ၇ ရက်

နိုင်ငံတ၀ှမ်း တွင် ရာသီဥတု ပူပြင်း ၍ အပူ ချိန် ပြင်းထန် မှု ကြောင့် မြစ်၊ ချောင်း ၊ အင်း
အိုင်များ ရေခမ်း ခြောက်ပြီး သက်ကြီး ရွယ် အိုများ သေဆုံး

၂၀၁၀ ခုနှစ် မေလ ၁၀ ရက်

အာရှ နှင့် ပိစိဖိတ် ရေး ရာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကတ် ကမ်းဘဲလ်  မြန်မာ
နိုင်ငံ သို့ ရောက်ရှိ ပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ ဆုံ

၂၀၁၀ ခုနှစ် မေလ  ၁၅ ရက်

မြန်မာ နိုင်ငံ၏ အပူချိန် မှာ ၁၂၀ ဒီဂရီ ဖာရင် ဟိုက် အထိ စံချိန် တင်မြင့် တက်နေပြီး အပူ
ချိန် လွန် ကဲမှုကြောင့် ရန်ကုန် နှင့် မန္တလေး တွင် သေ ဆုံး သူ ၆၀၀ ကျော်ရှိ


၂၀၁၀ ခုနှစ် မေလ ၁၆ ရက်

မြန်မာ နိုင်ငံ ဒေသ အချို့ တွင် သောက်သုံးရေ ပြတ်လပ်မှု များကြောင့် နာရေးကူညီမှု
အသင်း နှင့် အခြား စေတနာ့ ၀န်ထမ်း လူမှု ရေး အဖွဲ့ များ က လိုက်လံ အကူအညီပေး

၂၀၁၀ ခုနှစ် မေလ ၁၇ ရက်

ထိုနေ့ တွင် ဘင်္ဂလား ပင် လယ်အော်အတွင်း ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်း လိုင်လာ ၏ အရှိန်ကြောင့်
မြန်မာ နိုင်ငံ ရန်ကုန် မြို့ တွင် မိုးရွာ သွန်း နိုင်သည် ကို အချိန် အတိ အကျ ဖြင့် Freedom News Group
၏ Freedom Weather Forecast မှ ခန့် မှန်းပေး ခဲ့သည်။


၂၀၁၀ ခုနှစ် မေလ  ၂၄ ရက်

နာရီ လေးဆယ် ကြာ လောင်ကျွမ်း ခဲ့သည့် မီးကြောင့် ရန်ကုန် မြို့  မင်္ဂလာဈေးတွင်
ပျက်စီး ဆုံးရှုံး မှု များပြား

 


၂၀၁၀  ခုနှစ် မေလ ၃၀ ရက်

မော်တော်ကား တိမ်းမှောက် မှု ကြောင့် ရန်ကုန် မြို့ တော်ဝန် ဗိုလ်မှုး ချုပ် အောင် သိန်း လင်း
၏ မြေးဖြစ်သူ သေဆုံး

၂၀၁၀ ကို ပြန်ကြည့်သော် (ဇန်န၀ါရီ )

← Back

Thank you for your response. ✨


Warning

Warning

Warning

Warning

Warning.