ဒေါ်အောင်ဆန်းစုကြည်တွေ့ ဆုံ မှု မျိုးဆက်သစ် လူငယ်များ အားမရ

FNG၊            ၊မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က မျိုးဆက်သစ်
လူငယ်များ ၂၀၀ခန့် နှင့် ယနေ့ ပါတီ ဌာနချုပ် တွင် တွေ့ ဆုံမှု ပြုခဲ့သည် ဟု သတင်းရရှိသည်။
ထို တွေ့ ဆုံပွဲသို့ မြန်မာ နိုင်ငံ အနှံအပြားမှ လူငယ်များ တက်ရောက် ခဲ့ကြပြီး တက်ရောက်သူများ တွင်
စေတနာ့ ၀န်ထမ်း လူမှု ရေး အသင်းအဖွဲ့ များ တွင် ပါဝင်ဆောင်ရွက်ပြီး နိုင်ငံရေး နှင့် တိုင်း
ပြည်၏ အနာဂတ် အပြောင်း အလဲ ကို တတ်နိုင်သည့် ဘက်မှာစွမ်းဆောင် ချင် သူများ ပါဝင်
သည် ဟု သတင်းရရှိသည်။

ထိုဆွေးနွေး တွေ့ ဆုံ ပွဲ ကို တက်ရောက် ခဲ့သည့်  ဒုတိယ နှစ် ကွန်ပျူတာ တက္ကသိုလ် ကျောင်း
သူ တစ်ဦးက “ကျွန်မ တို့ လူငယ် တွေ ကိုယ့် ကြမ္မာ ပဲ ကိုယ်ဖန်တီး ရတော့ မယ် ထင်တယ်..
ကျွန်မ တို့ ရဲ့  တွေးပုံ ၊မြင် ပုံ နဲ့  က တော်တော်ခြားနား နေပြီ..အပြောင်းအလဲ ကို မျှော်တလင့်
လင့် ဆက်မစောင့် ခြင်တော့ ဘူး ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ထိုတွေ့ ဆုံပွဲ အဖွင့် မိန့် ခွန်း ပြောခဲ့ရာတွင် “လူငယ်တွေ
ရဲ့ စိတ်ထဲမှာ  ဘယ်လိုရှိတယ် ဆိုတာကျွန်မ တို့   သိဖို့ လိုတယ်”ဟု ပြောကြား ခဲ့
သည်။

ထိုတွေ့ ဆုံဆွေးနွေး ပွဲ တွင် လက်ရှိ နိုင်ငံရေး အပြောင်း အလဲ နှင့် ပတ်သက်ပြီး စိုက်လိုက်
မတ်တပ် လှုပ်ရှားဆောင် ရွက် နေ သည့် လူငယ်များ လဲ မပါဝင် သလို ၊ အချို့ မှာ လည်းNLD
ပါတီ နှင့် နီးစပ် သူများ ဖြစ်ပြီး ရန်ကုန် မြို့ မှ လူငယ်အများစု က မူ ထို တွေ့ ဆုံမှု ကို တက်
ရောက် ချင် သော် လည်း သိပင် မသိလိုက်ရ ဟု Freedom News Group သို့ ပြောသည်။

ရန်ကုန် အခြေစိုက် မြန်မာ နိုင်ငံ အင်တာနက် သုံးစွဲသူ  လူငယ် များ ဖိုရမ် မှာ လူငယ်
တစ်ဦး ဖြစ်သူ ကိုဖုန်းနိုင် က “ကျွန်တော် တို့ တွေ ဒေါ်စု နဲ့ တွေ့ ချင် တယ် အခု သွားတက်
တာ NGO တွေချဉ်းပဲ တဲ့ ကျွန်တော် တို့ ဘာမှ မသိလိုက်ရဘူး ၊နောက် တစ်ပွဲ ထပ်လုပ်ပေး
နိုင်ရင် ကောင်းမယ် “ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ယနေ့ တွေ့ ဆုံ ခဲ့သည့် လူငယ်များ အနက် အများစု မှာ တိုင်း
ပြည်အပြောင်းအလဲ ကို စိတ်အား ထက်သန်မှု နည်းသည့် NGO လူငယ်များ ဖြစ်သည်
ဟု လည်း ဝေဖန်မှု များ ထွက်ပေါ်နေသည်။

ယနေ့ တွေ့ ဆုံမှု တွင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် လူငယ် အဖွဲ့ ဝင်များ လည်း ပါဝင်
သည်။ ဒေါ်အောင်ဆန်းစုကြည် ၏ ယနေ့ စတင် ဖွဲ့ စည်းလိုက်သည့် လူငယ်ကွန်ယက်
တွင် ယနေ့ တက်ရောက် လာသည့်  လူငယ် ၃၀၀ ကျော်ပါဝင်ပြီး လူငယ်များ ၏ အရင်း
အမြစ် ဖွံ့ ဖြိုးရန် နှင့် အဆင့်မြင့် ပညာရေး များ သင်ကြား နိုင်ရန် အစီအစဉ် များ ပါဝင်
သည် ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်က ယနေ့ တွေ့ ဆုံပွဲ တွင် သူမမျှော်မှန်းထား သည့် လူငယ်ကွန်ယက်
စတင် လည်ပတ်ခြင်းကို ထည့်သွင်းပြောကြားပြီး တက်ရောက် လာသူများ ကလည်း သိလို
သည် များ ကို မေးမြန်း ခဲ့ကြသည်။

နေအိမ် အကျယ်ချုပ်မှာ ပြန်လည် လွတ်မြောက် ခါစ ဒေါ်အောင်ဆန်းစုကြည်က လူငယ်များ
နှင့် တွေ့ ဆုံသော် လည်း မြန်မာ စစ်ခေါင်းဆောင် များ က မူ လူငယ်များ ကို တန်ဖိုးထားလေး
စား တွေ့ ဆုံခြင်း များ ကို ၎င်း တို့ အုပ်ချုပ် နေသည့် နှစ် နှစ်ဆယ် ကျော် ကာလ အတွင်း တစ်
ခါမျှ ပြုလုပ် ခဲ့ဖူးခြင်း မရှိ ချေ ။

13 thoughts on “ဒေါ်အောင်ဆန်းစုကြည်တွေ့ ဆုံ မှု မျိုးဆက်သစ် လူငယ်များ အားမရ

  1. ဒီမိုကရေစီရဖို့ ဆိုတာကတော့ဒေါ်စုနဲ့ တင်အလုပ်မဖြစ်တော့ပါဘူး….လူငယ်တွေအကုန်လုံးပါဝင်ပီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးရမှာပါ…..ဒါ၁၉၈၈ မဟုတ်တော့သလို ဒေါ်စုနောက်ကနေပီး အမေစုအမေစုအော်နေယုံနဲ့ အလုပ်မဖြစ်တော့ပါဘူး….ဒေါ်စုလည်းဘာမှမလုပ်ပေးနိုင်တော့ပါဘူး..အိုနေပါပီ…သေခါနီးအဘွားကြီးကို ဘာမှအားကိုးမနေပဲ ကိုယ်ကိုတိုင် လုပ်ကိုင်ကြဖို့ လိုနေပါပီ..တခါလာလည်းအမေစု တခါလာလည်းဒေါ်စုနဲ့ အလုပ်မဖြစ်ပါဘူး ရှင်……သူက ဘုရားသခင်မဟုတ်သလို နတ်မင်းကြီးလည်းမဟုတ်ပါဘူး…အဲဒီ အဘွားကြီးကိုအားကိုးမနေပဲ ကိုယ်ကြမ္မာ ကိုယ်ဖန်တီးပီး ကိုယ်တိုင်ပါဝင်ဆောင်ရွက်တာက ပိုမကောင်းဘူးလား….

  2. နိုင်ငံခြားကို ပညာထွက်သင်ချင်တာကောင်းပါတယ်…နိုင်ငံတကာ အတွေ့အကြုံရှိတဲ့ပညာရေးက သိပ်အရေးကြီးပါတယ်..အမေရိကန်တို့ ဥရောပတို့ ရောက်သွားလို့ ပြန်မလာချင်ဘူးဆိုတဲ့ အယူအဆနဲ့ တဘက်သပ်တော့ မစွပ်စွဲသင့်ပါ…မြန်မာပြည်ရဲ့ ပညာရေး စနစ်က အဘက်ဘက်က နိမ့်ကျနေပြီ..အဲဒါ နိုင်ငံတကာကို ပညာတော်သင်တွေ စေလွတ်တာ သိပ်ကောင်းပါတယ်…ကိုယ့်ပြည်ကိုယ့်ရွာကို ကိုယ့်အမေအဖေ ဆွေမျိုးသားချင်းတွေနဲ့ ဝေးတဲ့နေရာကို တသက်လုံး ဘယ်သူမှ ခေါင်းမချချင်ကြပါ…ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေနဲ့ နေရာ အလုပ်အကိုင်ကောင်းတွေ ဖန်တီးပေးမယ်ဆိုရင် ဘယ်သူမဆိုပြန်လာပြီး အခြေချကြမှာပါ…လူကြီးတွေက ပြောင်းလဲရေးကို လုပ်ပါ..လူငယ်တွေကို မြေတောင်မြှောက်ပေး၊ ပညာသွားသင်စေသင့်တယ်…….

  3. ဒါမျိုးတွေလျောက်လုပ်နေလို့ ကတော့ ဘယ်တော့မှဒီမိုကရေစီရမှာမဟုတ်ဘူး အင်္ဂလိပ်က မြန်မာကိုထိုင်နေလို့ ဝိုင်းဖွဲ့ စကားပြောနေလို့ ပေးတာမဟုတ်ဘူး ဂျပန်ဆီကလဲ အလကားရခဲ့တာမဟုတ်ဘူး သဘောပေါက်ကြပါ လူငယ်တွေကို ထပ်ပြီး
    မနှိပ်စက်ပါနဲ့ တော့ ၈၈ တုန်းကလဲမြန်မာမျိုးဆက်ကုန်သလောက်ဖြစ်သွားပြီ နောက်ဘယ်လောက်ထိကုန်ခံရဦးမလဲ။

  4. I think the best way is co operating between DAW AUNG SAN SU KYI and new government.Then try to improve our spoiled country.Just my wish.

  5. “ ဒီအဘွားကြီး အကျယ်ချုပ် နဲ့ ပဲ သေသွားမှာ ပဲ” လို့ ကြွေးကျော် ခဲ့သူ တစ်ဦးက ဒေါ်အောင်ဆန်းစုကြည် လူငယ် များ နှင့် တွေ့ ဆုံသည့် လူငယ် ကွန်ယက် တွင် မြိန့် မြိန့် ကြီးတွေ့ ရသည်။ ငွေစ ကြွှေးစ ရွှင် နေသော ဦးလေးဖြစ်သူ နေထိုင်ရာ မဲဆောက် မြို့ တွင် နိုင်ငံခြား ထွက် ဖို့ နီးစပ် မလား ဟု လာနေပြီး မှာ လူငယ်ကွန်
    ယက်၊ ပညာရေး ၊ ကက်ပီစီတီ ဘေးဒင်း ၊ စကောလားရှစ် ဟု စသည့် အသံများ ကြား လိုက်သည် နှင့် မဲဆောက် မှ ရန်ကုန် သို့ တစ်ချိုး တည်းပြန်ပြေးကာ လူငယ်ကွန်ယက် တက်သူက တက်သည်။ နိုင်ငံရေး
    ယုံကြည်မှု ကြောင့် ထောင်ထဲ တွင် အနစ်နာ ခံနေရသည့် သူများ ကို အားမနာ လျှာ မကျိုးပြောကာ စစ်အစိုး
    ရ၏ ရွေးကောက် ပွဲ ကို ထောက်ခံပြီး ရွေးကောက် ပွဲ ၀င်၊ နောက် အခြေအနေ မဟန်တော့ မှ အင်း ဘန်ကောက် လောက်မှာပဲ စကောလားရှစ် ဆိုရင်တောင် မဆိုးဘူး ဟု တွေးကာ ဒေါ်စု ဘက်ကပ်သူက ကပ်သည်။
    လူငယ်ကွန်ယက် တက် သူ ၏ ထက်ဝက် ခန့် က မြန်မာ့ ဒီမိုကရေ စီ ရေး ကို ဘယ်တော့ မှ စိတ်ထဲမှာ
    မပါ ခဲ့သည့် သာပေါင်းညာစားများ ဖြစ်သည်။

  6. ကလေးတွေ မြေမြိုကြမယ် အမေစုကိုမစော်ကားကြနဲ့  မင်းတို့ လိုချင်တဲ့ အကျင့် ပျက်ဒီမိုကရေစီ အမေစုဘယ်တော့ မှမပေးဘူး….စည်းကမ်းရှိတဲ့ ဒီမိုကရေစီဘဲပေးမှာ……“ကျွန်မ တို့ လူငယ် တွေ ကိုယ့် ကြမ္မာ ပဲ ကိုယ်ဖန်တီး ရတော့ မယ် ထင်တယ်..
    ကျွန်မ တို့ ရဲ့  တွေးပုံ ၊မြင် ပုံ နဲ့  က တော်တော်ခြားနား နေပြီ..အပြောင်းအလဲ ကို မျှော်တလင့်
    လင့် ဆက်မစောင့် ခြင်တော့ ဘူး ဟု ပြောသည်။ အဲ့ ဒါဆိုရင်တော့ အမေစုနားယောင်လို့ တောင်မကပ်ကြနဲ့ ကျေးဖူးကမ်းတဲ့ ဟာတွေ…နင်တို့ ထက်အမေစု အားလုံးသိတယ် ..နှစ် ၆၀ လောကဖြတ်သန်းထားတဲ့ အတွေ့ အကြုံရှိတယ်…….နားလည်ကြလား…..ကျေးဇူးမသိတဲ့ ဟာတွေ……

  7. မနေ့  ပွဲ ကို ကျွန်တော် တက် ခဲ့ပါတယ်။ ဒီပွဲ ကို တက် ခဲ့တဲ့ လူအုပ် မှာ နှစ်ပိုင်း ကွဲ နေတွေ့ ရပါတယ်။
    နိုင်ငံရေး အပြောင်းအလဲ ကို လိုချင်နေတဲ့ ..Activists တွေ သူတို့ ကတော့ ဒေါ်စု ရဲ့ အစီအစဉ် တွေ
    က နှေးမယ် လို့ သဘောရတဲ့အတွက် သိပ်အားမရဘူး ပေါ့။ နောက် အားရတယ်ဆိုတယ့်သူတွေ က သိတဲ့
    အတိုင်း ပဲ E grees ကနေ အမတ် ၀င်ရွေး ဖို့ လုပ်ထားတယ့်ကောင်မလေး က ဒီပွဲ တက်တယ်။ သူက
    အားရတယ် တယ့် …အားရမှာ ပေါ့ ထမင်း စာတော့ သူက အမေစု ကို ဘာပြော လဲ ဆိုတော့ လွှတ်တော်
    အမတ် လုပ်မယ့် မမ က မြန်မာ ပြည်က ပညာရေး အဆင့်အတန်း နိမ့်တော့ နိုင်ငံခြား ကို ထွက် သင်ပြီး
    ပြည်တွင်းက လူငယ်တွေ ကို ပြန် အကျိုးပြုချင်တယ်တဲ့…..မြန်မာ နိုင်ငံရေး သမိုင်းမှာ ဒီလို စကားမျိုး
    တွေ က အပ်ကြောင်းထပ်နေပြီ …သူတို့ က အရေးကြုံ လို့ တော်လှန် ကြမယ် ဆို ပါမှာ မဟုတ် ဘူး
    တစ်ချို့ Activist လူငယ်တွေ က လည်း အမေစု ကို အားရတယ်။ဒီပွဲမှာ …အရမ်းအားရ တာ ကတော့
    သာပေါင်းညာစား တွေ ၊ လာတဲ့သူတွေ ထဲမှာ အချို့ က နိုင်ငံခြား (အမေရိကန် နဲ့  ဥရောပ) မှ ထွက်ချင်သူတွေ ချဉ်းပဲ၊ တစ်ချို့ က စင်္ကာပူမှာ အလုပ်ပြုတ်ပြီး ဒီမှာ NGO ယောင်ယောင် ဘလောက်ဂါ ယောင်ယောင် လုပ်
    နေတဲ့သူတွေ ပဲ

    1. ဟုတ်တယ်….ကိုသီဟရေ။ ဒီလိုမျိုး ပညာတော်သင်တို့ ဘာတို့လိုချင်နေသူတွေ၊ တနည်းအားဖြင့် သာပေါင်းတွေကလည်း နိုင်ငံရေးလောကမှာ အများသား….။ ဒီကောင်တွေက တကယ်တန်း နိုင်ငံအတွက်ဆို သွေးမပြောနဲ့ ချွေးတောင်သိပ်မထွက်ချင် ကြဘူး၊ အဲ…..နေရာ တစ်ခုခု ပေါ်လာမယ်ဆိုရင်တော့ ရောက်ချလာပါလိမ့်မယ်။ အန်တီစုက အခုလို တွေ့ကြတဲ့ အထဲမှာ တကယ့်နိုင်ငံရေး သမားလောင်းလျာလေးတွေ ပါသလို၊ သာပေါင်းတွေ၊ စစ်အစိုးရ ပုံပြောင်းနိုင်ငံရေးသမားတွေ ကလည်း အများသား…..။ မျိုးချစ်စိတ်၊ အနစ်နာခံလိုစိတ်တွေ မရှိပဲနဲ့ နိုင်ငံရေးလုပ်လို့ ရမလား……..။ ဒီအချိန်မှာ နိုင်ငံရေးသမားတွေကိုပဲ သီးသန့်မဟုတ်ပဲနဲ့ ပြည်သူတွေကိုပါ နည်းလမ်းအမျိုးမျိုးနဲ့ လူတိုင်းလူတိုင်းနဲ့ သက်ဆိုင်တဲ့ စစ်မှန်တဲ့ နိုင်ငံေ၇းလုပ်ဆောင်ချက်တွေကို ပြောပြသင့်တယ်။ ပုံစံအမျိုးမျိုးနဲ့တော့ အများပြည်သူကို ဟောပြောသင့်တယ်။ ဒီခေတ်ထဲမှာ လူစုဝေးပြီးမှ ဟောပြောတာလည်း တစ်ခုတည်းသောနည်လမ်း မဖြစ်သင့်တော့ဘူး…..။

    2. အေးဗျာ နိုင်ငံရေးဗန်းပြပြီး ကိုယ်ကျိုးရှာလာတဲ့ လူ တွေလဲ တော်တော်ပေါ လာသကိုး။

  8. တွေ့ဆုံပွဲသတင်းကို ကြိုတင်ကြေငြာဖို့ အခက်အခဲတွေရှိလို့ရယ်၊ ဖိတ်ကြားရေးအဖွဲ့ဝင်တွေ စီမံခန့်ခွဲမှု နည်းနည်းညံ့သွားလို့ရယ်ကြောင့် ဖြစ်ပါလိမ့်မယ်။ လုပ်ရတာလဲ အကန့်အသတ်တွေ ရှိတယ်မို့လား။ ဒေါ်စုအနေနဲ့ လူတန်းစားပေါင်းစုံနဲ့ တွေ့ရလေ လူပေါင်းစုံရဲ့အသံကို ကြားရလေမို့ … လူရွေးဖိတ်တာတော့ မဖြစ်နိုင်ပါဘူး။ မြန်မာပြည်ရဲ့ သတင်းဖြန့်ဝေမှု အခြေအနေကိုလဲ သိတယ်ဟုတ်။ အခြေအနေကို ဖြည့်တွေးပြီး အပြစ်မတင်ဘဲ နားလည်ပေးလိုက်ပါ။ နောက်ထပ် ၆ လလောက်နေရင် တစ်ခါ၊ နောက်ပိုင်း ခဏခဏ တွေ့မယ်လို့လဲ သိရပါတယ်။ နောက်တစ်ခါကျ တက်လိုက်ပေါ့။
    အဓိကက ငါတို့စည်းလုံးဖို့။ ရည်ရွယ်ချက်တူရင် အပြစ်မတင်ဘဲ ရည်မှန်းချက်ရောက်အောင် အတူသွားဖို့ပဲလေ။

  9. ဟော ဒီမှာ စကောလားရှစ် ပူပူနွေးနွေးလေးတွေ NLD ရုံးမှာ ပေးနေပြီး …ဦးရာ လူ အချောင် သမားတွေ လာရောက် ယူနိုင်ပါပြီ

  10. ဟုတ်တယ် လူငယ်တွေ နဲ့ ဘယ်လို တွေ့ ဆုံမယ် ၊ တက်ရောက် ဖို့ ဘာတွေ ကွာလဖိုင်း ဖြစ်ဖို့ လိုတယ်၊ စသည်ဖြင့် သတင်းထုတ် ပြန် သင့်တယ် အခု တော့ ခေါင်းခေါက် ရွေးထား တဲ့ NGO လူလည် တွေချဉ်းပဲ…အန်တီရေ ကြေငြာပြီး တစ်ပွဲ လောက် ထပ်လုပ်ပါ အုံး ..အဲဒီလူတွေ နဲ့ ဆို အန်တီ ပျားတုပ် လိမ့် မယ်။ မန္တလေးမှာ လည်း
    လာလုပ်ပေးပါ။

Comments are closed.