
အောင်မြင်၊ ၊ဒုတိယ ကမ္ဘာ စစ် အတွင်း မြန်မာ နိုင်ငံအား ဂျပန် နယ်ချဲ့ ဖက်ဆစ် တို့ 
သိမ်းပိုက် ထား စဉ် အခါက မဟာမိတ်တပ်များအတွက်အဓိကထောက်ပံ့ရေးကြောင်းတခု
အဖြစ် တရုပ်ပြည် နှင့် အိန္ဒိယနိုင်ငံကို ဆက်သွယ်ထားသည့် သမိုင်းဝင် လမ်းမတခုဖြစ်သည့်
“စတီးဝဲလ်လမ်းမ” ကို တရုတ် နိုင်ငံက ပြန်လည် ပြင်ဆင် မည် ဟု နိုင်ငံတကာ သမိုင်းဝင်
လမ်းမ များ လေ့လာရေး အဖွဲ့ မှ ယနေ့ သတင်းထုတ်ပြန်သည်။
သမိုင်းဝင်လမ်း မကြီး တစ်ခုဖြစ်သည့် စတီးလ်ဝဲလ် လမ်းမ သည် အမေရိကန် ကြယ်လေးပွင့်
အဆင့် ဗိုလ်ချုပ် တစ်ဦးဖြစ်သူ ဗင်နီကာ ဂျိုးစတီးဝဲလ်၏ အမည်ကိုတရုပ်အမျိုးသားခေါင်း
ဆောင်ချန်ကေရှိတ် မှ ဂုဏ်ပြုပေးအပ်ခဲ့ခြင်းဖြစ်သည်။
တရုပ်နိုင်ငံယူနန်ပြည်နယ်ဆောက်လုပ်အင်ဂျင်နီယာကုမ္မဏီနှင့် စစ်အစိုးရကျောထောက်
နောက်ခံပြုထားသော ယုဇနကုမ္မဏီအုပ်စုတို့သည် သမိုင်းဝင်လမ်းကြီးကို ပြန်လည်ပြင်ဆင
ဖောက်လုပ်ရန် သဘောတူညီမှုရရှိထားပြီဖြစ်သည်။
“စတီးဝဲလ် လမ်းမ” ကြီး အား တရုတ်က ပြန်လည် ပြင်ဆင် ခြင်းသည် အိန္ဒိယ နိုင် ၏
နောက်ကျောဘက် ကို မဟာဗျူဟာ အရ ခြိမ်းခြောက် ရာရောက် သည် ဟု ဥရုဂွေး အခြေ
စိုက် မြန်မာ နိုင်ငံ စစ်ရေး သုတေသီ ဦး ထက်အောင်မော်ဝင်း က Freedom News Group
သို့ ပြောသည်။
အဆိုပါ လမ်းမကြီးသည် ဒုတိယကမ္ဘာ စစ်အတွင်းက အရေး ပါသည့် ထောက်ပို့ (Logistics) လမ်းမ
တစ်ခု ဖြစ်ပြီး တရုတ် က ဂျပန်ကိုတိုက်ရာတွင် စစ်လက်နက်ပစ္စည်းများကို အိန္ဒိယနိုင်ငံမှ တရုပ်နိုင်ငံကူမင်း အထိပို့ဆောင်နိုင်ရန်ဖောက်လုပ်ခဲ့ခြင်းဖြစ်သည်။
ဂျပန်တို့သိမ်းပိုက်ထားသောမြန်မာနိုင်ငံကိုကျော်ဖြတ်ပြီး တရုပ်မဟာမိတ်များထံ
စစ်လက်နက်၊ရိက္ခာများကို အိန္ဒိယနိုင်ငံဟင်မလေးယားမှာ လေကြောင်းဖြင့်ပို့ဆောင်နေရခြင်းကို
ရှောင်ရှားနိုင်ရန် မဟာမိတ်တပ်ဖွဲ့ နှင့် အမေရိကန်အင်ဂျီနီယာတို့မှ အိန္ဒိယနိုင်ငံအာသံမှာမြန်မာနိုင်ငံ
မိုးကောင်းအထိ ၄၇၈ မိုင်ရှည်လျားသောလီဒိုလမ်းမကြီးကို ၁၉၄၂ခုတွင်ဖောက်လုပ်ခဲ့သည်။
တရုပ်တပ်များအကူအညီဖြင့် မြင်မားလှသော Panfsau Pass ကိုဖြတ်သန်းပြီးလမ်းမကြီးကို မူဆယ်အထိ ၁၉၄၅ဇန္ဒာဝါရီလမှာ ဖောက်လုပ်နိုင်ခဲ့သည်။
အင်္ဂလန် ၀န်ကြီးချုပ် ဝစ်စတန်ချာချီ၏ ဥရောပစစ်ရေးဆုံးဖြတ်ချက်ဖြစ်သော ဥရောပ စစ်မျက်နှာတွင်
ဂျာမာန်တပ် များတိုက်ထုတ်ရေးစီမံချက်ကို ဗိုလ်ချုပ်စတီးဝဲလ်က ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး စစ်ရှုံးနေသော ဂျပန်တော်ဝင်တပ်များကိုအရင်ဆုံးရှင်းလင်းသင့်ကြောင်းတင်ပြခဲ့သောကြောင့် ပြောင်းရွှေ့ခြင်းခံခဲ့ရသည်။
ယူနန်ပြည်နယ်ကွန်မြူနစ်ပါတီခေါင်ဆောင်များနှင့် မြန်မာဝန်ကြီးများသည် မြစ်ကြီးနားမှ အာသံပြည်နယ်၊Pangsau Pass ထိ လမ်းပိုင်း Nov22.A194 မိုင်ကိုစတင်ဖောက်လုပ်ရန် သဘောတူညီမှုလက်မှတ်ရေးထိုးပြီးဖြစ်သည်။
တရုတ် နိုင်ငံမှ ဆောက်လုပ်ရေး အဖွဲ့ အချို့ သည် နေပြည်တော် လေဆိပ် ၊ ဟူးကောင်းတောင်
ကြားဒေသ ၊ လီဒို လမ်း မ နှင့် ထိုင်း-မြန်မာ နှစ် နိုင်ငံ သေမင်းတမန် လမ်းမ ရှိ အချို့ နေရာ များ ကို
လည်း ပြန်လည် ပြင်ဆင်ခွင့်ရထားသည်။
အရှေ့ တောင် အာရှ နိုင်ငံများ တွင်မဟာဗျူဟာ ကျသည့် မီးရထား လမ်း ကွန်ယက်ခွင် ဖောက်ရန် လည်း
တရုတ်က စီစဉ်နေသည်။
