ကြံ့ဖွတ် ၀ဘ်ဆိုက် ခေတ်လူငယ် တိုက်ခိုက်ခံရ

ခေတ်လူငယ် အင်တာနက်စာမျက် နှာ အား Blink အင်တာနက် ဒီမိုကရေစီလှုပ်ရှားမှု အုပ်စု မှ တိုက်ခိုက် အပြီးတွေ့ ရစဉ်

ကြံ့ဖွံ့  အဖွဲ့  ၏ အင်တာနက် စာမျက် နှာ တစ်ခု ဖြစ်သည့် ခောတ်လူငယ် ၀ဘ်ဆိုတ်မှာ ယနေ့ 
ကျရောက် သည့် မြန်မာ့ လွတ်လပ်ရေး နေ့ တွင် ဘလင့်ဟက်ကာ အုပ်စု မှ တိုက်ခိုက် ခဲ့ကြောင်း
သတင်းရရှိသည်။ဘလင့်ဟက်ကာ အုပ်စု သည် ပြီးခဲ့သည့် နှစ် ဒီဇင်ဘာလ အတွင်း စစ်အစိုးရ ၏ လက်နက် ၀ယ်ယူရေး
ကိစ္စများတွင် နိုင်ငံတကာ နှင့် အကျိုးဆောင် တစ်ဦး ဖြစ်သူ စီးပွားရေး လုပ်ငန်း ရှင် ဦးတေဇ၏ ဂျီအက်(စ)
အမ် ဖုံး ကဒ်ဝန် ဆောင်မှု နှင့်ဆက်သွယ်ရေး ကုမ္ပဏီ၏  www.redlink.net.mm ၏ စာမျက် နှာ အချို့ နှင့်
ရတနာပုံ ၀ဘ်ပေါ်တယ် www.yatanarpon.com.mm တို့ ကို တိုက်ခိုက် ခဲ့သည်။

9 thoughts on “ကြံ့ဖွတ် ၀ဘ်ဆိုက် ခေတ်လူငယ် တိုက်ခိုက်ခံရ

  1. အေးဗျာ… ကောင်းပါတယ်…ဒေါ်လာ ဈေး ကို တခြားဘယ်နေရာမှာ up to date ကြည့်လို့ရသလဲ ဆိုတာလေး သိရင်ပြောပြပေးကြပါအုံး

  2. ခေတ်လူငယ် ဆိုက်တော့ ခံနေရပြီဗျာ။ No data available currently ဆိုပြီး ပြနေတယ်ဗျာ။ home page လေးတော့ တက်နေသေးတယ်။ အပြတ်ဆော်ကွာ။

  3. ၀မ်းသာတယ် ပီတိဖြစ်တယ် ကြည်နူးတယ် ကောင်းတယ် ဟိဟိ ခံလိုက်အုံး နောက်များမှာလည်း ဒီလိုဘဲ ခံရပါစေ

  4. အခုချိန်ထိတော့ ခေတ်လူငယ်က ပုံမှန်မဖြစ်သေးဘူး။ တချို့လင့်ခ်တွေ ဖွင့်လို့မရသေးဘူး။

  5. ကျွန်တော် စုံစမ်းကြည့်တော့ ခောတ်လူငယ်ရုံးက ၄ ရက်နေ့နဲ့ ၅ ရက်နေ့မှာ ရုံးပိတ်တယ်တဲ့ …. ဒါပေမယ့် ၆ ရက်နေ့ ရုံးဖွင့်ချိန်လည်းရောက်ရော ခောတ်လူငယ်က ပုံမှန် ပြန်ဖြစ်နေတယ်ဗျ ….. ဘယ်လိုဖြစ်တာလဲ … သူတို့တွေက ရုံးဖွင့်တာနဲ့ ပြန်လုပ်နိုင်တယ်ဆိုတော့ ….. တစ်ခုခုတော့ လွဲနေသလိုပဲဗျ ……

  6. အရမ်းတော်ကြပါတယ်။နောက်လဲ အစိုးရအုပ်စုနဲ့ ပါတိသက်ဆိုဒ်တွေကို hacked နိုင်ကြပါစေ။အားပေးလျက်

    ရှမ်းလေး

  7. ကောင်းလိုက်တာဗျာ။ သင်တို့၏လုပ်ရပ်အား အပြည့်အဝ ထောက်ခံလျှက်။ ။

  8. အခုထိ http://www.khitlunge.net.mm မှာ မြင်နေရတုန်းပဲ။ ခဏနေရင်ပျောက်သွားလိုက်၊ ပြန် Hack လိုက်နဲ့တွေ့နေရတယ်။ ခေတ်လူငယ်က သူတို့ဆိုက်ကို သူတို့ပြန်မထိန်းနိုင်သေးဘူးထင်တယ်။။

Comments are closed.