တစ် နှစ်တာ ထူးချွန်မှု အရှိဆုံးသူ

တစ်နှစ်တာ အတွင်း ထူးချွန် ခဲ့သူ (Person of the Year) အဖြစ် Freedom News Group ၏
အယ်ဒီတာ အဖွဲ့ မှ မဝေနှင်းပွင့်သုန်အား ရွေးချယ် လိုက်သည်။ Freedom News Group မှ မဝေ
နှင်းပွင့်သုန် အား Person of the Year ဆု အတွက် ရွေးချယ် ပေးအပ် ချီးမြှင့်ရခြင်း မှာ သူမ ၏
မြန်မာ့ ဒီမိုကရေစီ ရေး ကို လူငယ်တစ်ယောက် အဖြစ် စွမ်းဆောင် နိုင်မှု များ ထဲ မှ အထူးချွန်
အပြောင် မြောက် ဆုံး ဆောင်ရွက် နိုင် မှု ကြောင့် ဖြစ်သည်။

မြန်မာ့ ဒီမိုကရေစီ ရေး တွင် ပြည်တွင်းဉ် ပါဝင်လှုပ်ရှား ခဲ့ကြသူများ မှာ ပြည်ပ နိုင်ငံများ သို့ ရောက်
ရှိသွားလျှင် မစွမ်းတော့ သလို ဖြစ်ရသည်။ နိုင်ငံရေး ကုန် စိတ်ကုန် သွားခြင်း ၊ နိုင်ငံရေး နှင့် ဝေးသွား
ခြင်း ၊ နိုင်ငံရေး ကို ကျောခိုင်း ခြင်း ၊ နိုင်ငံရေး ကို သတိမရတော့ ခြင်း စသည် ဖြင့် အမျိုးစုံ လှပေသည်။

ပြည်ပ  နိုင်ငံများ သို့  နိုင်ငံရေး လှုပ်ရှား သူများ ရောက်ရှိ သွား သည့် အခါ မျိုးတွင်အချို့ မှာ ကား အင်တာနက် ဘလောက် စာမျက် နှာ များ ၏ မှတ်ချက် (သို့ မဟုတ်) ရေးလိုရာ ရေး စီဘောက်(စ) နေရာများ တွင် ပါဝင်
ဆွေးနွေး နိုင် သည့် နိုင်ငံ ရေး အဆင့် လောက် သာ ရှိတော့ သည်။ အချို့ ကား ထို့ လောက် ပင် မလုပ် နိုင်
တော့။ ၎င်းတို့ ၏ ဒုတိယ မျိုး ဆက် များ ဆိုလျှင် သာ၍ သာ ဆိုးလေတော့ သည်။ မိဘ ဖြစ်သူ ၏ နိုင်ငံ
ရေး လှုပ်ရှားမှု သမိုင်း တို့ ၊ မိမိ ဒီနိုင်ငံ ကို အဘယ်ပုံ ရောက် လာသည် တို့ ကို သတိမရတော့ ။ ထို နိုင်ငံ
၏ ယဉ်ကျေးမှု စနစ် ထဲ တွင် ပင် ဟို မရောက် ဒီ မရောက် ဖြင့် စီးမျောတော့ သည်။ မြန်မာ့ နိုင်ငံရေး
အကြောင်း ကို ထိုမျိုး ဆက် တို့ ၏ ရှေ့ ဉ် သွားပြော မိလျှင် ပင် “ဘာတွေ လာပြော နေပါ လိမ့်” ဆိုသည့်
အမြင် မျိုး ရှိကြကုန် သည်။

မဝေ နှင်းပွင့်သုန် ကမူ ထို သို့ မဟုတ် ရောက်ရှိရာ နေရာမှ ဖခင် ဖြစ်သူ ၊ နိုင်ငံရေး အကျဉ်းသား များ ၊
ပြည်သူများ အတွက် တာဝန် သိစိတ်ဖြင့် တတ်နိုင်သည့် နေရာ မှ တာဝန်ထမ်း ခဲ့သည်။ သူမ ၏ လေဘာပါတီ
ညီလာ ခံ တွင် ပြောကြားသည့် မိန့် ခွန်းသည် ပြည်သူများ ၊ လူငယ် များ အတွက် စိတ် အား တက်ကြွှ ဖွယ်ရာ
ဖြစ်သည်။

မဝေနှင်းပွင့်သုန် အား Freedom News Group မှ Person of the Year ဆု ချီးမြှင့် ရခြင်း နှင့် ပတ်သက်
၍ ရန်ကုန် မြို့ မှ နိုင်ငံရေး အကျဉ်းသား ဟောင်း  တစ်ဦး ဖြစ်သူ နှင့် လက်ရှိ နိုင်ငံရေး လှုပ်ရှား နေသူတစ်
ဦး ဖြစ်သူ ကို အောင်မင်း က ” သူ တစ်ရက် ပြောလိုက်တာ ဟာ ပြည်ပရောက် မြန်မာ ဒီမိုကရေစီ ခေါင်း
ဆောင် ဆိုသူတွေ အနှစ် နှစ် ဆယ်လောက် ပြောခဲ့တာတွေ ထက် ပိုပြီး ပြည်သူ နဲ့  လူငယ်တွေ ကို လှုပ်
ခတ် နိုင်တယ် ” ဟု သူ့ အမြင် ကို ပြောသည်။

Freedom News  Group မှ မဝေနှင်း ပွင့်သုန် အား တစ် နှစ်တာ ထူးချွန်မှု အရှိဆုံးသူ Person of the Year
ဆု ပေး အပ် ရခြင်းမှာ ပြည်ပ နိုင်ငံ များ တွင် ရောက်ရှိ နေသည့် မြန်မာ လူငယ်များ မြန်မာ့ ဒီမိုကရေစီ ခရီး
တွင် စွမ်း နိုင်သည့် ဘက်မှာ ပြန်လည် ပါဝင် နိုင်ရန် ရည်သန် ၍ ပေးအပ် ရခြင်း ဖြစ်ပါသည်။

Freedom News Group မှ တစ် နှစ်တာ ထူးချွန်မှု အရှိဆုံးသူ Person of the Year အဖြစ် မဝေနှင်းပွင့်သုန်
အား ရွေးချယ် ဂုဏ်ပြု သည် ကို အကြောင်းကြားရာ သူမက ထို ဆု ကို ရခြင်း အတွက် ၀မ်းသာ ဂုဏ်ယူမိပါကြောင်း
နှင့် သူမအနေ ဖြင့် ဒီဆု ကို နိုင်ငံရေး ယုံကြည်ချက်ကြောင့် ဒုက္ခရောက် နေ သူများ အတွက် ပေးအပ် ချီးမြှင့်
သလို ခံစားရပြီး ထို သူများ အတွက် သူမက ဒီဆု ကို ကိုယ်စား ရယူ ပေးထား သည် ဟု မှတ် ယူပါကြောင်း
ပြောကြား ခဲ့သည်။

မဝေနှင်းပွင့်သုန် သည် ထောင်ဒဏ် နှစ် ရှည် ကျခံနေရသည့်  နိုင်ငံရေး အကျဉ်းသား ဦးမြအေး ၏ သမီး
ဖြစ်ပြီး အင်္ဂလန် နိုင်ငံ လန်ဒန် မြို့ တွင် နေထိုင်သည်။

 

မဝေနှင်းပွင့်သုန် ၏ ကိုယ်ရေး အကျဉ်း နှင့် နိုင်ငံရေး ခံယူချက်

My name is Wai Hnin Pwint Thon and born on 4th January 1989 in Yangon, Myanmar. My parents are U Mya Aye and Daw Sandar Win. My father was arrested in 1989 and released in 1996, I met him in the prison when I was four years old. I have one sister called Wutyee Yanant and she is going to be 10 years old on 3rd January. I went to Basic Education High School (3), Mingalar Taung Nyunt, in Burma, and I passed the high School from there.

I decided to get involved in the movement because I want to give the freedom that I have now to the people in Burma. And I felt guilty to having all this freedom while other people are suffering inside the country, so I decided to use it for good. And my father and all the people from 88 generation students group are such inspiration to me.

Sincerely,
Waihnin.

______________________________________________________

ဆက်စပ် အကြောင်းအရာ  (လေဘာပါတီ ညီလာခံတွင် မြန်မာ ကျောင်းသူ မ ဝေနှင်းပွင့်သုန် ပြောကြားသောမိန့် ခွန်း )

14 thoughts on “တစ် နှစ်တာ ထူးချွန်မှု အရှိဆုံးသူ

  1. reprover :

    ရန်ကုန်သား။ မင်းကတော့ဒါပဲလုပ်တတ်တယ်
    ထောက်ခံတာတို့။မြှောက်ထိုးပင့်ကော်တာတို့

    လူ့အခွင့်အရေး ချိုးဖောက်တဲ့သူတွေ၊ အာဏာရှင်တွေ၊ စစ်ဓါးပြတွေ၊ စစ်ခွေးတွေ၊ စစ်ခွေးနောက်လိုက်တွေ၊ အရိုးရင်းကိုက်တဲ့ကောင်တွေက ငါ့ကိုမုန်းလို့ဆဲတာဟာ၊ အဖိနှိပ်ခံ နိုင်ငံသူနိုင်ငံသားတွေနဲ့ လူ့အခွင့်အရေးဆုံးရှုံးနေတဲ့သူတွေက လက်ခုပ်သြဘာပေးတာလိုပါပဲ။ ကိုယ့်ကိုကိုယ် အားရကျေနပ် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။
    ကိုယ်လုပ်တပ်တာထက် ပိုလုပ်နိုင် အောင်ဆက်ပြီးကြိုးစားသွာပါ့မယ်။

  2. ပြည်တွင်းမှာလှုပ်ရှားသူဘဲဖြစ်ဖြစ်၊ ပြည်ပမှာလှုပ်ရှားတဲ့သူဘဲဖြစ်ဖြစ် လူတိုင်းဟာ ကိုယ်လှုပ်ရှားနိုင်တဲ့အတိုင်းအတာတခုအထိတော့ လှုပ်ရှားသင့်တယ်လို့ကျနော်ယူဆပါတယ်။ဝေနှင်းပွင့်သုန်ဟာလဲ သူ တတ်နိုင်တဲ့ဘက်က ကြိုးကြိုးစားစားနဲ့ မြန်မာပြည်အရေးကိုဆောင်ရွက်နေသူတစ်ဦးပါ။စစ်ကျွန်နိုင်ငံကလွတ်မြောက်ဖို့ သူ့လို လှုပ်ရှားတက်ကြွတဲ့ မျိုးဆက်သစ် လူငယ်တွေ အများကြီးလိုအပ်ပါတယ်။နှစ်ရှည်အကျဉ်းချထားခြင်းခံရတဲ့ သူ့အဖေအတွက် စိတ်မကောင်းဖြစ်မိပါတယ်။သူ့ကိုလဲ ကိုယ်ချင်းစာမိပါတယ်။ဒီဆု ကသူနဲ့ထိုက်တန်ပါတယ်ဗျာ။

  3. ပြည်ပကိုရောက်နေတဲ့ မြန်မာတွေပိုပြီးအတုယူသင့်တဲ့ လုပ်ဆောင်မှုတစ်ခုလို့ဆိုချင်ပါတယ်…
    ပြည်တွင်းမှာကတော့ သိတဲ့အတိုင်ပဲ အီတောင်ကျယ်ကျယ်မပေါက်ရဲအောင်ပဲ…ဒါပေမယ့်လည်း
    တစ်ချိန်ချိန်မှာတော့ ခွတ်ဒေါင်းတွန်သံ ကြားရတော့မှာပါ …

  4. ပြည်တွင်းဖြစ်ဖြစ် ပြည်ပဖြစ်ဖြစ် သူဘာလုပ်ခဲ.လဲဆိုတာကအရေးကြီးပါတယ်။ကြောင်ဖြူဘဲဖြစ်ဖြစ်,ကြောင်မဲဘဲဖြစ်ဖြစ်,ကြွက်ဖမ်းတတ်ကြောင်ဟာ ကြောင်ကောင်းပါဘဲ။

  5. အပြည့်အဝ သဘောတူ ထောက်ခံပါတယ်ဗျာ။

    1. ရန်ကုန်သား။ မင်းကတော့ဒါပဲလုပ်တတ်တယ်
      ထောက်ခံတာတို့။မြှောက်ထိုးပင့်ကော်တာတို့

  6. တနှစ်တာတွင်းအထူးချွန်ဆုံးဆုအတွက် ချီးမြင့်မည်ဆိုပါက ဝေနှင်းပွင့်သုန်ထက်ပိုပြီး သင့်တော်သည့်
    ပိုပြီး မြန်မာပြည်ဒီမိုကရေစီတိုက်ပွဲအတွက် ဘ၀တွေကို ပေးဆပ်ခဲ့သည့် ပေးဆပ်နေသည့် ရဲဘော်တွေ
    အများကြီးရှိပါတယ်။ ဒီလို ဘ၀ပေးလှုပ်၇ှားသူတွေ တတပ်တအားဖြစ်ဖို့အတွက် ဒီလိုဆုမျိုးဟာ သူတို့လို
    လူတွေအတွက် အလွန်ပဲထိုက်တန်လှပါသည်။ ပြည်ပမှနေပြီး မြန်မာအရေးလှုပ်ရှားမူသည် ပြည်တွင်းလှုပ်ရှားမူများကို
    နိုင်ငံတကာသိအောင်နှင့် မြန့်မာ ဒီမိုကကရေစီအရေး ကဘာ ကထောက်ခံလာဖို့အတွက် လှုပ်ရှားမူများသာဖြစ်သည်။ အမှန့်
    တကယ် မြန်မာပြည်ဒီမိုကရေစီရဖို့အတွက် တိုက်ပွဲဝင်လှုပ်ရှားမူသည် ပြည်တွင်းလှုပ်ရှားမူမှာသာ အခြေံသည်။ ပြည်တွင်း
    လှုပ်ရှားမူကသာ ပြောင်းလဲမူကို ဖန်တီးနိုင်ပေသည်။ဒါကြောင့် ပြည်တွင်းမှာ လှုပ်ရှားနေတဲ့ ရဲဘော်တွေအတွက် တတပ် တအားဖြစ်ဖို့နဲ့ နိုင်ငံတကာက မသိသေးတဲ့ တက်ကြွလှုပ်ရှားလူငယ်တွေကို နိုင်ငံတကာကပိုသိလာအောင် ပြည်တွင်းက လှုပ်ရှားနေတဲ့ သူတွေကိုသာ ရွေးချယ်ပေးသင့်တယ်လို့ အကြံပေးလိုပါသည်။ ဝေနှင်းပွင့်သုန်အားပေးသည်ကို ကန့်ကွက်လို ခြင်းမဟုတ်ပါ။ သူလည်းဒီလိုဆုနဲ့ သင့်တော်မှာပါ။

  7. ဗမာနိုင်ငံသားမီးခဲပြာဖုံးတွေနိုင်ငံပြင်ပမှာကောနိုင်ငံအတွင်းမှာကောအများကြီါးပါဘဲ။
    သူတို့ အားလုံးအားယခုလိုမျိုးဆုချီးမြှင့်တာပာာဖြင့်ကြိုဆိုပါတယ်။

  8. Freedom News Group မှ တစ် နှစ်တာ ထူးချွန်မှု အရှိဆုံးသူ Person of the Year အဖြစ် မဝေနှင်းပွင့်သုန်
    အား ရွေးချယ် ဂုဏ်ပြု သည် ကို လေးစားစွာ ထောက်ခံအပ်ပါသည်။တိုင်းပြည်တိုးတက်ဘို့အတွက် မူဆလင်
    ခရစ်စယန် ကွဲပြားနေစရာမလိုပါ။အစွမ်းအစ ထက်မြက်သူကို မှန်သမျှ ဦးစားပေးရပါမည်။ စင်္ကာပူနိုင်ငံကိုကြည့်
    ပါ။ မြန်မာပြည်မှာ မတိုးတက်ခြင်းသည် အချုပ်အချာအာဏာ နှင့် ပြည်ထောင်စုကို မြန်မာလူမျိုးတမျိုးဘဲ ကာကွယ်
    ခွင့် လုပ်ထားသည့်အပြင် ဘာသာရေးကိုပါ ဘန်းပြအနေဖြင့် ကိုးကွယ်နေခြင်းဖြစ်ပါသည်။တိုင်းပြည်ကိုချစ်ပြနေသူ
    များမှာလဲ စကားအဖြစ်နဲ့ သာဖြစ်ပြီး တိုင်းပြည်ကို ဓါးပြ အဆင့်သာသာ အုပ်ချုပ်နေသရွေ့ ဒီအတိုင်းဆုတ်ယုတ်နေ
    မည်သာဖြစ်ပေတော့သည်။။

Comments are closed.