ဇန်န၀ါရီလ ၄ ရက်နေ့ နံနက် အစောပိုင်း က တည်း က ရခိုင်လွတ်မြောက်ရေး တပ်မတော် က စကခ ၅
လက်အောက်ခံ ပလက်ဝ အခြေစိုက် တပ်ရင်း နှစ် ရင်း ၏ စခန်းများ ဖြစ်သည့် ပျဉ်ဝ နှင့် လက်ပံဝ တို့ ကို
ဝင်ရောက် တိုက် ခိုက် ရာ နအဖ တပ်ရင်း များ မှာ တပ်ခွဲ တပ်ကြပ်ကြီး တစ်ဦး အပါအ၀င် ရဲဘော် ငါးဦး
ကျဆုံး သည် ဟု သတင်း ရရှိသည်။
Freedom News Group မှ ဆက်သွယ်မေးမြန်းချက် အရ ပလက်ဝ မြို့ တွင် ရုံးများ၊ကျောင်းများ ပိတ်ထား
ရပြီး တောင်ကုတ်နှင့် ဘူးသီးတောင် မှ တပ်များ ကို လည်း ပလက်ဝ သို့ စစ်ကူလွှတ်ထားသည် ဟု သတင်း
ရရှိသည်။ ပလက်ဝ မြို့ ခံ တစ်ဦး ၏ ပြောပြချက် အရ မနေ့ က လွတ်လပ်ရေး နေ့ ကတည်းက တိုက်ပွဲ တွေ
စတာ မြို့ ထဲ ကနေတော့ သေနတ်သံ တွေ မော်တာ ပစ်သံတွေ ကြားရတယ် ဟု ပြောသည်။
ရခိုင်လွတ်မြောက် ရေး တပ်မတော် က စကခ မှ ခြေမြန် တပ်ရင်း အမှတ် ၅၅ အခြေစိုက်ရာ ပလက်ဝ မြို့ 
ကို ၀င်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ရခိုင် လွတ်မြောက်ရေး တပ်မတော် ကို ၁၉၇၃ ခုနှစ် က စတင်
ဖွဲ့ စည်းခဲ့ခြင်း ဖြစ်ပြီး ယခင် နှစ် က နအဖ စစ်သား အချို့ မှာ လစာ နှင့် ရိက္ခာ အခက်အခဲကြောင့် ၎င်းတို့ ၏
မိခင် တပ်များ ကို စွန့် ခွာပြီး ALA နှင့် လာရောက် ပူးပေါင်းခဲ့သည်။

Stop being a pessimistic
ဘာမှမပြောချင်တော့ ပါဘူး
တရားမှမရှိကြတာကိုး
ဒီလိုဘဲဖြစ်လာကြမှာဘဲ
သေကြသေကြ
့ကျွန်တော်တို့အကြိမ်ကြိမ် စဉ်းစားပြီးပါ။ အချိန်မတိုင်သေးလို့ပါ။
မြို့ တွင်း တော်လှန်ရေး တိုက်ပွဲ လုပ်ရန်အတွက် အောက်ပါ အခြေခံ အချက်များကို ကူညီနိုင်သူများမှ ကူညီပေးစေချင်သည်။
– နအဖ တပ်မှ အသုံးများသည့် သေနတ်အမျိုးအစား (ဥပမာ- G3,G4,or M16)ကို ပစ်ခတ်ပုံ အဆင့် ဆင့် ၊
ပစ်ခတ်စဉ် သဘောသဘာဝ
– ရန်သူ့ လက်နက် သည် မိမိ လက်နက် ဖြစ်ရမည်။
– ထို့ နောက် ပြောက်ကျားစနစ် တိုက်ခိုက်နည်းပို့ ချချက် စသည်တို့ ကို ဗမာစကားဖြင့်  သရုပ်ပြ ရှင်းပြပေးပါရန်။ (DVB ကဲ့ သို့ ရုပ်သံ မှ အပိုင်းလိုက် လွှင့်ပေးစေချင်ပါသည်။)
– နယ်စပ်မှ တိုက်နေချိန်တွင် မြို့ တွင်းမှလည်း ပြောက်ကျားစနစ် ဖြင့် တိုက်ခိုက်ချင်ပါသည်။
တကယ်ကြီး.. ဟီး ဟီး.. ယုံပါဘူး.. အစိုးရစစ်တပ် ဘာသေနတ်ကိုင်မှန်းတောင်မသိပဲ ခင်ဗျားကဘယ်လိုတိုက်မှာလဲ ? စစ်ဆင်ရေးထဲမှာ မြို့တွင်းတိုက်ပွဲဟာ ပညာအပါဆုံး၊ အကုန်အကျအများဆုံး၊ လေ့ကျင့်ချိန် အလိုအပ်ဆုံး ကိုယ့်လူရဲ့။ အခု နယ်စပ်မှာတိုက်နေတဲ့ တပ်တွေရဲ့ ဗျူဟာပိုင်းကို ကြိုက်သလောက် ပိုင်နိုင်ပါစေ မြို့တွင်းတိုက်ပွဲ လုပ်လို့ မလွယ်ဘူး။ စောလားပွယ် မြ၀တီသိမ်းလို့ ကိုယ့်လူက အထင်ကြီးတာလား ? စစ်တပ်က ခဏလျှော်ပေးလိုက်တာဗျ။ မြို့ထဲမှာ ကျုပ်ကိုယ်တိုင် ဆိုင်ကယ်တစ်စီးနဲ့ လမ်းသလားနေတာ။ ကိုယ့်လူမှာ သံချပ်ကားရှိလား ? ကျဉ်ဖြုန်းနိုင်ပြီး ပစ်အားကောင်းတဲ့လက်နက်ငယ်(94 အရပ်ခေါ် အူဇီ)မျိုး ဘယ်လောက်ရှိလဲ။ 40 MM ဗုံးပစ် ဘယ်လောက်သုံးမလဲ ? ထောက်ပံ့ရေး ဘယ်လောက်လိုက်နိုင်မလဲ ? လိုသလောက်ယူပါ ဆိုရင်တောင် လူဦးရေ ၁ သောင်းပတ်ဝန်းကျင်ရှိတဲ့မြို့ သေးသေးတောင် တိုက်လို့ မလွယ်ဘူး။ ခင်ဗျားတိုက်မယ့် မြို့ရဲ့ မြေပုံကို ရအောင်အရင် အလွတ်ကျက်ဗျာ။ ရရင်ပြော။ ကျုပ် တိုက်စစ်စီမံချက် ဆွဲပေးမယ်။
အကျိုးအမြတ်မရှိတဲ့ စစ်ပွဲသေးသေးလေးတွေ တိုက်နေမယ့်အစား နေပြည်တော်မှာ ဗုံးဝင်ခွဲပါလားကွာ။ အဘကို ဂါရ၀ပြုချင်လို့ပါဆိုပြီး Blue Label ထဲ ဗုံးထည့်ခွဲကွာ.. လွယ်မှလွယ်.. စစ်ပွဲအတွက် ကုန်ကျမယ့် လက်နက်၊ ခဲယမ်း၊ ရိက္ခာ စရိတ်တွေကို ထိရောက်မယ့် နေရာမှာ သုံးပါလား.. အဲဒိလို ပေါက်ကရတွေလုပ်နေသရွေ့တော့ ……..ကိုလေးဖြူ ခင်ဗျားတို့တော်လှန်ရေး နှစ်ပေါင်းဘယ်လောက်ကြာပြီလဲ ပြောပြလိုက်။
ကောင်းတယ်ဗျာဆက်တာတိုက်
ကျနော်တို့ တိုင်းရင်းသားတွေ လွတ်လပ်မှုနဲ့ တရားမျတမှု တန်းတူအခွင့်ရေးရဖို့  ဒို့ တိုင်းရင်းသားတွေအားလုံး
တိုက်ပွဲဝင်ကြစို့ ။
ရှမ်းလေးရော စစ်ဖြစ်ရင် တကယ်ဝင်တိုက်မှာလား? ဒါဆိုရင် တို့ကရင်နီတပ်မတော်က ဖိတ်ခေါ်ပါတယ်။