ကိုဦး ၊ ၊၁၉၉၂ ခုနှစ် တွင် စတင် ဖွဲ့ စည်း ခဲ့ပြီး ပခုက္ကူ
မြို့ တွင် အခြေစိုက် ခဲ့သည့် တပ်မ၁၀၁ ကို “အရှေ့ 
အလယ်ပိုင်း တိုင်း စစ်ဌာနချုပ် “အဖြစ် ပြောင်း
လဲ ဖွဲ့ စည်း လိုက် ပြီး အဆိုပါ တပ်မ သည် ဇန်န၀ါရီလ
၁ ရက်နေ့ မှ စ၍ “အရှေ့ အလယ်ပိုင်း တိုင်း စစ်ဌာနချုပ်”
၏ လက်အောက်ခံ တပ် မ အဖြစ်ပြောင်း လဲ တည် ရှိ
တော့ မည် ဟု Freedom News မှစုံစမ်း သိရှိရသည်။
မူလက တပ်မ ၁၀၁ သည် တောင် ပိုင်း တိုင်း စစ်ဌာနချုပ် ၏ လက်အောက် ခံ အဖြစ်ရှိနေရာမှ နေပြည်တော် ရှိ ကာကွယ်ရေး ၀န်ကြီး ဌာ န ၏ ညွှန်ကြား ချက် အရ “အ
ရှေ့ အလယ်ပိုင်း တိုင်း စစ်ဌာနချုပ် ” ၏ လက်အောက် ခံ တပ် အဖြစ် ပြောင်း လဲ တည်ရှိတော့ မည် ဟု
သိရသည်။
ယခင် တပ်မ ၁၀၁ ၏ တပ်မှုး တစ်ဦး ဖြစ်သူ ဗိုလ်မှုးကြီး မြထွန်း ဦး သည် ပြောင်း လဲ ဖွဲ့ စည်း လိုက်
သည့် “အရှေ့ အလယ်ပိုင်း တိုင်း စစ်ဌာနချုပ် ” ၏ တိုင်းမှုး အဖြစ် တာဝန် ယူရမည် ဖြစ်သည်။
၎င်းသည် တပ်မ ၁၀၁ ၏ တပ်မှုး အဖြစ် ၂၀၀၆ ခုနှစ် မှ ၂၀၁၀ ခုနှစ် အထိ တာဝန် ထမ်းဆောင်
ခဲ့ပြီး နောက် မေမြို့ စစ်တက္ကသိုလ် ၏ ကျောင်း အုပ်ကြီး အဖြစ် “အရှေ့ အလယ်ပိုင်း တိုင်း စစ်ဌာနချုပ် ”
၏ တိုင်းမှုး အဖြစ် တာဝန် မထမ်းဆောင် ခင် အထိ ခြောက် လ ကြာမျှ တာဝန် ထမ်းဆောင် ခဲ့သည်။
ပခုက္ကူ မြို့  ရှိ တပ်မ ၁၀၁ ၏ စစ်တပ် နေရာ ကို အခြား တပ် ငယ် တစ်ခု က လာရောက် တပ် ဆွဲ ဖွယ်
ရှိပြီး တပ်မ ၁၀၁ မှ အရာရှိ ၊ အရာ ခံ ၊ အကြပ် တပ်သား များ နှင့် မိသား စုများ ပါ စစ်တိုင်း သစ် တပ်
စွဲ သည့် ဒေသများ သို့ ပြောင်း ရွေ့ ရမည် ဖြစ်ပြီး ထို စစ်တိုင်း သစ် လက်အောက် ဉ် အခြား တပ်မ နှစ်
ခု ပါရှိ မည် ဖြစ်သည်။
အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာချုပ်သစ် မှာ မိုင်း တုံ တွင် အခြေစိုက်မည် ဟု သိရသည်။
မြန်မာ နိုင်ငံ အရှေ့ ပိုင်း တွင် ယခုကဲ့သို့ စစ်တိုင်း အသစ် တစ်ခု ထပ်မံ ဖွဲ့ စည်းရခြင်း မှာ
မြန်မာ နိုင်ငံ အရှေ့ ပိုင်း တွင် စစ်ရေး စွမ်းရည် တိုးမြှင့် ခြင်း နှင့် စစ်ဆင်ရေး များ အတွက်
လော်ဂျစ်စတစ် ဖြစ်ကြောင်း အငြိမ်းစား ဗိုလ်မှုး ကြီး အောင်မော် က သုံးသပ်ပြောကြား
သည်။
နေပြည်တော် ကာကွယ်ရေး ၀န်ကြီးဌာန သည် အဆိုပါ စစ်တိုင်း သစ် သို့  လက်နက်ကြီး
များ အပါအ၀င် တင့်ကားများ ၊သံချပ် ကာကားများ ပါ တပ်ဆင် ပေးသွား မည် ဟုသိရသည်။
ဧရာဝတီ တိုင်း ရှိ တပ် အချို့ မှာ လည်း အဆိုပါ စစ်တိုင်း သစ် ၏ လက်အောက် ခံ တပ်အဖြစ်
ပြောင်းရွှေ့ ရမည် ဖြစ်သည်။အဆိုပါ စစ်ဌာနချုပ် တွင် စစ်သည် အင်အား တစ်သောင်း ကျော်
ပါဝင်မည် ဟု သိရသည်။
ယခု အသစ် ဖွဲ့ စည်း လိုက် သည့် အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာချုပ်သစ် မှာ ထိုင်း နိုင်ငံ နှင့်
နီး ပြီး ထိုင်း နိုင်ငံ ချင်း မိုင် နှင့် မယ်ဟောင်ဆောင် မြို့ များ နှင့် နီးသည်။ ထို စစ်ဌာနချုပ် အား
၂၀၁၀ ခုနှစ် ဒီဇင်ဘာ လ ၂၂ ရက်နေ့ တွင် စတင် ဖွဲ့ စည်း ခြင်း ဖြစ်သည် ဟု သိရသည်။

အင်း..မှန်ပါပေ၏
မှန်ပေ၏…အထက်ကကောင်တွေကတော့မန်ယူဝယ်မလို့တဲ့..အောက်ကကောင်တွေကတော့မဝရေစာစားပြီး၊မလောက်တော့ထမင်းကျွှေးတဲ့ပြည်သူကိုလည်ပင်းညစ်..အနိုင်ကျင့်…ဘယ်တော့မှမသနားဘူး…
ဘုမသိ ဘမသိ နှပ်ချေးတွဲလောင်း ကလေးတွေ စစ်တပ်ထဲ ဇွတ်ဆွဲခေါ င်္ထည့်။ မ၀ရေဆာ ကျွေး၊ မလောက်မငှ လစာပေးပြီး ….ဪ သနားစရာ.။ ဒင်းတို့ကတော့ စားထားလိုက်တာ စူလို့ ဖြိုးလို့… သောက်ရှက်တစက်မှ မရှိဘူး။ အောက်ခြေက စစ်သားတွေကို တကယ် သနားမိတယ်။
တိုင်းပြည်က ပြည်သူတွေက ငတ်လို့သေတော့မယ်၊ .. ဒင်းတို့ကတော့ စောက်လုပ် မဟုတ်တာ လုပ်ပြီး ပိုက်ဆံ ဖြုန်းဖို့လောက်ပဲသိတယ်။…. ကာကွယ်ရေးဦးစီးချူပ် = တိုင်းပြည်ကို မုဒိန်းကျင့် နေသော စစ်မုဒိန်းကောင်
ဟားဟားဟားဟား….မိုက်တယ်ဗျာ…ပြောချက်ကတော့…ဖြေးဖြေးလုပ်ပါကိုလေးဖြူရာ
ဒေါသကြီးလှချည်လား…ဒါပေမယ့်..ထောက်ခံပါတယ်..ဆက်လုပ်..ဆက်လုပ်