တပ်ပြောင်းရွှေ့ မှု များ ဆက်လက်ပြုလုပ်

မွန်ပြည်နယ် အတွင်းရှိ ခြေလျှင် တပ်ရင်း အချို့ ကို ကရင်ပြည်နယ်တွင်း သို့ ဒီဇင်ဘာလ
နောက်ဆုံးပတ် က စတင်ကာ ပြောင်းရွှေ့ မှု ပြုလုပ် ထားပြီး၊ ရန်ကုန်တိုင်း အတွင်း သို့ 
ပဲခူး တိုင်းမှ တပ်များ ပိုမိုချထားကာ ၊ ဧရာဝတီ တိုင်း နှင့် မကွေး တိုင်း မှ ခြေလျှင် တပ်
ရင်း နှင့် ခြေမြန်တပ်မ များ မှာ ထပ်မံ တိုးချဲ့ သည့် စစ်ဌာနချုပ် လက်အောက်ခံ တပ်များ
အဖြစ်ပြောင်းရွှေ့ ရမည် ဟု သိရသည်။

မြန်မာ နိုင်ငံတွင်း ရှိ စစ်တပ် ပြောင်းရွှေ့ မှု များနှင့် ပတ် သက်၍ ရန်ကုန် မြို့ မှ အငြိမ်းစား
ဗိုလ်မှုးကြီး တစ်ဦးက “အရင်က ရှေ့ တန်း ထွက်တာလေ၊အော်ပရေးရှင်း ပြီးရင် ကိုယ့်တပ်
ကိုယ်ပြန်လာပေါ့ ခု ဒီလို မဟုတ် ဘူး အခု တပ်ပါပြောင်းရတာ တပ်သားလေးတွေ ရောသူ
တို့ မိသားစု တွေ နဲ့ ကလေးတွေ ပါ ဒုက္ခရောက်ကြတယ်” ဟု Freedom News Group
သို့ ပြောသည်။

ခြေလျှင် တပ် များ ပြောင်းရွှေ့ ခဲ့သည့် ဖျာပုံ၊မြောင်းမြ၊ဘိုကလေး၊အိမ်မဲ နှင့် လပွတ္တာတို့ တွင်
ရေတပ် က ၀င်ရောက် နေရာယူထားပြီး ရခိုင်ပြည်နယ် တွင်းမှ တပ်အင်အား အချို့ ကို ချင်း
ပြည်နယ် နှင့် ကချင်ပြည်နယ် သို့ ပြောင်းရွှေ့ ချထား လိုက်သည် ဟု သိရသည်။

နအဖ စစ်အစိုးရသည် တပ်များ အပြောင်းအရွှေ့ ပြုလုပ်ရုံသာမက စစ်တပ် ၏ ဖွဲ့ စည်းပုံ နှင့်
အမိန့် ပေး စနစ် များ ကို ပါပြန်လည် ပြင်ဆင် သည် ဟု အတည်မပြု နိုင်သည့် သတင်းများအရ
သိရသည်။

၂၀၁၀ ခုနှစ် ဒီဇင်ဘာလ အတွင်း ရှမ်းပြည်နယ် ဉ် စစ်ဌာနချုပ် တစ်ခု ထပ်မံ တိုးချဲ့ရာ တပ်သား
အင်အား ငါးထောင် ခန့် ကို မြန်မာပြည်နေ ရာ အနှံအပြား မှ နေ၍ ထိုစစ်တိုင်းသစ် ရှိရာ သို့ 
ပြောင်းရွှေ့ စေခဲ့သည် ဟု သိရသည်။

2 thoughts on “တပ်ပြောင်းရွှေ့ မှု များ ဆက်လက်ပြုလုပ်

  1. လုပ်နေကျ ပုံစံတွေပါ.
    အသက်သာ 100 ကျော်သွားမယ်…
    ချိုကုပ်ဒူးကြီးနဲ. ပြောင်အေးတို.ကတော. ယူနီဖေါင်းချွတ်မှာ မဟုတ်ပါဘူး(အဲဒီလောက်လည်း အသက်ရှည်မယ် မထင်ပါ)
    သူတို. မပြောင်းသရွေ.တော. ကလေးကလားတွေလုပ်နေဦးမှာပါ.
    ဗမာက သီပေါမင်းသာ မရှိတော.တာ တကယ်ကို ဘုရင်စနစ်ပါ..
    ဦးနှောက်သုံးပြီးလုပ်တတ်တဲ. ဆွေးနွေးတိုင်ပင်တတ်တဲ.ဖြစ်သင်.တာကို ဖြစ်စေတာမျိုး မရှိတဲ. အာဏာရှင် ဘုရင်စနစ်ပါ..
    ဗမာပြည်သူများ စနစ်ဆိုးမှ လွတ်မြောက်နိုင်ကြပါစေ….

  2. (မြန်မာပြည်နေ ရာ အနှံအပြား မှ နေ၍ ထိုစစ်တိုင်းသစ် ရှိရာ သို့ 
    ပြောင်းရွှေ့ စေခဲ့သည် ဟု သိရသည်။ ) မသိရင် တနိုင်ငံလုံး ပြည်တွင်းစစ်ဖြစ်နေသလိုလို။ တကယ်တော့ ဒင်းတို့ဘာသာ ကြောက်လန့်ပြီး အကွက်တွေရွှေ့နေတာ။ ဒီမိုကရေစီ ရတဲ့တနေ့ စစ်တပ်ကိုပြန်လည်စီစစ် ဖွဲ့စည်းပြီး တိုးတက်၍ စည်းကမ်းရှိသော တပ်မတော် အသွင်ဖော်ဆောင်သင့်တယ်။ (ဒီမိုကရေစီအရေး မုချ အောင်မြင်ရမည်။)

Comments are closed.