ကရင်ပြည်နယ် ကနဲလေး နှင့် ဝေါ်လေဒေသ တွင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

အောင်မြင်၊           ၊ကရင်ပြည်နယ် မြ၀တီမြို့အနီးရှိ ကနဲလေးနှင့် ဝေါ်လေဒေသအတွင်းတွင်
တိုက်ပွဲများဆက်လက် ဖြစ်ပွားနေကြောင်းFNG မှသတင်းရရှိသည်။ နယ်ခြားစောင့်အသွင်
ပြောင်းရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံသော  ဗိုလ်မှုးချုပ်စောလားပွယ်ဦးဆောင်
သော DKBA တပ်များနှင့် နအဖများတိုက်ပွဲဖြစ်ပွားမှု များနေ့စဉ်ဖြစ်ပွားနေသည်။ ကရင်ပြည်နယ်အတွင်းနေရာ ဒေသ အချို့ တွင် နအဖတပ်အားခြုံခိုတိုက်ခိုက်ခြင်း၊ယှဉ်ပြိုင်
တိုက်ခိုက်ခြင်းများကြောင့် နအဖတပ်မှ အရာရှိ၊အကြပ်၊စစ်သည်များ အထိနာလျက်ရှိကြောင်း
သတင်းများရရှိသည်။

နအဖရဲဘော်များမှာ စစ်ရေးစွမ်းရည် မပြည့်ဝမှုအပြင် ရိက္ခာပြတ်လတ်မှု အခက်အခဲများကြောင့်
DKBA တပ်များထံ လက်နက်ချခြင်း၊အဖမ်းခံခြင်းတို့ဖြစ်ပွားနေသည်။ ဒီဇင်ဘာ ၅ရက်နေ့မှစတင်ပြီး နအဖတပ်အင်အားများစွာ ကနဲလေးနှင့် ဝေါ်လေဒေသသို့ ထိုးစစ်ဆင်နိုင်ရန် အင်အားဖြည့်တင်းခဲ့သည်။ ထိုစစ်ကြောင်းနှင့်အတူ ဘားအံ့ထောင်၊တောင်ကလေးထောင်၊ မော်လမြိုင်ထောင် တို့မှ ရာဇ၀တ်အကျဉ်းသား ရာနှင့်ချီပြီးခေါ်ဆောင်လာကြောင်း ဒေသခံများကပြောပြပါသည်။ ထိုအကျဉ်းသားများကို ကျည်၊ရိက္ခာနှင့် လူသားမိုင်းရှင်းကရိယာအဖြစ် ခေါ်ဆောင်လာကြောင်းသိရှိရသည်။

ယနေ့မနက်ပိုင်းတွင် DKBA နှင့် နအဖတပ်များရင်ဆိုင်တပ်ပွဲဖြစ်ပွားရာ နအဖစစ်သည် ၂ဦးကျဆုံးကြောင်းသတင်းရရှိသည်။ နအဖ ဘက်မှ ဗိုလ်မှုးချုပ်စောလားပွယ် အား ငြိမ်းချမ်းရေး
အတွက် ဒီဇင်ဘာ၇ ရက်နေ့တွင်ဆွေးနွေးဖို့ကမ်းလှမ်းချက်များ သတင်းများထွက်ပေါ်လာသောကြောင့် ဗိုလ်မှုးချုပ်စောလားပွယ်အားဆက်သွယ်မေးမြန်းကြည့်ရာ အောက်ပါအတိုင်း သူရဲ့သဘောထား
ကိုပြောပြခဲ့သည်။

နအဖ ဘက်မှ ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုတဲ့ သတင်းကို ကြားနေပေမယ့် “ နအဖတပ်ဖက်ကနေ ယ္ခုအချိန်ထိတရားဝင်ဆက်သွယ်ပြောကြားချက်များမရှိသေးကြောင်း၊ သူ့အနေနဲ့ကတော့ တဦးတည်း
ဒါမှမဟုတ် တဖွဲ့တည်းအတွက် ဆွေးနွေးဖို့အစီအစဉ်မရှိကြောင်း၊ ကရင်တမျိုးသားလုံးအရေးနဲ့ တတိုင်းပြည်လုံးဒိမိုကရေစီအရေးတွက်ဘဲ ဆွေးနွေးဖို့အစီအစဉ်ရှိကြောင်း” ပြောကြားခဲ့ပါသည်။

သူက ဆက်လက်ပြီး နအဖစစ်တပ်မှ ရဲဘော်များအထိနာကျဆုံးမှုများပြားနေခြင်း၊ ရိက္ခာပြတ်လပ်မှုကြောင့် ရဲဘော်များတပ်မှထွက်ပြေးမှုများများလာခြင်းတို့ကြောင့် သတင်းလွှင့်တာဖြစ်နိုင်ကြောင်း ဗိုလ်မှုးချုပ်
စောလားပွယ်က သူ့ရဲအမြင်ကိုပြောဆိုခဲ့သည်။

12 thoughts on “ကရင်ပြည်နယ် ကနဲလေး နှင့် ဝေါ်လေဒေသ တွင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

  1. joker ဆိုတာ ချေးစားခွေးလား.. မြန်မာပြည်မှာရှိသမျှ အဖွဲ့ စီးအားလုံး အစိုးရကို ၀ိုင်းတိုက်ကွာ အချိန်တန်ပြီ ဒီအချိန်မှမချ၇င်လည်း ဘယ်တော့မှ အခွင့်ေ၇းမ၇ှိဘူး ..မချရင်လည်း လက်နက်ကိုင်မနေ နဲ့တော့..တကယ်ချမယ်ဆိုရင်အားလုံးကအဆင်သင့်ပဲ..ပေးဆပ်ရဲရမှာပေါ့။လက်နက်ကိုင်ပြီး ဘာမှ အကောင်ထည်မပြနိုင်ရင် အလ ကားပဲ ပြည်သူတွေပိုပြီးအခက်တွေ့အောင်လုပ်တာနဲ့အတူတူပဲ..နယ်မှာဆိုရင် စစ်သားတွေ.ခွေးသားတွေက လက်နက်ကိုင်အဖွဲ့ ကိုမဲပြီး ရပ်ထဲ ရွာထဲကအပစ်မရှိသူကို.အပစ်ရှာပြီး နိတ်ကွတ်နေတာ..ခွေးတွေ…………..

  2. Joker = Simple ပါဗျာ
    အဲဒီကောင်တွေက နွားအဖွဲ.ရဲ. -ီးစုတ်နေတဲ. ကောင်တွေပါ

  3. ဒါမှ ငါတို့ ကရင်ကွ
    ဘာပဲလုပ်လုပ် ခုဖြစ်နေတာတွေကို ပြောင်းလဲနိုင်ရင်ကျေနပ်ပီ

  4. မင်းလိုငတုံး ငအ နဲ့တော့ဘယ်တူမလဲ joker

  5. တိုင်းရင်းသားလူနညိးစုသူပုန်တွေ လူမျိုးရေးစိတ်ဓါတ်နဲ့ ကိုယ့်လိုချင်တဲ့ အခွင့်ရေးကိုလိုချင်လို့ကတော့ ဘယ်တော့မှရမယ်မထင်နဲ့… ခုလက်ရှိတိုးတက်နေတဲ့ကမ္ဘာကြီးမှာ ခောတ်ကုန်သွားပြီင်္း… အင်မတန်ကျဉ်းမြောင်းပြီး လူနေမှူအဆင့်တန်းနိပ့်ကျတဲ့ လူအဖွဲစည်းမှာပဲရှိတော့တယ်..စောလဘွယ်က တသက်လုံးခိုးဆိုးလုယက် တိုက်ခိုက်လာပြီးတော့ မှာ ဒီမိုကရေဆီလေ ဘာလေဆိုတော့ ဟားဟား ရီတော့ရီရသား.. မြန်မာနိုင်ငံရဲ့ဒီမိုကရေဆီလိုလားသူတွေကတော့.. အသိညဏ်နည်း ဦးနှောက်မရှိတော့ ကိုယ်ပိုင်စဦင်္းစာညဏိကနည်း သူများပြောတာတွေကို ဘာသာပြန်တဲ့အဆင့်လောက်ပဲဖြစ်နေတယ်… ခုလည်း နယ်စပ်ကတောထဲမှာ နေပြီး ဟိုနေရာလေးမိုင်းထောင်လိုက်.. ဒီနေရာလေး တစ်ယောက်နှစ်ယောက်သွားပြီး ပစ်လိုက်ပြေးလိုက်နဲ့ နိုင်ငံအတွက် ဒီမိုကရေဆီဘာညာအော်နေတော့… ခတ်သားပဲ.. အဲဒါကိုပဲ ယူံပြီး ချီးကျူးပြီးခေါင်းဆောင်တင်ခြင်နေတဲ့သူကလည်းရှိသေး.. အောင်မြင်ဥင်္ီးမယ်…

    1. ဂျိုကားဆိုတဲ့နွားရေ….နွားသာသာ ဦးနှောက်ရှိတဲ့ကောင်က နွားလိုပဲတွေးတတ်တာ မဆန်းပါဘူးလေ။ မင်းလိုကောက်ရိုးနဲ့မြက်ခြောက်နဲ့ တင်းတိမ်တဲ့ကောင်တွေကတော့ ဒီလို၊ဒီလောက်ပဲသွားမှာပဲလေ။ ဒါ မဆန်းပါဘူးလေ။ ၀ါးလုံးခေါင်းထဲ လသာနေတဲ့ မင်းတို့လို စစ်အစိုးရ နောက်လိုက် ခွေးတွေကတော့ အောင်မြင်မှု အစစ်အမှန် ဘာလဲ ဆိုတာ သိမှာ မဟုတ်ပါဘူး…တကယ် သနားမိတယ်ကွာ…..

    2. မင်းလိုငတုံး ငအ နဲ့တော့ဘယ်တူမလဲ

  6. သိတ်ပြီးတော့လဲအပြောမကြီးပါနဲ့
    က၇င်တိုင်းမှာ ဗိုလ်စောလားပွယ်လို စိတ်မျိုးမရှိသလို
    ဗမာတိုင်းမှာလဲ သန်းဆွေလို စိတ်မျိုးမရှိကျပါဘူး

  7. ဟေ့က၇င်
    နင်ပြောသလိုဆို ဗိုလ်ချစ်သူက ဘာလူမျိုးလဲ

  8. ကရင်လူမျိုးကိုလာမစမ်းနဲ့…မလုပ်ချင်လို့သီးခံနေတာ…ကရင်လက်နက်ကိုင်တွေကို..
    မက်လုံးပေးပြီး…အချိုလာသတ်လို့မရဘူး…ခံယူချက်နဲ့အသက်ရှင်နေကြတာ
    ယုံကြည်ချက်နဲ့ခံယူချက်တစ်ခုအတွက်အသက်ပေးပြီးသား…နအဖတပ်ကစစ်သား
    တွေလို..စားဝတ်နေရေးအတွက်…စီးပွားရေးအတွက်ဆိုပြီးလက်နက်ကိုင်နေ
    တာမဟုတ်ဘူး…နယူးကလီးယားပိုင်ဆိုင်လာပြီးကရင်တပ်တစ်ခုလုံးကိုဖြိုခွဲ
    ဖြတ်ဆီးလိုက်နိုင်ရင်တောင်မှ…ကရင်အမျိုးသားထုရဲ့ စိတ်ဓါတ်ကိုဘယ်လို
    မှဖြတ်ဆီးလို့မရဘူး…ရည်မှန်းချက်ပန်းတိုင်ကိုမရောက်မချင်း..ကရင့်တော်လှန်
    ရေးကဆက်ရှိနေအုံးမှာပဲ…အဲ့ဒါကိုနအဖတပ်ဖွဲ့ကြီးတစ်ခုလုံးမြဲမြဲမှတ်ထား။

  9. လေးစားလျှက်ပါ.. အဘ ဗိုလ်မှုးချုပ်စောလားပွယ်

Comments are closed.